latest news

MPT က ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစ၍ တစ်ဦးချင်းသုံး Post-paid နှင့် FTTH ဝန်ဆောင်မှု သုံးစွဲသူများအားလုံးအတွက် ဒီဂျစ်တယ်ငွေတောင်းခံလွှာ (E-invoice) ကိုသာ အသုံးပြု သွားမည်

Published 15 Aug 2022

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်) – MPT သည် Post-paid နှင့် FTTH ဝန်ဆောင်မှု သုံးစွဲသူများအားလုံး လွယ်ကူအဆင်ပြေစေရန်နှင့် ကာဗွန်အသုံးပြုမှုကို လျှော့ချရန် ကြိုးပမ်းဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ဒီဂျစ်တယ်ငွေတောင်းခံလွှာ (E-invoice) စနစ်ကို ၂၀၂၀ ပြည့်နှစ်က စတင်မိတ်ဆက်ခဲ့ပါသည်။ ယခုအခါ ထပ်မံတိုးချဲ့ခြင်းအနေဖြင့် Post-paid နှင့် FTTH ဝန်ဆောင်မှု သုံးစွဲသူများအားလုံး (တစ်ဦးချင်း သုံးစွဲသူများသာ) သည် ငွေတောင်းခံလွှာ စာရွက်များအစား ဒီဂျစ်တယ်ငွေတောင်းခံလွှာ (E-invoice) စနစ်ကို SMS (စာတို) သို့မဟုတ် အီးမေးလ်ဖြင့် လက်ခံရရှိမည် ဖြစ်ပြီး ငွေတောင်းခံလွှာ စာရွက်များ ပေးပို့ခြင်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီမှစတင်၍ ရပ်ဆိုင်းသွားမည် ဖြစ်ပါသည်။ ထို့အပြင် ဒီဂျစ်တယ် ငွေတောင်းခံလွှာများကို MPT4U အက်ပလီကေးရှင်းနှင့် USSD နည်းလမ်း *260# သို့ ခေါ်ဆိုခြင်းမှတစ်ဆင့်လည်း ရရှိနိုင်မည် ဖြစ်ပါသည်။

MPT သည် သုံးစွဲသူများ ဒီဂျစ်တယ်နည်းလမ်းဖြင့် အဆင်ပြေချောမွေ့စွာ ဒီဂျစ်တယ်ငွေတောင်းခံလွှာ (E-invoice) ဝန်ဆောင်မှုကို စာရင်းသွင်းရယူရန် နှိုးဆော်တိုက်တွန်းလိုက်ရပါသည်။ E-invoice ကို စာရင်းသွင်းရယူခြင်းဖြင့် သုံးစွဲသူများသည် တစ်လ ၅၀၀ ကျပ်နှုန်းဖြင့် ၅ လ ဆက်တိုက် စုစုပေါင်း ကျပ် ၂,၅၀၀ သက်သာခွင့်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်အထိရရှိမည် ဖြစ်ပါသည်။

MPT သုံးစွဲသူများသည် အခကြေးငွေထပ်မံပေးရန်မလိုဘဲ မိမိ၏ သတင်းအချက်အလက် (ဖုန်းနံပါတ် နှင့် Email လိပ်စာ) များကိုဖြည့်သွင်းပြီး အောက်ပါနည်းလမ်းများမှတစ်ဆင့် ဒီဂျစ်တယ်ငွေတောင်းခံလွှာ (E-invoice) ကို စာရင်းသွင်း နိုင်မည် ဖြစ်ပါသည်။

၁) သတင်းအချက်အလက်များကို https://www.mpt.com.mm/mm/e-invoice-registration-mm/ မှတစ်ဆင့် စာရင်းသွင်းခြင်း။

၂) မိမိနှင့် နီးစပ်ရာ MPT ၏ ငွေလက်ခံကောင်တာများ (TRA/Commercial Office ရုံး) သို့ သွားရောက်၍ စာရင်းသွင်းခြင်း။

၃) စာရင်းသွင်းရယူနိုင်ရန် MPT အသုံးပြုသူများ Call Center (106) ခေါ်ဆို၍ သော်လည်းကောင်း အခြားအော်ပရေတာသုံးစွဲသူများအနေဖြင့် ၀၁-၂၃၉၉၁၀၆ သို့လည်းကောင်း ဖုန်းခေါ်ဆို၍ စာရင်းသွင်းခြင်း။

၄) MPT4U အက်ပလီကေးရှင်းမှတစ်ဆင့် စာရင်းသွင်းရယူခြင်း။

စာရင်းသွင်းရယူပြီးနောက် သုံးစွဲသူများသည် ဒီဂျစ်တယ်ငွေတောင်းခံလွှာ (E-invoice) ကို မိမိကြိုက်နှစ်သက်သည့် နည်းလမ်းဖြင့် အတည်ပြုရယူနိုင်ရန် SMS (စာတို) သို့မဟုတ် အီးမေးလ်ကို လက်ခံရရှိမည် ဖြစ်ပါသည်။

MPT4U အက်ပလီကေးရှင်းမှတစ်ဆင့် E-invoice ကို စာရင်းသွင်းရယူသည့်နည်လမ်း

အဆင့် ၁။ မိမိ ဖုန်းမှ တစ်ဆင့် MPT4U အက်ပလီကေး ရှင်းသို့ ဝင်ရောက်ပြီး Home Menu မှတစ်ဆင့် Service Menu ကိုရွေးချယ်ပါ။

အဆင့် ၂။ Service Menu မှ Manage Account အောက်ရှိ အခြားဘေလ်များကိုရွေးချယ်ပါ။

အဆင့် ၃။ မှတ်ပုံတင်သည်ကို နှိပ်ပါ။

အဆင့် ၄။ လိုအပ်သည့်အချက်အလက် များကို ဖြည့်စွက်ပြီး မှတ်ပုံတင်သည်ကို နှိပ်ပါ။

အဆင့် ၅။ ဖြည့်စွက်ထားသော အချက်အလက် များအား စိစစ်ပြီးပါက မှတ်ပုံတင်ခြင်း ပြီးမြောက် ခြင်းအား အောက်ပါအတိုင်း မြင်တွေ့နိုင်ပါသည်။

အဆင့် ၆။ မှတ်ပုံတင်ခြင်း ပြီးမြောက်ပါက မှတ်ပုံတင်ထားသော ဝန်ဆောင်မှု၏ “Real-time Balance” အား အခြားဘေလ်များ Menu အောက်တွင် ပုံပါအတိုင်းမြင်တွေ့နိုင်ပါသည်။

အဆင့် ၇။ သုံးစွဲသူများမှ MPT4U အက်ပလီကေးရှင်း တွင် (၆) လစာ အထိ ဘေလ်များနှင့် ငွေပေးဆောင် ထားသော အခြေအနေအား ကြည့်ရှုနိုင်ပါသည်။

MPT4U သည် Android နှင့် iOS အသုံးပြုသူများအတွက် အခကြေးငွေကုန်ကျမှုမရှိဘဲ အသုံးပြုနိုင်သည့် MPT အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး သုံးစွဲသူများသည် ၎င်းတို့၏ MPT ဝန်ဆောင်မှု အသုံးပြုမှုမှတ်တမ်းများနှင့် ကုန်ကျစရိတ်များကို အဆင်ပြေလွယ်ကူစွာ စစ်ဆေးနိုင်ရန်၊ လစဉ်ငွေတောင်းခံလွှာများ ပေးချေရန် နှင့် MPT က ပေးအပ်သည့် ဝန်ဆောင်မှုများစွာကို စီမံခန့်ခွဲရန် ဆောင်ရွက်နိုင်ပါသည်။ အဆိုပါ အက်ပလီကေးရှင်းဖြင့် Post-paid သုံးစွဲသူများသည် နောက်ဆုံးထွက်ရှိထားသည့် ၆ လစာ ငွေတောင်းခံလွှာများ နှင့် ငွေပေးချေမှုဆိုင်ရာ အချက်အလက်များကို ကြည့်ရှုစစ်ဆေးနိုင်သကဲ့သို့ မိမိသိရှိလိုသော အကြောင်းအရာများ နှင့် အခြားဝန်ဆောင်မှုများကို လွယ်ကူစွာ ရှာဖွေနိုင်သည့်အပြင် အနီးနားရှိ MPT အရောင်းဆိုင်များကိုလည်း အလွယ်တကူ ရှာဖွေနိုင်မည်ဖြစ်ပါသည်။

ဒီဂျစ်တယ်ငွေတောင်းခံလွှာ (E-invoice) စနစ်ဖြင့် MPT သုံးစွဲသူများသည် ယခင် စာရွက်ငွေတောင်းခံလွှာ များထက် ပိုမိုစောလျင်စွာ နှင့် အချိန်မှန် လက်ခံရရှိနိုင်ခြင်း ၊ ငွေတောင်းခံလွှာများကို ဒီဂျစ်တယ်နည်းလမ်းဖြင့် စစ်ဆေးနိုင်ခြင်း၊ သုံးစွဲသူ၏ ဖုန်း (သို့မဟုတ်) ကွန်ပျူတာထဲတွင် ငွေတောင်းခံလွှာများကို သိမ်းဆည်းနိုင်ခြင်း၊ လွယ်ကူစွာ ငွေပေးချေခြင်း နှင့် ပရိုမိုးရှင်းအစီအစဉ်များကို ရယူနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိခံစားနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် သုံးစွဲသူများသည် ဒီဂျစ်တယ်ငွေတောင်းခံလွှာ (E-invoice) များကို သုံးစွဲခြင်းအားဖြင့် စက္ကူစာရွက်များ သုံးစွဲမှုကို လျော့ချပေးနိုင်ရုံသာမက သုံးစွဲသူများ၏ လူနေမှုဘဝကို ပိုမိုလွယ်ကူ စေမည်ဖြစ်သည်။

MPT သုံးစွဲသူများသည် ဒီဂျစ်တယ်ငွေတောင်းခံလွှာ (E-invoice) အတွက် ငွေပေးချေခြင်းကို MPT Pay နှင့် KBZ Bank၊ AYA Bank နှင့် CB Bank တို့၏ I-Banking/ Mobile Banking တို့မှတစ်ဆင့် ဆောင်ရွက်နိုင်ပါသည်။ ထို့အပြင် သုံးစွဲသူများသည် ငွေပေးချေသည့်ကောင်တာများ ဖြစ်သည့် MPT TRA ၊ စာတိုက်နှင့် အေးဂျင့်များတွင် SMS (စာတို) သို့မဟုတ် အီးမေးလ်ဖြင့် လက်ခံရရှိထားသည့် ဒီဂျစ်တယ်ငွေတောင်းခံလွှာ (E-invoice) ကို ပြ၍လည်း ငွေပေးချေနိုင်ပါသည်။ နည်းလမ်းမျိုးစုံဖြင့် ငွေပေးချေနိုင်သည့် သတင်းအချက်အလက် အသေးစိတ်ကို https://www.mpt.com.mm/mm/payment-through-bank-channel-mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါ သည်။
MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်သုံးစွဲလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါသည်။ MPT ၏ ဒီဂျစ်တယ်ငွေတောင်းခံလွှာ (E-invoice) ဝန်ဆောင်မှုအကြောင်းကို အသေးစိတ် သိရှိလိုပါက https://www.mpt.com.mm/mm/business-home-mm/ သို့ ဝင်ရောက်ကြည့်ရှု ခြင်းဖြင့် လည်းကောင်း၊ 106 Call Center သို့ ခေါ်ဆိုမေးမြန်းခြင်းဖြင့်လည်းကောင်း၊ တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းခြင်းဖြင့်လည်းကောင်း သိရှိနိုင်ပါသည်။

best operator in Myanmar