MPT Club
MPT Club သည် လစဉ် ငွေဖြည့်ပမာဏအပေါ် အခြေခံ၍ Points & Discount အခွင့်ထူးများ ရရှိနိုင်သည့် Points ဆုပေးသည့် အစီအစဉ်ဖြစ်ပါသည်။ MPT Club သည် (Silver, Gold, Platinum, Diamond & Crown) Tier အလိုက် သတ်မှတ်ချက် ရှိပါသည်။ လစဉ်အသုံးပြုမှုအပေါ် အခြေခံ၍ အဆင့် နှင့် Points ရရှိမှု သတ်မှတ်ချက် ကိုထားရှိပါသည်။
ရရှိထားသော Points များကို DATA၊ Voice၊ SMS၊ Cashback Rewards မျာလဲလှယ်ရန် အသုံးပြုနိုင်ပါသည်။ အဆင့် သတ်မှတ်ချက် ပေါ် မူတည်ပြီး လျှော့စျေးပရိုမိုးရှင်းအမျိုးအစားအမျိုးမျိုးကို ခံစားနိုင်သည်။
အခုပဲ MPT Club မှာ အဖွဲ့ဝင်ပြီး ဆုလက်ဆောင်များ ရယူလိုက်ကြပါစို့ ..
MPT Club သို့ ဘယ်လိုအသုံးပြုရမလဲ
- MPT Club သို့ ဘယ်လိုအဖွဲ့ဝင်ရမလဲ
- အဖွဲ့ဝင်အဆင့်သတ်မှတ်ချက်၊ MPT Club ပွိုင့် နှင့် ပွိုင့်ကုန်ဆုံးရက်တွေကို ဘယ်လိုစစ်ဆေးရမလဲ?
- MPT မိုဘိုင်းဝန်ဆောင်မှုများကို ပွိုင့်နှင့် ဘယ်လိုလဲလှယ်အသုံးပြုရမလဲ
- မိတ်ဖက်ဆိုင်များ၏ ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကို ပွိုင့်များဖြင့် ဘယ်လိုလဲလှယ်အသုံးပြုရမလဲ
- Lucky5 အစီအစဉ်ကိုဘယ်လိုရယူနိုင်မလဲ
- မိတ်ဖက်ဆိုင်များမှ ပရိုမိုးရှင်းများကို ဘယ်လိုရယူနိုင်မလဲ
MPT Club သို့ ဘယ်လိုအဖွဲ့ဝင်ရမလဲ
MPT4U အက်ပလီကေးရှင်းကိုဒေါင်းလုတ်ရယူပြီး စတင်သုံးစွဲခြင်းဖြင့် MPT Club အဖွဲ့ဝင်အလိုအလျောက်ဖြစ်နိုင်ပါသည်။ USSD ကို အသုံးပြုခြင်း – *345# ကို ရိုက်နှိပ်ခေါ်ဆိုပြီးလည်း အဖွဲ့ဝင်ဖြစ်နိုင်ပါသည်။

အဖွဲ့ဝင်အဆင့်သတ်မှတ်ချက်၊ MPT Club ပွိုင့် နှင့် ပွိုင့်ကုန်ဆုံးရက်တွေကို ဘယ်လိုစစ်ဆေးရမလဲ?
အဖွဲ့ဝင်အဆင့်သတ်မှတ်ချက်နှင့် ပွိုင့်လက်ကျန်များကို MPT4U ၏ပထမစာမျက်နှာတွင် စစ်ဆေးနိုင်ပြီး ပွိုင့်ကုန်ဆုံးရက်ကို My Club ပထမစာမျက်နှာ တွင်ကြည့်ရှုနိုင်ပါသည်(သို့မဟုတ်) USSD ကို အသုံးပြုခြင်း – အဖွဲ့ဝင်အဆင့် သတ်မှတ်ချက်အတွက် *345*1# ၊ MPT ပွိုင့်အတွက် *345*2# ကိုခေါ်ဆိုစစ်ဆေး နိုင်ပါသည်။
ပွိုင့်ကုန်ဆုံးရက်စစ်ဆေးရန် MPT Club Page -> ကျွန်ုပ်ကလပ် – ပွိုင့်ကုန်ဆုံးရက်စစ်ဆေးပါ
MPT မိုဘိုင်းဝန်ဆောင်မှုများကို ပွိုင့်နှင့် ဘယ်လိုလဲလှယ်အသုံးပြုရမလဲ (ဒေတာ၊ဖုန်းခေါ်ဆိုခြင်း၊စာတိုပို့ခြင်း၊ဖုန်းဘေလ်ဝန်ဆောင်မှုများ)
MPT မိုဘိုင်းဝန်ဆောင်မှုများကို ပွိုင့်နှင့် MPT4U မှတစ်ဆင့် (သို့မဟုတ်) *345# ကိုခေါ်ဆို၍လဲလှယ်အသုံးပြုနိုင်ပါသည်။
မိတ်ဖက်ဆိုင်များ၏ ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကို ပွိုင့်များဖြင့်
ဘယ်လိုလဲလှယ်အသုံးပြုရမလဲ
မိတ်ဖက်ဆိုင်များ၏ ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကို ပွိုင့်နှင့်လဲလှယ်ရန် MPT4U မှတစ်ဆင့် (သို့မဟုတ်) *345# ကိုခေါ်ဆို၍လဲလှယ်အသုံးပြုနိုင်ပါသည်။
Lucky5 အစီအစဉ်ကိုဘယ်လိုရယူနိုင်မလဲ
MPT Club အဖွဲ့ဝင်များသည် Lucky5 မိတ်ဖက်ဆိုင်များမှ ပရိုမိုးရှင်း နှင့် လျှော့ဈေးများကို လစဉ် ၅ရက်၊၁၅ရက်၊၂၅ရက်တိုင်းတွင်ရယူနိုင်ပါသည်။ မိမိ၏အဖွဲ့ဝင်အဆင့်သတ်မှတ်ချက်အား မိတ်ဖက်ဆိုင်များတွင်ပြကာ Lucky5 အစီအစဉ်ကိုရယူနိုင်ပါသည်။
မိတ်ဖက်ဆိုင်များမှ ပရိုမိုးရှင်းများကို ဘယ်လိုရယူနိုင်မလဲ
MPT Club အဖွဲ့ဝင်များသည် မိမိ၏ MPT Clubအဖွဲ့ဝင်သတ်မှတ်ချက်ကိုပြကာ မိတ်ဖက်ဆိုင်များမှ ပရိုမိုးရှင်းနှင့်လျှော့ဈေးများကိုရယူနိုင်ပါသည်
MPT Club Membership Level
MPT Club အဖွဲ့ဝင်များ၏ အဆင့်သတ်မှတ်ချက်ကို ပြီးခဲ့သော (၃) လ အတွင်း မိုဘိုင်း အသုံးပြုမှုအပေါ် မူတည်ပြီး သတ်မှတ်မည်ဖြစ်ပါသည်။ အဖွဲ့ဝင်အဆင့်သတ်မှတ်ချက်အပေါ်မူတည်ပြီး ဆုလက်ဆောင် အမျိုးမျိုးခံစားခွင့် ရရှိမည်ဖြစ်ပြီး အသေးစိတ် အချက်အလက်များကို အောက်ဖော်ပြပါပုံတွင် ကြည့်ရှုနိုင်ပါသည်။

မိတ်ဖက်ဆိုင်များ
MPT တွင် သင့်အတွက် မိတ်ဖက်ဆိုင်များစွာ ရှိပါသည်။ MPT ဖြင့် အကောင်းဆုံး အတွေ့အကြုံကို ခံစားလိုက်ပါ။
MPT Club အဖွဲ့ဝင်များအနေဖြင့် ကျွန်ုပ်တို့၏ မိတ်ဖက်ဆိုင်များ၏ ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကိုအသုံးပြုခြင်းဖြင့် MPT ပွိုင့်များရရှိနိုင်သလို၊ ကျွန်ုပ်တို့၏ မိတ်ဖက်ဆိုင်များ၏ ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများအတွက် MPT ပွိုင့်များဖြင့် လဲလှယ်နိုင်ပါသည်။
ဝယ်ယူအားပေးတိုင်း ပွိုင့် (၀.၈) ရာခိုင်နှုန်း ရယူလိုက်ပါ။
MPT Club အဖွဲ့ဝင်များအနေဖြင့် လစဉ် ၅ ရက်၊ ၁၅ ရက်၊ ၂၅ ရက် သို့မဟုတ် သတ်မှတ်ထားသောရက်များတွင် ကျွန်ုပ်တို့၏ Lucky5 မိတ်ဖက်ဆိုင်များထံမှ လျှော့စျေး သို့မဟုတ် ပရိုမိုးရှင်းများကို ရယူနိုင်ပါသည်။
MPT Club အဖွဲ့ဝင်များအနေဖြင့် ကျွန်ုပ်တို့၏မိတတ်ဖက်ဆိုင်များထံမှ လျှော့စျေး သို့မဟုတ် ပရိုမိုးရှင်းများကို နေ့စဉ်ရရှိနိုင်ပါသည်။
အမေးများသောမေးခွန်းများ
၁။ MPT Club အစီအစဉ် ဆိုတာ ဘာပါလဲ။ MPT Club အစီအစဉ်မှာ ဘာ့ကြောင့် ပါဝင်သင့်ပါသလဲ။
MPT Club သည် MPT သုံးစွဲသူတိုင်း ဆုလက်ဆောင်များရရှိနိုင်မည့် အစီအစဉ်ဖြစ်ပါသည်။ MPT Club အစီအစဉ်တွင် ပါဝင်ထားသော MPTဖုန်းနံပါတ်သည် ဖုန်း အသုံးပြု မှု ပေါ်တွင်အခြေခံပြီး ၊ MPT၏ မိတ်ဖက်(partner) ဆိုင်များတွင် ဈေးဝယ်တိုင်း MPT Point များကို ထပ်ဆောင်းလက်ဆောင်အဖြစ် ရရှိနိုင်မည်ဖြစ်ပါသည်။
အဆိုပါ ရရှိထားသော MPT Pointများဖြင့် အထူးစီစဉ်ထားသော MPT ဝန်ဆောင်မှုများ၊ MPT မိတ်ဖက်(partner) ဆိုင်များမှ ဈေးဝယ်ကူပွန်များကို လဲလှယ်ရယူနိုင်မည်ဖြစ်သည်။
၂။ MPT Club အစီအစဉ်မှာ ဘယ်သူတွေပါဝင်နိုင်ပါသလဲ။
၃။ MPT Club အစီအစဉ်မှာ ဘယ်လို ပါဝင်ရမှာပါလဲ။
အောက်ဖော်ပြပါနည်းလမ်းများအနက်မှ ကြိုက်နှစ်သက်ရာ တစ်မျိုးကိုသုံး၍ တစ်ကြိမ်လျှောက်ထားရုံဖြင့် MPT Club အစီအစဉ်တွင် ပါဝင်နိုင်ပါသည်။
(၁) USSD ကို အသုံးပြုခြင်းနည်းလမ်း – *345# ကို ရိုက်နှိပ်ခေါ်ဆိုခြင်း။
(၂) SMS ကို အသုံးပြုခြင်းနည်းလမ်း – 345သို့ REG M/F ဟု စာတို(SMS)ပေးပို့ခြင်း။
(၃) MPT4U app link
(၄) Andriod : https://bit.ly/2z4ZhrJ
(၅) IOS: http://apple.co/2yNZJWY
၄။ MPT Club အစီအစဉ်တွင် ပါဝင်ရန် အခကြေးငွေ ပေးရန်လိုအပ်ပါသလား(သို့) MPT Club အစီအစဉ်တွင် ပါဝင်ခြင်းကြောင့် ကုန်ကျစားရိတ် တစ်စုံတစ်ရာရှိမှာပါလား။
၅။ MPT Club အစီအစဉ်ကို အသုံးပြုပါက လက်ရှိကျသင့်နေသော အသုံးပြုခနှုန်းထားများ (ဖုန်းခေါ်ဆိုခ နှုန်းထား၊ အင်တာနက်အသုံးပြုခနှုန်းထား၊ SMS ပေးပို့ခများ) ပြောင်းလဲသွားမှာပါလား။ Voice Package၊ Data Package တွေရော ဘာတွေပြောင်းလဲသွားမှာလဲ။
၆။ MPT၏ မိတ်ဖက်(partner) ဆိုင်တွေက ဘယ်သူတွေပါလဲ။
၇။ MPT ကနေ ဘယ်လိုပုံစံနဲ့ MPT Point တွေ ရရှိနိုင်မှာပါလဲ။
နည်းလမ်း နှစ်မျိုးဖြင့် ရရှိနိုင်ပါသည်။
(၁) ယနေ့အသုံးပြုလိုက်သော ဖုန်းငွေ ပမာဏ အပေါ် မူတည် ၍ မိမိ ရောက်ရှိနေသော member level အလိုက်နောက်တနေ့ တွင်Point များကို ရရှိ သွားမည် ဖြစ်သည်။ မိမိ အသုံးပြု လိုက်သော ဖုန်းငွေပမာဏ သို့ Usage ဆိုသည် မှာ မိမိ ဖုန်းဘေလက်ကျန် ငွေမှ အသုံး ပြု လိုက် သော လုပ်ဆောင် မှူ အားလုံး ဆိုလိုပါသည်။ Pay as you go, Package, ချေးငွေ ရယူမှု နှင့် service subscription fees (SDP, IDD and VAS service) ဝယ်ယူ မှူ အားလုံး ကိုဆိုလိုပါသည်။
(၂) MPT ၏ မိတ်ဖက် ဆိုင်များတွင် ဈေးဝယ် တိုင်း MPT Point များကို ထပ်ဆောင်း လက်ဆောင် အဖြစ် ရရှိမှာဖြစ်ပါသည်။
၈။ MPT၏ မိတ်ဖက်(partner) ဆိုင်တွေ ကနေ ဘယ်လိုပုံစံနဲ့ MPT Point တွေ ရရှိနိုင်မှာပါလဲ။
MPT၏ မိတ်ဖက်(partner) ဆိုင်များတွင် အသုံးပြုသော (ဈေးဝယ်ယူသော) ငွေပမာဏအလိုက် MPT Point များကို အဆိုပါ ဆိုင်က အောက်ဖော်ပြပါ နည်းလမ်းဖြင့် ပေးအပ်သွားမည်ဖြစ်သည်။
(၁) ငွေပေးချေပြီးပါက အလိုအလျောက်စနစ်ဖြင့် မိတ်ဖက်(partner) ဆိုင် မှ MPT Club Point ပေးအပ်ခြင်း။ စစ်ဆေးကြည့်လိုပါက 345 သို့ BAL ဟု စာတိုပေးပို့ပါ။
၉။ MPT Point ကို MPT ဝန်ဆောင်မှုတွေနဲ့ လဲလှယ်ဖို့ ဘာတွေလုပ်ဖို့လိုလဲ။
၁၀။ MPT Point ကို MPT၏ မိတ်ဖက်(partner) ဆိုင်တွေမှာ လဲလှယ်ဖို့ ဘာတွေလုပ်ဖို့လိုလဲ။
*345*3*2# ကို ရိုက်နှိပ်ခေါ်ဆိုပြီး လဲလှယ်ယူနိုင်သည့် MPT၏ မိတ်ဖက်(partner) ဆိုင်များ၏ Cuponများကို စစ်ဆေးကြည့်နိုင်ပါသည်။
Product တစ်ခုကို ရွေးချယ်လိုက်ပါက Voucher Code ကို လက်ခံရရှိမည်ဖြစ်ပြီး MPT၏ မိတ်ဖက်(partner) ဆိုင်တွင် အဆိုပါ Vocher Codeကိုပြကာ ပစ္စည်းထုတ်ယူနိုင်မည် (သို့) discount ခံစားခွင့်ရရှိမည်ဖြစ်သည်။
သို့ MPT4U app မှ MPT Club icon ကို နှိပ်ပြီး redemption မှတဆင့် ပစ္စည်း များကိုရွေးချယ်နိုင်ပါသည်
မှတ်ချက်- (၁) မိမိလဲလှယ်ယူလိုသည့် ဝန်ဆောင်မှုအတွက် လုံလောက်သော MPT Point ရှိရန်လိုအပ်ပါ သည်။
(၂) မိမိ ရွေးချယ်လိုက်သော product ကို ပြန်၍ cancel လုပ်၍ ရမည် မဟုတ်ချေ။