
MPT မိုဘိုင်းအင်တာနက်သုံးစွဲသူများကို ကြေညာချက်
Published 04 May 2021
လတ်တလောဖြစ်ပေါ်နေသော မိုဘိုင်းအင်တာနက် ပြတ်တောက်မှုအခြေအနေကြောင့် သုံးစွဲသူများအား ပြန်လည်ဖြည့်ဆည်းပေးသည့်အနေဖြင့် ပြတ်တောက်မှုကာလအတွင်း အသုံးပြုရန်ကျန်ရှိနေသောဒေတာလက်ကျန်များကို ရက် ၃၀ သက်တမ်း ဖြင့်ဆက်လက်အသုံးပြုနိုင်စေရန် MPT မှ ထည့်သွင်းပေးပြီးဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ဒေတာလက်ကျန်ကိုသိရှိလိုပါက *224# ကိုခေါ်ဆို၍စစ်ဆေးနိုင်ပါသည်။အခြေအနေများကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ပြီး သုံးစွဲသူများသို့အကောင်းဆုံးဝန်ဆောင်မှုပေးအပ်သွားနိုင်ရန် MPT မှ လုပ်ဆောင်ပေးသွားမည်ဖြစ်ပါသည်။ MPT ကို ရွေးချယ်မှု အတွက်ကျေးဇူးအထူးတင်ရှိပါသည်။ MPT ကသင်နှင့်အမြဲအတူရှိနေပါသည်။