မြန်မာနိုင်ငံအတွင်းရှိ လူမှုအသိုင်းအဝန်းအတွက် အကျိုးအမြတ်ကောင်းများကို ဖော်ဆောင်ပေးနိုင်ရန်အတွက် MPT အနေဖြင့် လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အဓိကကဏ္ဍ သုံးရပ်ဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ စွန့်ဦးတီထွင်နှင့်် စီးပွားရေးလုပ်ငန်းငယ်များကို ဦးတည်ထားကာ ဆောင်ရွက်နေပြီး ဥပမာအနေဖြင့် ပညာရေးကဏ္ဍတွင် MPT သည် “ ရှေ့သို့လှမ်းချီဒီဂျစ်တယ်ပညာရေးဆီ” အစီအစဉ် ကို NLD ပညာရေး ကွန်ရက်နှင့်အတူ လူငယ်များအတွက် ကွန်ပျူတာအခြေခံ သင်တန်းများကိုပေးအပ်ကာ လက်တွဲဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးကဏ္ဍအတွက် သန့်ရှင်းပြည့်ဖြိုး ရေအကျိုး အစီအစဉ်ကို NAG နှင့် BAJ စသည့် NGO တို့နှင့်အတူ ပူးပေါင်းပြီးလည်းကောင်း၊ အနာဂတ်မျိုးဆက်သစ် လူငယ်များအား ပျိုးထောင်ပေးနိုင်ရန် “ မြန်မာလူငယ် နည်းပညာ စွန့်ဦးတီတွင် ဖွံ့ဖြိုးရေးအစီအစဉ်” ကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် အတူတကွ ပူးပေါင်း၍ လည်းကောင်းအသီးသီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။
ထို့အပြင် အခြားသော လူမှုအကျိုးပြု အစီအစဉ်များဖြစ်သည့် ပတ်ဝန်းကျင်သန့်ရှင်းရေး အစီအစဉ်များ၊ သွေးလှူဒါန်းခြင်းများ၊ သစ်ပင်စိုက်ပျိုးခြင်းများ စသည့် အကျိုးပြုလုပ်ငန်းများတွင်လည်း ဒေသခံပြည်သူများနှင့် ပရဟိတအဖွဲ့များနှင့်အတူ MPT ဝန်ထမ်းများစုပေါင်း၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပါဝင် ဆောင်ရွက်လျက် ရှိသည်။
MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများအကြောင်းကို ဖော်ပြသည့် ရုပ်သံဗွီဒီယိုများကို အောက်ပါ လိုတရ ဝက်ဘ်ပေါ်တယ်တွင်ဝင်ရောက်ပြီး MPT ၏ မိုဘိုင်းဖုန်းဖြင့် ဖုန်းဘေလ် ကုန်ကျမှုမရှိဘဲ လေ့လာနိုင်ပါသည်။
https://lotaya.mpt.com.mm/service/mptcsr
အလားတူပင် MPT ၏ လူမှုအကျိုးပြုလှုပ်ရှားမှုများနှင့် ပတ်သက်သည့် အချက်အလက်များ အပြင်၊ MPT ၏ အခြားသော စိတ်ဝင်စားဖွယ် ဝန်ဆောင်မှုနှင့် အရောင်းမြှင့်တင်မှု ဆောင်ရွက်ချက်များအား ပိုမိုသိရှိလိုပါလျှင် ၁၀၆ သို့ ဖုန်းခေါ်ဆို၍ဖြစ်စေ၊ www.mpt.com.mm သို့ဝင်ရောက်၍ဖြစ်စေ၊ MPT ၏ တရားဝင် Facebook page https://www.facebook.com/mptofficialpage သို့ ဝင်ရောက်၍ဖြစ်စေ လေ့လာနိုင် မည် ဖြစ်ပါသည်။