မင်္ဂလာပါ။ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်တဲ့အတွက် MPT မှ ကြိုဆိုပါတယ်။ မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ကမ္ဘာတစ်ဝှမ်းနဲ့ ဆက်သွယ်ချိတ်ဆက်နိုင်ဖို့အတွက် ပြည်တွင်းSIM ကဒ်ဝန်ဆောင်မှုကို ရှာနေတယ်ဆိုရင်တော့ ကမ္ဘာလှည့် ခရီးသွားများအတွက် အသင့်တော်ဆုံး၊ မြန်မာနိုင်ငံရဲ့ ပထမဆုံးနဲ့ အကြီးမားဆုံး ဆက်သွယ်ရေးကွန်ယက် MPT မှ ၀န်ဆောင်မှုများ ပေးပါရစေ။ MPT Tourist SIM ကို ပထမဆုံးအကြိမ် ဖုန်းငွေဖြည့်ပြီးတာနဲ့ MPT ရဲ့ မိုဘိုင်းလ်ဝန်ဆောင်မှုများဖြစ်တဲ့ ဒေတာအသုံးပြုခြင်း၊ ဖုန်းခေါ်ဆိုခြင်း၊ SMS ပေးပို့ခြင်းနှင့် နိုင်ငံတကာဖုန်းခေါ်ဆိုခြင်းဝန်ဆောင်မှုများကို All-in-one အနေနဲ့ အားလုံးအသုံးပြုနိုင်မှာပါ။ မြန်မာနိုင်ငံမှာ ရောက်နေတဲ့ကာလအတွင်း အမှတ်တရကောင်းလေးတွေကို MPT နဲ့အတူဖန်တီးလိုက်ကြစို့!
MPT Tourist SIM
Tourist SIM (ဝန်ဆောင်မှုအစီအစဉ်နှင့် First Recharge Bonus)
-
Light
ကျသင့်ငွေ : 29,999 MMK
Activation Tax : 20,000 MMK
အသံ: 30 mins
ဒေတာ : 3 GB
SMS Count : 30
Main Balance : 1,000 MMK
Bonus Balance : 0 MMK
သက်တမ်: 30 days
-
Standard
Prices : 49,999 MMK
Activation Tax : 20,000 MMK
Voice : 150 mins
Data : 10 GB
SMS Count : 150
Main Balance : 2,000 MMK
Bonus Balance : 1,000 MMK
Validity: 30 days
-
Premium
Prices : 99,999 MMK
Activation Tax : 20,000 MMK
Voice : 200 mins
Data : 35 GB
SMS Count : 200
Main Balance : 2,500 MMK
Bonus Balance : 1,000 MMK
Validity: 30 days
- လေဆိပ်၊ Toursit နေရာများနှင့် Tourist အခြေချ တည်းခိုသည့် ဟိုတယ်များတွင် ဝယ်ယူရရှိနိုင်ပါသည်။
- ဘောနပ်စ်ပမာဏကို ဖုန်းခေါ်ဆိုခြင်း (any-net), SMS ပေးပို့ခြင်း (any-net) နှင့် သုံးသလောက်ပေးနှုန်းထားဖြင့် ဒေတာအသုံးပြုခြင်းများအတွက် အသုံးပြုနိုင်ပါသည်။
- ဖုန်းခေါ်ဆိုခြင်း, SMS ပေးပို့ခြင်းနှင့်ဒေတာအသုံးပြုခြင်းများအတွက် သက်တမ်းရက်(၃၀)ရမည်ဖြစ်ပြီး Main Balance ကို ၃၆၅ရက်အထိ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
- Standard နှင့် Premium အစီအစဉ်များအတွက် ငွေဖြည့်လက်ဆောင်တွင် IDD ပက်ကေ့ချ်ပါ အပါအဝင် ဖြစ်ပါသည်။
- (IDD ပက်ကေ့ချ် > “Thai, Malaysia, China, Singapore, Bangladesh, India, South Korea, Japan, Australia, Hong Kong, US, Canada နိုင်ငံများသို့ တစ်မိနစ်လျှင် ၅၀ကျပ် ဖုန်းခေါ်ဆိုနှုန်းဖြင့် ရက်၃၀စာ ရယူရန် ၄၉၉ကျပ်ဖြင့် စာရင်းသွင်း၍ရယူနိုင်ပါသည်။)
- မြန်မာနိုင်ငံမှာ ဆက်လက်နေထိုင်လည်ပတ်ရင်း MPT ရဲ့ဝန်ဆောင်မှုကို ဆက်လက်အသုံးပြုချင်ပါသလား?MPT SIMမှာ ငွေဖြည့်ပြီး MPT ရဲ့ပရိုမိုးရှင်းအစီအစဉ်တွေကို ရယူလိုက်ပါ! MPT4U Appကိုဒေါင်းလုတ််ရယူပြီးလည်း ပက်ကေ့ချ်ဝယ်ယူခြင်းကဲ့သို့သော MPT ရဲ့ဝန်ဆောင်မှုများနှင့် အခြားအကျိုးကျေးဇူးများကို ပိုမိုအဆင်ပြေစွာ ရယူနိုင်မည်ဖြစ်ပါသည်။
- နိုင်ငံတကာ ခေါ်ဆိုမှုနှုန်းထားများကို အသေးစိတ်သိလိုပါက: https://www.mpt.com.mm/mm/home-mm/mobile-services-mm/international-direct-dialing-mm/
- မေးမြန်းရန်မေးခွန်းများရှိပါက ဖုန်းခေါ်ဆိုလိုက်ပါ။ MPT မိုဘိုင်းဖုန်းကို အသုံးပြုလျှင် : ၁၀၆
or အခြားဖုန်းနှင့်ဆက်သွယ်မည်ဆိုလျှင် : (+၉၅) ၁ ၂၃၉၉၁၀၆
စည်းကမ်းသတ်မှတ်ချက်များ
Tourist SIM ကို အသုံးပြုခြင်းအားဖြင့် အောက်ဖော်ပြပါ စည်းကမ်းသတ်မှတ်ချက်များကို သဘောတူ လက်ခံပါသည်။
- Tourist SIM အား ပထမဆုံးအကြိမ်ငွေဖြည့်ခြင်း အမျိုးအစား (၃)မျိုးရှိပါသည်။ ၎င်းတို့မှာ Light, Standard နှင့် Premium တို့ ဖြစ်ပါသည်။
- Tourist SIM အား ပထမဆုံးအကြိမ် ငွေဖြည့်ခြင်းဖြင့် တစ်ကြိမ်တည်းသော ဖုန်းငွေဖြည့် လက်ဆောင် ကို လက်ခံရရှိရန် အထက်တွင်ဖော်ပြထားသော ဖုန်းငွေဖြည့်ခြင်း အမျိုးအစား (၃)မျိုးအနက်မှ (၁)မျိုးမျိုးကို ရွေးချယ်အသုံးပြု၍ ငွေဖြည့်ခြင်းကို ပြုလုပ်ရမည်ဖြစ်ပါသည်။ ပထမဆုံး အကြိမ်ငွေဖြည့်ခြင်းအတွက် ရရှိမည် Bonus ပမာဏသည် ပထမဆုံးအကြိမ် ရွေးချယ်လိုက်သည့် ဖုန်းငွေဖြည့်သည့် အမျိုးအစားပေါ်မူတည်မည်ဖြစ်မည်။ (“လက်ဆောင်များ”)
- MPT GSM/WCDMA Prepaid စနစ် စတင်အသုံးပြုသူများအားလုံးသည် ပထမဆုံးအကြိမ်ဖုန်းငွေဖြည့်ခြင်းဖြင့် လက်ဆောင်များအား လက်ခံရရှိနိုင်မည်ဖြစ်သည်။
- DMS Channel တစ်မျိုးတည်းဖြင့်သာ ငွေဖြည့်သွင်းရမည်ဖြစ်သည်။
- အပိုဆောင်းဖုန်းဘေလ်လက်ဆောင်ကို မည်သည့် အော်ပရေတာကိုမဆို ဖုန်းခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်း၊ Pay-As-You-Go စနစ်ဖြင့် အင်တာနက်အသုံးပြုခြင်းတို့အတွက် အသုံးပြုနိုင်ပါသည်။
- MPT အချင်းချင်းဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း၊ ဒေတာ အသုံးပြုခြင်း နှင့် အပိုဆောင်းဖုန်းဘေလ်လက်ဆောင်များ အသုံပြုခြင်းတို့အား ရက်ပေါင်း (၃၀) အတွင်း၌သာလျှင် အသုံးပြုနိုင်မည် ဖြစ်သည်။
- Standard (သို့မဟုတ်) Premium အမျိုးအစားဖြင့် Tourist SIM အား ပထမဆုံးအကြိမ်ဖုန်းငွေဖြည့်ခြင်းအတွက် ရက်ပေါင်း (၃၀) အသုံးပြုနိုင်သော IDD Package ကို အခမဲ့ (တစ်ကြိမ်တည်းသာ) အသုံးပြုနိုင်မည်ဖြစ်ပါသည်။
- https://www.mpt.com.mm /en/terms-conditions-ver-2/ တွင်ဖော်ပြထားသော MPT၏ အထွေထွေ စည်းကမ်းချက်များသည်လည်း ဤစည်းကမ်းသတ်မှတ်ချက်များနှင့် အကျုံးဝင်သက်ဆိုင်မည် ဖြစ်သည်။
အမေးများသောမေးခွန်းများ
၁။ Tourist SIM ပထမဆုံးအကြိမ် ဖုန်းငွေဖြည့်ခြင်း ဆိုတာ ဘာလဲ။
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော နိုင်ငံခြားခရီးသွားဧည့်သည်များ ဆက်သွယ်ချိတ်ဆက်မှု လွယ်ကူအဆင်ပြေစေရန် အတွက် MPT ၏ Tourist SIM ပထမဆုံးအကြိမ် ဖုန်းငွေဖြည့်လက်ဆောင် အစီအစဉ် ဖြစ်ပါတယ်။ အစီအစဉ် အမျိုးအစား (၃)မျိုး ရှိပါတယ်။ Light, Standard နှင့် Premium တို့ ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ အောက်ပါဇယားမှာ ကြည့်ရှုနိုင်ပါတယ်။
Name | တန်ဖိုး (ကျပ်) |
Activation Tax (Kyat) | ပထမဆုံးအကြိမ် ငွေဖြည့်လက်ဆောင်များ | ||||||
---|---|---|---|---|---|---|---|---|---|
Voice On-net |
Data (GB) | SMS Count Onnet |
Main Balance (ကျပ်) | အပိုဆောင်း ဖုန်းဘေလ် လက်ဆောင် (ကျပ်) | သက်တမ်း | IDD Pack | |||
Unit | ကျပ် | ကျပ် | Min | GB | SMS | ကျပ် | ကျပ် | ရက် | ပက်ကေခ်ျ့ |
Light | 29,999 | 20,000 | 30 | 3.0 | 30 | 1,000 | 0 | 30 | - |
Standard | 49,999 | 20,000 | 150 | 10.0 | 150 | 2,000 | 1,000 | 30 | ● |
Premium | 99,999 | 20,000 | 200 | 35.0 | 200 | 2,500 | 1,000 | 30 | ● |
၂။ Tourist SIM ပထမဆုံးအကြိမ် ဖုန်းငွေဖြည့်သွင်းခြင်း ငွေဖြည့်လက်ဆောင်ကို ဘယ်သူတွေ ရရှိမှာပါလဲ။
၃။ ပထမဆုံး အကြိမ် ငွေဖြည့်သွင်းခြင်းအတွက် ငွေဖြည့်လက်ဆောင် ရရှိပါမည်လား။
ဟုတ်ပါတယ်။ Light အမျိုးအစားအတွက် ၃၀ မိနစ် MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း၊ 3GB ဒေတာ၊ MPT အချင်းချင်း စာတို (၃၀) ပေးပို့ခြင်း နှင့် ဖုန်းဘေလ် ၁၀၀၀ ကျပ် စသည့် ဖုန်းငွေဖြည့်လက်ဆောင်များ ရရှိပါမယ်။
Standard အမျိုးအစားအတွက် ၁၅၀ မိနစ် MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း၊ 10GB ဒေတာ၊ MPT အချင်းချင်း စာတို (၁၅၀) ပေးပို့ခြင်း၊ ဖုန်းဘေလ် ၂၀၀၀ ကျပ်၊ အပိုဆောင်းဖုန်းဘေလ် ၁၀၀၀ ကျပ် နှင့် ရက် (၃၀) သုံး IDD ပက်ကေချ့် စသည့် ဖုန်းငွေဖြည့်လက်ဆောင်များ ရရှိပါမယ်။
Premium အမျိုးအစားအတွက် ၂၀၀ မိနစ် MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း၊ 35GB ဒေတာ၊ MPT အချင်းချင်း စာတို (၂၀၀) ပေးပို့ခြင်း၊ ဖုန်းဘေလ် ၂၅၀၀ ကျပ်၊ အပိုဆောင်းဖုန်းဘေလ် ၁၀၀၀ ကျပ် နှင့် ရက် (၃၀) သုံး IDD ပက်ကေချ့် စသည့် ဖုန်းငွေဖြည့်လက်ဆောင်များ ရရှိပါမယ်။
(ရက်(၃၀) သုံး IDD ပက်ကေချ့်က ဖုန်းငွေဖြည့်လက်ဆောင်အနေဖြင့် (subscription fee) အခမဲ့ ဖြစ်ပါတယ်။ FOC ရက် (၃၀) ကုန်ဆုံးပြီးနောက်တွင် IDD ပက်ကေချ့်ကို subscription fee ၄၉၉ ကျပ်ဖြင့် ရက် (၃၀) ထပ်မံဝယ်ယူနိုင်ပါတယ်။ IDD ပက်ကေချ့်ဆိုတာ နိုင်ငံပေါင်း ၁၂ နိုင်ငံ (ထိုင်း/မလေးရှား/တရုတ်/စင်္ကာပူ/ဘင်္ဂလားဒေ့ရှ်/ အိန္ဒိယ/ တောငိကိုရီးယား/ဂျပန်/ သြစတြေးလျ/ ဟေ၊င်ကောင်/ အမေရိက/ ကနေဒါ) ကို ဖုန်းခေါ်ဆိုပါက ဝယ်ယူထားသည့် ရက်(၃၀)သက်တမ်းမကုန်ဆုံးမချင်း တစ်မိနစ်လျှင် ၅၀ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်)
၄။ အပိုဆောင်းဖုန်းဘေလ်လက်ဆောင်ကို ဘယ်လို အသုံးပြုနိုင်မှာလဲ။
၅။ ပထမဆုံးအကြိမ် ဖုန်းငွေဖြည့်လက်ဆောင်ရရှိရန်အတွက် မည်သည့်အချက်များ ပြုလုပ်ရန် လိုအပ်ပါမလဲ။
၆။ ငွေဖြည့်လက်ဆောင်များရဲ့ သက်တမ်းမှာ ဘယ်လောက်ပါလဲ။
၇။ Tourist SIM ကို ဘယ်နေရာမှာ ဝယ်ယူနိုင်ပါမလဲ။
၈။ ငွေဖြည့်လက်ဆောင်များကို ဘယ်လိုစစ်ဆေးနိုင်မှာပါလဲ။
*224# ကို ရိုက်နှိပ်ခေါ်ဆို၍ (သို့မဟုတ်) 1331 သို့ BAL ဟု စာတိုပေးပို့၍ (သို့မဟုတ်) MPT4U အက်ပလီကေးရှင်းကို ဒီနေရာ ( https://lotaya.mpt.com.mm/event/191?utm_source=MPT4U-MPT&utm_medium=T&utm_campaign=MPT4U-MPT ) တွင် ဒေါင်းလုတ်ပြုလုပ်၍ စစ်ဆေးနိုင်ပါသည်။