Start Using MPT, and enjoy a lot of Benefits including sim activation Gift, free social networking , Text only version of facebook and browsing for free.

Start Using MPT
for a lot of Benefits
ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း
MPT သုံးစွဲသူများအားလုံးသည် MPT 4U အက်ပလီကေးရှင်း သို့မဟုတ် care.mpt.com.mm ဝက်ဘ်ဆိုက် တို့မှတစ်ဆင့် (၁) ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်များကို ပြန်လည်ပြင်ဆင်ခြင်း အတွက် မည်သည့် ထပ်ဆောင်းကုန်ကျမှုမျှ မရှိဘဲ အောက်ပါ နည်းလမ်းများမှတစ်ဆင့် လွယ်ကူစွာ စာရင်းသွင်း၍ မှတ်ပုံတင်နိုင်ပါသည်။
(၁) သင်၏ဆင်းမ်ကတ်တွင် မှတ်ပုံတင်ထားသောအချက်အလက်များကိုစစ်ဆေးရန် * 601 # ကိုသာခေါ်ဆိုပါ။
(၂) MPT 4U အက်ပလီကေးရှင်း (Android ဖုန်းအသုံးပြုသူများအနေဖြင့် *4040# သို့ ခေါ်ဆိုခြင်းဖြင့် MPT4U အက်ပလီကေးရှင်းကို အခမဲ့ ဒေါင်းလုတ် ပြုလုပ်၍ ရယူနိုင်ပါသည်။ Apple Store https://apple.co/3bdjV7w သို့မဟုတ် Google Play store https://bit.ly/2WB6BWq တို့တွင် ဒေါင်းလုတ်ပြုလုပ်နိုင်မည် ဖြစ်ပြီး ဒေတာသုံးစွဲခ ကျသင့်မည်ဖြစ်သည်။)
(၃) MPT ၏ Customer Self-care ဝက်ဘ်ဆိုက်ဖြစ်သည့် care.mpt.com.mm ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားမှုအရ သုံးစွဲသူများအနေဖြင့် မိမိနိုင်ငံသားစိစစ်ရေးကတ် တစ်ခုလျှင် ဆင်းမ်ကတ် (၂) ကတ်ကိုသာ မှတ်ပုံတင်ခွင့်ပြုထားပါသည်။ MPT သုံးစွဲသူများအား အချက်အလက်မှန်ကန်စွာဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၃၀ ရက် မတိုင်မီ စနစ်တကျ စာရင်းသွင်းမှတ်ပုံတင်ရန် တိုက်တွန်းအပ်ပါသည်။

2G/3G ဆင်းမ်ကတ်အဟောင်းများကို မြန်နှုန်းမြင့် 4G LTE+ဆင်းမ်ကတ်များဖြင့်လဲလှယ်ခြင်း
*106*5# ကိုဖုန်းခေါ်ဆိုပြီး သင်၏ ဆင်းမ်ကတ် 4G/LTE+ ဆင်းမ်ကတ်(USIM) ဖြစ်မဖြစ်ကိုစစ်ကြည့်ပါ။ SMSဖြင့်သင်၏ဆင်းမ်ကတ်အမျိုးအစားကိုအကြောင်းကြားပေးပါသည်။ 2G/3G ဆင်းမ်ကတ်ဖြစ်ပါက 3Gကွန်ရက်ထက်ပိုမိုမြန်ဆန်သောအရည်အသွေးမြင့် LTE+ကွန်ရက်ကိုအသုံးပြုရန် 4Gဆင်းမ်ကတ်အားလွယ်ကူစွာပြောင်းလဲလိုက်ပါ။
(၁) 4Gဆင်းမ်ကတ်ကိုအခမဲ့ပြောင်းလဲနိုင်ပါသည်။
(၂) မိမိ၏မူလဖုန်းနံပါတ်အတိုင်းပြန်လည်ရရှိပါသည်။
(၃) နီးစပ်ရာ MPT ပစ္စည်းအရောင်းဆိုင်များတွင်သွားရောက်လဲလှယ်နိုင်ပါသည်။ 4G ဆင်းမ်ကတ်လဲလှယ်နိုင်သော
MPTဆိုင်များကိုဤလင့်ခ်တွင် (https://tinyurl.com/y2x9k7jw) ကြည့်ရှု့နိုင်ပါသည်။
(၄) 4G ဆင်းမ်ကတ်လဲလှယ်ခြင်းအတွက်နေ့ချင်းပြီးဆောင်ရွက်ပေးပါသည်။
(၅) MPT အရောင်းဆိုင်များသို့ 4G ဆင်းမ်ကတ်လဲလှယ်ရန် သွားရောက်မည်ဆိုပါက
၁။ သင်၏လဲလှယ်လိုသော 2G/3G ဆင်းမ်ကတ်
၂။ မှတ်ပုံတင် မူရင်း မိတ္တူ ယူသွားရန်လိုအပ်ပါသည်။


အထူးအမြန်နှုန်းရဲ့ခံစားချက်
MPT ၏ ပိုမိုမြန်ဆန်သော အရည်အသွေးမြင့် LTE+ ကွန်ရက်ကိုအသုံးပြုပြီး ထူးခြားမှုကိုခံစားကြည့်လိုက်ပါ။ 3G ကွန်ရက်ထက်ပိုမြန်ပေမယ့် ဝန်ဆောင်ခပိုပေးစရာမလိုပါ။ Website တွေဝင်ကြည့်တဲ့အခါ ယခင်ကထက်ပိုမြန်ပြီး High Definition ဗီဒီယိုတွေကြည့်တာ၊ video ဖုန်းခေါ်တာ၊ အွန်လိုင်းဂိမ်းကစားတာ၊ download ဆွဲတာ နဲ့ ဓာတ်ပုံတင်တာတွေကို လိုင်းအပြတ်အတောက်မရှိ၊ ရပ်တန့်သွားတာမျိုး မကြုံရဘဲ အဆင်ပြေပြေဆောင်ရွက်နိုင်ပါလိမ့်မည်။

Online Gaming

HD video streaming

Video calling

Downloading
Postpaid မှ Prepaid သို့ ပြောင်းလဲခြင်
Postpaid မှ Prepaid သို့ ပြောင်းလဲခြင်းဆိုတာဘာလဲ။
Postpaid မှ Prepaid သို့ ပြောင်းလဲခြင်းဆိုသည်မှာ ယခုလက်ရှိတွင် Postpaid ဝန်ဆောင်မှုစနစ် (အသုံးပြုပြီးနောက်လတွင် ထွက်ရှိလာသည့် invoice အားငွေပေးချေရသည့်စနစ်) မှ Prepaid ဝန်ဆောင်မှုစနစ် (ဖုန်းဘေလ်ကြိုတင်ဖြည့်ပြီး အသုံးပြုရသည့်စနစ်) သို့ ပြောင်းလဲခြင်း ကို ဆိုလိုပါသည်။
Postpaid to Prepaid ပြောင်းလဲခြင်းကို ဘယ်လိုလုပ်လို့ရမလဲ။
နိုဝင်ဘာလ (၁)ရက်နေ့ မှစတင်ပြီး
(က) ရန်ကုန်မြို့ရှိ Mobile သုံးစွဲသူများသည် ရန်ကုန်မြို့ရှိ (လမ်း ၄၀ ရုံး)နှင့် ဆူးလေ၊ အလုံ နှင့် အင်းစိန် တယ်လီဖုန်းအခွန်ဌာန (TRA) များတွင် လျှောက်လွှာပုံစံ ဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါသည်။
(ခ) အခြားနယ်များမှ Mobile သုံးစွဲသူများသည် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ စီးပွားရေးဌာနများ တွင် လျှောက်ထားနိုင်ပါသည်။
(ဂ) ရန်ကုန်မြို့ရှိ PSTN သုံးစွဲသူများသည် ရန်ကုန်မြို့ရှိ (လမ်း ၄၀ ရုံး) တွင် လျှောက်ထားနိုင်ပါသည်။
ရန်ကုန်မြို့ရှိ Postpaid to Prepaid ပြောင်းလဲခြင်းကို လက်ခံဆောင်ရွက်ပေးနေသော ရုံးလိပ်စာများ သိချင်ပါတယ်။
လမ်း(၄၀) ရုံး – အမှတ်(၁၀၃)၊ လမ်း(၄၀)၊ စီးပွားရေးဌာန၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်းနံပါတ်- ၀၁-၂၅၂၃၂၂၊ ၀၁-၂၅၄၂၅၄ သို့ ဆက်သွယ်နိုင်ပါသည်။
ဆူးလေရုံး – အမှတ် (၄၆၅/၄၆၉)၊ မဟာဗန္ဓုလလမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
အလုံရုံး -အမှတ်(၁၈၉)၊ အောက်ကြည့်မြင်တိုင်လမ်းနှင့်သစ်တောလမ်းထောင့်၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။
အင်းစိန်ရုံး – အမှတ်(၂)၊ လှိုင်မြင့်လမ်း၊ အရှေ့ရွာမ၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
Postpaid to Prepaid ပြောင်းလဲခြင်းကို ဘယ်အချိန်တွေမှာ လုပ်လို့ရမလဲ။
တနင်္လာနေ့မှ သောကြာနေ့အထိ (အစိုးရရုံးပိတ်ရက်များမှအပ) မနက် (၉:၃၀) နာရီ မှ နေ့လည် (၂:၀၀) နာရီအတွင်း သွားရောက်လျှောက်ထားနိုင်ပါတယ်။
Postpaid to Prepaid ပြောင်းလဲခြင်းအား လျှောက်ထားရန် ဘာစာရွက်စာတမ်းတွေ လိုအပ်မလဲ။
၁- နိုင်ငံသားစီစစ်ရေးကဒ်ပြားမိတ္တူ။
၂- မူရင်းပိုင်ဆိုင်မှုအထောက်အထားစာချုပ်/စာအုပ်။
၃- ကိုယ်စားလှယ်လွှဲစာ၊ မူရင်းပိုင်ရှင်၏ နိုင်ငံသားစီစစ်ရေးကဒ်ပြားမူရင်း (မူရင်းပိုင်ရှင်ကိုယ်စား လျှောက်ထားလာမှုအတွက်)။
Postpaid to Prepaid ပြောင်းလဲခြင်းအား လျှောက်ထားရန် ဘယ်လောက်ပေးဆောင်ရမလဲ။
Postpaid to Prepaid ပြောင်းလဲခြင်းအတွက် ဝန်ဆောင်ခ ပေးဆောင်ရန် မလိုအပ်ပါ။
သုံးစွဲသူမှ Postpaid မှ Prepaid ပြောင်းလဲခြင်း မပြုလုပ်မှီ အောက်ဖော်ပြပါအတိုင်း ငွေပေးဆောင်ရမည်။
၁)Postpaid စနစ်အသုံးပြုစဉ်ကာလအတွင်း ထွက်ရှိထားသော လစဉ်ကြေးများ အားလုံး နှင့်
၂) နောက်လတွင် ထွက်ရှိလာမည့် လစဉ်ကြေးငွေတောင်းခံလွှာများအတွက် ကြိုတင်ငွေ
လစဉ် (၁)ရက်နေ့မှ (၆)ရက်နေ့အတွင်း လျှောက်ထားပါက နောက်ဆုံးထွက်ရှိထားသော လစဉ်ငွေတောင်းခံလွှာ၏ သုံးလစာနှင့်ညီမျှသော ကြိုတင်ငွေ
လစဉ် (၇)ရက်နေ့မှ လတစ်လ၏ နောက်ဆုံးရက်နေ့အတွင်း လျှောက်ထားပါက နောက်ဆုံးထွက်ရှိထားသော လစဉ်ကြေး၏ နှစ်လစာနှင့်ညီမျှသော ကြိုတင်ငွေ
Postpaid to Prepaid ကို ပြောင်းလဲရန် အချိန်ဘယ်လောက်ကြာမလဲ။
သုံးစွဲသူမှ လိုအပ်သော စာရွက်စာတမ်းများထောက်ပံ့ခြင်း၊ လျှောက်လွှာအား ပြည့်စုံစွာ ဖြည့်စွက်ပေးခြင်း၊ထွက်ရှိပြီးသော လစဉ်ငွေတောင်းခံလွှာအားလုံး နှင့် သတ်မှတ်ထားသော ကြိုတင်ငွေများ ပေးချေပြီးပါက ရုံးဖွင့်ရက် တစ်ရက်အတွင်း Postpaid to Prepaid ကို ပြောင်းလဲပေးပါမည်။
Postpaid account တွင် ပိုနေသည့်ငွေနှင့် လိုသည့်ငွေများအား ရှိပါက မည်သို့ပြုလုပ်မည်နည်း။
Postpaid မှ Prepaid သို့ ပြောင်းလဲရန် လျှောက်ထားသည့်အချိန်တွင် ပေးသွင်းခဲ့သော ကြိုတင်ငွေထဲမှ နောက်လတွင်ထွက်ရှိလာမည့် ငွေတောင်းခံလွှာကို ခုနှိမ်ပြီးနောက် Postpaid စနစ် အသုံးပြုစဉ်ကာလ တွင် ကြွေးကျန် ကျန်ရှိနေသေးပါက MPT မှ စာတိုပေးပို့ပြီး အဆိုပါ ကြွေးကျန်အား Prepaid account ထဲသို့ ပြောင်းရွှေ့သွားမည် ဖြစ်ပြီး Prepaid လက်ကျန်ငွေထဲမှ ဖြတ်တောက်သွားမည်။ Postpaid account တွင် ကြိုတင်ငွေ ကျန်ရှိနေပါက MPT မှ စာတိုပေးပို့ပြီး အဆိုပါ ကြိုတင်ငွေ လက်ကျန်အား Prepaid account ထဲသို့ ပြောင်းရွှေ့ပေး သွားမည် ဖြစ်သည်။

MPT ဆင်းမ်ကတ် သုံးစွဲသူများ SIM Lifecycle (ဆင်းမ်ကတ်သက်တမ်း) အကြောင်း သိရှိစေရန် သတင်းထုတ်ပြန်
(ရန်ကုန်၊ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်) – MPT သည် သုံးစွဲသူများ ဆင်းမ်ကတ်တစ်ခု၏ လည်ပတ်မှုဖြစ်စဥ်နှင့် သက်တမ်းတို့ကို သိရှိနားလည်စေရန် SIM Lifecycle (ဆင်းမ်ကတ်သတ်တမ်း) အကြောင်းကို သတင်းထုတ်ပြန်ကြေညာလိုက်သည်။
ဆင်းမ်ကတ်များကို မှတ်ပုံတင်ဝယ်ယူပြီးနောက် MPT သုံးစွဲသူများသည် ပထမဆုံးအကြိမ် ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း၊ USSD အသုံးပြုခြင်း (သို့မဟုတ်) ဖုန်းငွေဖြည့်ခြင်းစသည့် လုပ်ဆောင်ချက်တစ်ခုခုကို ရက်ပေါင်း (၁၈၀) အတွင်း ပြုလုပ်ပြီး ဆင်းမ်ကတ်ကို Activate ပြုလုပ်ပေးရမည် ဖြစ်သည်။ ရက်ပေါင်း ၁၈၀ အတွင်း ဤသို့ လုပ်ဆောင်ခြင်း မရှိခဲ့ပါက ဆင်းမ်ကတ်သည် အထွက်ဖုန်းခေါ်ဆိုခြင်းနှင့် အ၀င်ဖုန်းခေါ်မှုလက်ခံခြင်းတို့ ပြုလုပ်၍ လုံးဝမရနိုင်သည့် အနေအထား (Cooling Stage) သို့ရောက်ရှိပါမည်။
Activate ပြုလုပ်ဆောင်ရွက်ပြီးပါက ဆင်းမ်ကတ်သည် ၃၆၅ ရက်သက်တမ်းရှိသည့် သက်ဝင်မှုအနေအထားသို့ ရောက်ရှိသွားမည်ဖြစ်သည်။ သို့ရာတွင် သုံးစွဲသူများအနေဖြင့် ဆင်းမ်ကတ်ကို သက်ဝင်မှု ရှိနေစေရေးအတွက် ရက်ပေါင်း ၆၀ အတွင်း ဖုန်းငွေဖြည့်သွင်းမှု Top-up ပြုလုပ်ရန် လိုအပ်ပြီး မပြုလုပ်ခဲ့ပါက အဆိုပါ ဆင်းမ်ကတ်သည် အ၀င်ဖုန်းခေါ်ဆိုမှု လက်ခံခြင်းသာ ပြုလုပ်နိုင်သည့် အနေအထားသို့ ရောက်ရှိသွားမည်ဖြစ်ပြီး အထွက်ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း၊ မိုဘိုင်းလ်ဒေတာ သုံးစွဲမှုနှင့် အခြားသော အခပေး ဝန်ဆောင်မှုများကို ဆောင်ရွက်နိုင်တော့မည် မဟုတ်ပေ။
အ၀င်ဖုန်းခေါ်ဆိုမှု လက်ခံခြင်းသာ ပြုလုပ်နိုင်သည့် အနေအထားသို့ ရောက်ရှိနေသည့် ဆင်းမ်ကတ်တစ်ခုအား ရက်ပေါင်း (၃၀) ကာလအတွင်း ဖုန်းငွေဖြည့်သွင်းပြီး ပြန်လည် သက်ဝင်စေနိုင်မည်ဖြစ်ပြီး အကယ်၍ အဆိုပါ ကာလအတွင်း ဖုန်းငွေဖြည့်သွင်းခြင်း မပြုလုပ်ခဲ့ပါက အထွက်ဖုန်းခေါ်ဆိုခြင်း၊ အ၀င်ဖုန်းခေါ်ဆိုမှု လက်ခံခြင်း၊ စာတိုပေးပို့ခြင်း၊ မိုဘိုင်းလ်ဒေတာ သုံးစွဲမှုနှင့် အခြားဝန်ဆောင်မှုများကို မပြုလုပ်နိုင်တော့သည့် အနေအထားသို့ ရောက်ရှိသွားမည် ဖြစ်သည်။
ဤအနေအထားသို့ ရောက်ရှိနေသည့် ဆင်းမ်ကတ်တစ်ခုအား ရက်ပေါင်း (၆၀) ကာလအတွင်း၌ ဖုန်းငွေဖြည့်သွင်းခြင်းဖြင့် ဆက်လက်အသုံးပြုနိုင်ရန် သုံးစွဲသူများ အနေဖြင့် e-load ကို အသုံးပြု၍ ငွေဖြည့်ခြင်း (သို့မဟုတ်) အခြားတစ်ယောက်အား ဖုန်းနံပါတ်သို့ ငွေဖြည့်သွင်းပေးဖြင့် ပြန်လည် အသက်သွင်းနိုင်မည်ဖြစ်သည်။ သတ်မှတ်ရက် (၆၀) အတွင်း ဖုန်းငွေမဖြည့်ပါက ဆင်းမ်ကတ်အသုံးပြု၍ မရနိုင်တော့သည့် (Cooling Stage) သို့ ရောက်ရှိမည် ဖြစ်ပါသည်။ Cooling Stage သို့ရောက်ရှိနေသည့် ဆင်းမ်ကတ်ကို ပြန်လည်ရယူလိုသည့် သုံးစွဲသူများအနေဖြင့် နီးစပ်ရာ MPT own Shop များတွင် ဆင်းမ်ကတ် အသုံးပြုခွင့် ပြန်လည်လျှောက်ထားခြင်းနှင့် ဖုန်းငွေဖြည့်သွင်းခြင်းတို့ ပြုလုပ်ရမည် ဖြစ်ပါသည်။
ထို့ကြောင့် MPT ဖုန်းလိုင်းကို အမြဲအသုံးပြုနေနိုင်ရန် ဖုန်းငွေဖြည့်သွင်းမှုကို ပုံမှန်ပြုလုပ်ကြဖို့ တိုက်တွန်းလိုက်ပါသည်။ ငွေဖြည့်ပြီးတိုင်း ဆင်းမ်ကတ်သက်တမ်းသည် ငွေဖြည့်ရက်မှ ၃၆၅ ရက်အထိ တိုးမည်ဖြစ်ပါသည်။
နောက်ဆုံးသတ်မှတ်ထားသော စည်းမျဥ်းများအရ လုံးဝ ပြန်လည် အသုံးမပြုနိုင်သည့် အနေအထား (Cooling Stage) သို့ ရောက်ရှိနေသည့် ဆင်းမ်ကတ်တိုင်းသည် နောက်ထပ် ရက်ပေါင်း (၆၀)ကျော်ပါက အခြားသုံးစွဲသူတစ်ဦးထံသို့ ယင်းနံပါတ်အား Recycle အဖြစ် ပြန်လည်သတ်မှတ်ပေးနိုင်မည် ဖြစ်သည်။ ဆင်းမ်ကတ်သက်တမ်းနှင့် သက်ဆိုင်သည့် အသေးစိတ်အချက်အလက် များကို MPT ၏ တရား၀င် Website ပေါ်တွင် ၀င်ရောက်ကြည့်ရှု နိုင်ပါသည်။
MPT ၏ pre-paid စနစ်ကို အသုံးပြုနေသည့် သုံးစွဲသူများ အနေဖြင့် *124# ကို ခေါ်ဆိုခြင်း (သို့မဟုတ်) 1331 သို့ “BAL” ဟူ၍ စာတို (SMS) ပေးပို့ခြင်းဖြင့် မိမိ၏ ဆင်းမ်ကတ်သက်တမ်းကို စစ်ဆေးနိုင်ပါသည်။ ဆင်းကတ်သက်တမ်းသည် MPT ၏ post-paid စနစ်သုံး ဆင်းမ်ကတ်များနှင့် မသက်ဆိုင်ပါ။