‘ကြင်ကြင်နာနာ’ ပက်ကေ့ချ်

လေးစားရပါသော MPT အသုံးပြုသူများအတွက် ကြင်ကြင်နာနာ ပက်ကေ့ချ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီပက်ကေ့ချ်လေးနဲ့ဆိုရင် ဝယ်ယူထားတဲ့ ပက်ကေ့ချ် ဒေတာပမာဏကို မိမိချစ်ခင်သူအဖွဲ့ဝင် များထံသို့ MPT4U application မှတစ်ဆင့်မျှဝေပေးလို့ရနိုင်ပါတယ်။

ကြင်ကြင်နာနာပက်ကေ့ချ်ကိုဝယ်ယူထားတဲ့ ပက်ကေ့ချ်ပိုင်ရှင်တွေအတွက် အောက်ပါခံစားခွင့်တွေရရှိနိုင်မှာပါ။

၁။ အလွန်အသုံးဝင်တဲ့ လုပ်ဆောင်ချက်အနေနဲ့ သတ်မှတ်ထားသောဒေတာပမာဏအထိ ပက်ကေ့ချ်ပိုင်ရှင်မှ မိမိချစ်ခင်သူအဖွဲ့ဝင် များထံ အခမဲ့လွှဲပြောင်းပေးနိုင်ခြင်း
၂။ အထူးခံစားခွင့်များအဖြစ် ဒေတာအသုံးပြုနိုင်ခြင်းအပြင် MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်းနှင့် SMS ပေးပို့နိုင်ခြင်း
၃။ MPT Club ပွိုင့် (၁၀၀၀ ပွိုင့် အထိ) ကို အပိုထပ်ဆောင်းခံစားခွင့်ရရှိနိုင်ခြင်း

ဒေတာမျှဝေပေးပို့ခြင်းအတွက် ပက်ကေ့ချ်ပိုင်ရှင်မှ ဒေတာမျှဝေပေးလိုသော ချစ်ခင်သူများအား MPT4U apptlication မှတစ်ဆင့် ကြင်ကြင်နာနာပက်ကေ့ချ်အတွက် အဖွဲ့ဝင်အဖြစ် စာရင်းပေးသွင်းထားရန်လိုအပ်ပါတယ်။

ဒီပက်ကေ့ချ်လေးက မိမိချစ်ခင်ရသူတွေ (အထူးသဖြင့် မိသားစုဝင်တွေ၊ ချစ်ခင်ရတဲ့သူငယ်ချင်းတွေ) အတွက် မိမိချစ်ခြင်းမေတ္တာကို ပြသဖို့ လက်ဆောင်ပေးရန် အသင့်တော်ဆုံးပါပဲ။ ပက်ကေ့ချ်ကို ဝယ်ယူတဲ့သူအတွက် အထူးအကျိုးကျေးဇူးတွေရနိုင်မယ့်အပြင် အဖွဲ့ဝင်အဖြစ်သတ်မှတ်ခံရတဲ့သူအတွက်ပါ ဒေတာလက်ဆောင်ရရှိနိုင်တဲ့ ခံစားခွင့်ရှိတာမို့ MPT ရဲ့ ကြင်ကြင်နာနာပက်ကေ့ချ်လေးကို ဝယ်ယူအသုံးပြုကြပါစို့။

MPT Myanmar

Pack Details

Compatible Users

Notes

How to buy Pack

How to add members

How to Transfer Data

How to send Pack as gift

How to change members

‘ကြင်ကြင်နာနာ’ ပက်ကေ့ချ်၏ အသေးစိတ်အချက်အလက်များ

ကြင်ကြင်နာနာ’ပက်ကေ့ချ်ကို MPT4U application မှတစ်ဆင့်ဝယ်ယူပြီး ချစ်ခင်ရသူအဖွဲ့ဝင်များထံ (အဖွဲ့ဝင် ၅ယောက်အထိ) ဒေတာများကို အနည်းဆုံး 500MB မှစ၍ အခမဲ့မျှဝေပေးနိုင်မှာပါ။ ဒါ့အပြင် ပက်ကေ့ချ်ဝယ်ယူတဲ့ ပိုင်ရှင်အနေဖြင့်  ဝယ်ယူထားသောဒေတာများကို နှစ်သက်ရာ အသုံးပြုနိုင်မှာဖြစ်သလို MPT အချင်းချင်းဖုန်းခေါ်ဆိုခြင်း၊ SMS ပေးပို့ခြင်းများအပြင် အပိုထပ်ဆောင်းခံစားခွင့်အနေဖြင့် MPT Club Points များလည်းရရှိခံစားနိုင်မှာပါ။

ကြင်ကြင်နာနာပက်ကေ့ချ်များဝယ်ယူကာ မိသားစု၊ သူငယ်ချင်းတွေဆီ ချစ်ခြင်းမေတ္တာတွေမျှဝေရင်း အတူပျော်ရွှင်ကြပါစို့။

ကြင်ကြင်နာနာပက်ကေ့ချ်ကို အသုံးပြုဖို့ ဘယ်သူတွေက အထူးသင့်တော်ပါသလဲ။

ဒီပက်ကေ့ချ်လေးကတော့ အောက်မှာဖော်ပြထားတဲ့အခြေအနေတွေပေါ်မူတည်ပြီး မိမိချစ်ခင်ရသူတွေနဲ့အတူ ဒေတာမျှဝေသုံးစွဲချင်သူများအတွက် MPT မှ အထူးစီစဉ်ပေးထားတဲ့ ပက်ကေ့ချ်ဖြစ်ပါတယ်။

အသက်အရွယ်ကြီးရင့်သူအများစုသည် မိုဘိုင်းလ်အင်တာနက် အသုံးပြုခြင်း နှင့် ရင်းနှီးမှု မရှိတဲ့အတွက် မိမိရဲ့လူကြီးမိဘ တွေ ကိုယ်စားဒေတာ ပက်ကေ့ချ် တွေဝယ်ယူပြီး ပြန်လည်ဝေမျှပေးချင်သူများ။

မိမိရင်သွေးများ၏ ငယ်ရွယ်စဉ် အင်တာနက် အသုံးပြုခြင်းကို ကြပ်မတ်လို သောကြောင့် သားသမီးများ ကိုယ်စားဒေတာပက်ကေ့ချ်တွေဝယ်ယူပြီး ပြန်လည် ဝေမျှပေးလိုသူ မိဘများ။

လူငယ်များသည် နေ့စဉ် ဒေတာပမာဏအများအပြားအသုံးပြုလေ့ရှိတတ်ကြတာ ကြောင့် ချစ်ခင်ရတဲ့သူငယ်ချင်း တွေဆီ မိမိရဲ့ဒေတာပမာဏ တွေ မျှဝေရင်း အတူပျော်ရွှင် ရင်းနှီးစွာ အချိန်ကုန်ဆုံး ကြလိုသူများ။

မိသားစုတွေ၊ သူငယ်ချင်း တွေရဲ့အဝေးတစ်နေရာမှာ နေနေရတဲ့အတွက် online မှတစ်ဆင့် ဒေတာ လက်ဆောင်ပေးပို့ပြီး မိမိချစ်ခြင်းမေတ္တာတွေကို ဖော်ပြလိုသူများ။

ကြင်ကြင်နာနာပက်ကေ့ချ် ပထမအကြိမ်ဝယ်ယူနည်းနှင့် လက်ဆောင်ပေးပို့နည်းများကို video တွင်ကြည့်ရှုပါ။

Member Management Section တွင် အဖွဲ့ဝင်ပေါင်းထည့်နည်းနှင့် ဒေတာလွှဲပြောင်းနည်းများကို video တွင်ကြည့်ရှုပါ။

နောက်တစ်ကြိမ် ပက်ကေ့ချ် ဝယ်ယူချိန်တွင်အဖွဲ့ဝင်ပြောင်းလဲနည်းကိုvideo တွင်ကြည့်ရှုပါ။

ကြင်ကြင်နာနာပက်ကေ့ချ်ဝယ်ယူနည်း

အဆင့် - ၁
MPT4U အတွင်းရှိ ‘ကြင်ကြင်နာနာ’ပက်ကေ့ချ်အတွင်းသို့ဝင်ရောက်ပါ။
အဆင့် - ၂
ဝယ်ယူလိုသည့် ပက်ကေ့ချ်ကိုရွေးချယ်ကာ “လုပ်ဆောင်မည်”ကိုနှိပ်ပါ။
အဆင့် - ၃
အသေးစိတ်အချက် အလက်များကို ဖတ်ရှုပြီး နောက် “လုပ်ဆောင်မည်” ကိုနှိပ်ပါ။
အဆင့် - ၄
“အဖွဲ့ဝင်ပေါင်းမည်” ကိုနှိပ်ပြီးနောက်မိမိ၏အဖွဲ့ဝင်များကိုထည့်သွင်းနိုင်ပါသည်။(အကယ်၍ အဖွဲ့ဝင်ပေါင်းထည့်ရန်ဆန္ဒမရှိသေးပါက “အတည်ပြုမည်“ကိုနှိပ်၍ အခြားအဆင့်များကို လုပ်ဆောင်ပါ။)
အဆင့် - ၅
“အတည်ပြုမည်” ကိုနှိပ်ပါ။
အဆင့် - ၆
ပက်ကေ့ချ်ဝယ်ယူမှု အောင်မြင်ကြောင်းအသိပေးချက်နှင့်အတူ အသေးစိတ် အချက်အလက်များကို SMS လက်ခံရရှိပါမည်။.

Member Management Section တွင် အဖွဲ့ဝင်ပေါင်းထည့်နည်း

အဆင့် - ၁
MPT4U အတွင်းရှိ ‘ကြင်ကြင်နာနာ’ ပက်ကေ့ချ်အတွင်းသို့ဝင်ရောက်ပါ။
အဆင့် - ၂
Member Management Section ကိုရွေးချယ်ပီး “အဖွဲ့ဝင်ပေါင်းမည်” ကိုနှိပ်ပါ။ ကျလာသော သတ်မှတ်နေရာတွင် မိမိပေါင်းထည့်လိုသည့် နံပါတ်ကိုရိုက်ပါ။
အဆင့် - ၃
အဖွဲ့ဝင်အားအောင်မြင်စွာထည့်သွင်းပီးကြောင်းနှင့် ဒေတာ 500MB လွှဲပြောင်းပြီး ဖြစ်ကြောင်းအသိပေးချက်ကိုတွေ့မြင်ရပါမည်။

ဒေတာလွှဲပြောင်းနည်း (ကြင်ကြင်နာနာပက်ကေ့ချ်ဒေတာ)

အဆင့် - ၁
MPT4U အတွင်းရှိ ‘ကြင်ကြင်နာနာ’ ပက်ကေ့ချ်အတွင်းသို့ဝင်ရောက်ပါ။
အဆင့် - ၂
Data Transfer Section ကိုရွေးချယ်ပြီးနောက် ကြင်ကြင်နာနာပက်ကေ့ချ်ဒေတာပမာဏကို တွေ့ရပါမည်။ မိမိဒေတာပေးပို့လိုသည့် အဖွဲ့ဝင်၏နံပါတ်နှင့် ပေးပို့လိုသည့် ဒေတာပမာဏကိုရွေးချယ်ကာ “လွှဲပြောင်းသည်” ကိုနှိပ်ပါ။
အဆင့် - ၃
OTP ကို SMS မှတစ်ဆင့် ရရှိမည်ဖြစ်ပီး သတ်မှတ်ချိန် အတွင်း OTP ကိုဖြည့်သွင်းပါ။
အဆင့်-၄
ဒေတာပေးပို့မှု အောင်မြင်ကြောင်း တွေ့ရှိနိုင်မည်ဖြစ်ပါသည်။

ဒေတာလွှဲပြောင်းနည်း (Data Carry Plus ပက်ကေ့ချ်ဒေတာ)

အဆင့် - ၁
MPT4U အတွင်းရှိ ‘ကြင်ကြင်နာနာ’ ပက်ကေ့ချ်အတွင်းသို့ဝင်ရောက်ပါ။
အဆင့် - ၂
Data Transfer Section ကိုရွေးချယ်ပြီးနောက် “Kyin Kyin Nar Nar Pack”၏ဘေးတွင်ရှိသော “Down Arrow” အားနှိပ်ပါ။
အဆင့် - ၃
ကြင်ကြင်နာနာပက်ကေ့ချ်နှင့် Data Carry Plus ပက်ကေ့ချ်တို့အား တွေ့မြင်ရမည်ဖြစ်ပါသည်။.
အဆင့် - ၄
Data Carry Plus Pack အားရွေးချယ်၍ ပေးပို့လိုသော အဖွဲ့ဝင်နှင့် ဒေတာပမာဏအားရွေးချယ်ကာ “လွှဲပြောင်းသည်” ကိုနှိပ်ပါ။
အဆင့် - ၅
OTP ကို SMS မှတစ်ဆင့် ရရှိမည်ဖြစ်ပီး သတ်မှတ်ချိန် အတွင်း OTP ကိုဖြည့်သွင်းပါ။
အဆင့် - ၆
မှန်ကန်သော OTP ထည့်သွင်းပြီးနောက်တွင် ပေးပို့မှုအောင်မြင်ကြောင်း တွေ့ရှိရမည်ဖြစ်သည်။

ကြင်ကြင်နာနာပက်ကေ့ချ်အား လက်ဆောင်ပေးပို့နည်း

အဆင့် - ၁
MPT4U အတွင်းရှိ ‘ကြင်ကြင်နာနာ’ပက်ကေ့ချ်အတွင်းသို့ဝင်ရောက်ပါ။
အဆင့် - ၂
လက်ဆောင်ပေးလိုသည့် ‘ကြင်ကြင်နာနာ’ပက်ကေ့ချ်ကိုရွေးချယ်ကာ “လက်ဆောင်” ကိုနှိပ်ပါ။
အဆင့် - ၃
အသေးစိတ် အချက်အလက် များကို ဖတ်ရှုပြီးနောက် မိမိပေးပို့လိုသည့် နံပါတ်အား သတ်မှတ်နေရာတွင်ရိုက်ကာ “လုပ်ဆောင်မည်” ကိုနှိပ်ပါ။
အဆင့် - ၄
ောင်မြင်စွာပေးပို့ပြီးကြောင်း အသိပေးချက်ကိုရရှိမည်ဖြစ်ပါသည်။

နောက်တစ်ကြိမ် ပက်ကေ့ချ် ဝယ်ယူချိန်တွင် အဖွဲ့ဝင်ပြောင်းလဲနည်း

အဆင့် - ၁
MPT4U အတွင်းရှိ ‘ကြင်ကြင်နာနာ’ပက်ကေ့ချ်အတွင်းသို့ဝင်ရောက်ပါ။
အဆင့် - ၂
ဝယ်ယူလိုသည့် ပက်ကေ့ချ်ကိုရွေးချယ်ကာ “လုပ်ဆောင်မည်” ကိုနှိပ်ပါ။
အဆင့် - ၃
အသေးစိတ်အချက် အလက်များကို ဖတ်ရှုပြီးနောက် “လုပ်ဆောင်မည်” ကိုနှိပ်ပါ။
အဆင့် - ၄
လက်ရှိအဖွဲ့ဝင်များကို တွေ့မြင်ရမည်ဖြစ်ပြီး ပြောင်းလဲလိုသည့် အဖွဲ့ဝင်နံပါတ်ပေါ်ရှိ ဖယ်ရှားသည့် ခလုပ်ကိုနှိပ်ပါ။
အဆင့် - ၅
အဖွဲ့ဝင်ပယ်ဖျက်ရန် အတည်ပြုချက်တောင်မည်ဖြစ်သည်။
အဆင့် - ၆
ပယ်ဖျက်ပြီးကြောင်း အတည်ပြုပါမည်။
အဆင့် - ၇
“အဖွဲ့ဝင်ပေါင်းမည်”ကို နှိပ်ပါ။
အဆင့် - ၈
အဖွဲ့ဝင်နံပါတ်အား ရိုက်ထည့်ပြီးနောက် “အတည်ပြုမည်”ကိုနှိပ်ပါ။
အဆင့် - ၉
ပက်ကေ့ချ်ဝယ်ယူမှု အောင်မြင်ကြောင်းအသိပေးချက်နှင့်အတူ အသေးစိတ် အချက်အလက်များကို SMS လက်ခံရရှိပါမည်။

‘ကြင်ကြင်နာနာ’ ပက်ကေ့ချ်၏ အသေးစိတ်အချက်အလက်များ

  • ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် အဖွဲ့ဝင် (၁) ဦးမှ (၅) ဦးအထိ ပေါင်းထည့်နိုင်ပြီး ထိုအဖွဲ့ဝင်များသည် ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ 500MB ကိုရရှိနိုင်မည်ဖြစ်ပါသည်။
  • ကြင်ကြင်နာနာ ပက်ကေ့ချ်ကိုဝယ်ယူထားသောပိုင်ရှင်သည် ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာနှင့်အတူ MPT နံပါတ်များသို့ဖုန်းခေါ်ဆိုခွင့်၊ SMS ပေးပို့ခွင့်နှင့် MPT Club Point များရရှိနိုင်ပါသည်။
  • ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် အဖွဲ့ဝင်များကို ကြင်ကြင်နာနာပက်ကေ့ချ်အားဝယ်ယူသည့် အချိန်တွင်လည်းကောင်း၊ Member Management Section တွင်လည်းကောင်း (MPT4U အတွင်းရှိ ကြင်ကြင်နာနာ ပက်ကေ့ချ်အားရွေးချယ်ပီးနောက် Member Management Section အတွင်းဝင်ရာက်ကာ) အဖွဲ့ဝင်များကို ပေါင်းထည့်နိုင်ပါသည်။
  • ကြင်ကြင်နာနာ ပက်ကေ့ချ်ကို ဝယ်ယူပါက MPT4U Application တွင် ထိပေါက်ကံစမ်းခွင့် (၁) ကြိမ်ရရှိမည်ဖြစ်ပါသည်။
  • ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် အဖွဲ့ဝင်များထံသို့ မိမိ၏ ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာများကို အခမဲ့ပေးပို့နိုင်ပါသည်။
  • ကြင်ကြင်နာနာပက်ကေ့ချ်ပိုင်ရှင်သည် Data Carry Plus ပက်ကေ့ချ်မှ ဒေတာများကိုလည်း ကြင်ကြင်နာနာဒေတာလွှဲပြောင်းနည်းအတိုင်း Data Transfer Section မှတစ်ဆင့် အဖွဲ့ဝင်များထံသို့ ပေးပို့မျှဝေနိုင်ပါသည်။
  • ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် တခြား ကြင်ကြင်နာနာ ပက်ကေ့ချ်၏ အဖွဲ့ဝင်ဖြစ်နိုင်ပါသည်။
  • သုံးစွဲသူများသည် ကြင်ကြင်နာနာပက်ကေ့ချ်ကို MPT4U တွင် အသုံးပြုရန် iOS Version 1.4.9 နှင့် Android Version 4.4.0 ရှိရန်လိုအပ်ပါသည်။

အမေးများသောမေးခွန်းများ

1. ကြင်ကြင်နာနာ ပက်ကေ့ချ် ဆိုတာဘာလဲ?

ကြင်ကြင်နာနာ ပက်ကေ့ချ် ဆိုသည်မှာ ဝန်ဆောင်မှုအသစ်များကို ထည့်သွင်းမိတ်ဆက် ပေးလိုက်သည့် အထူးပေါင်းစုပက်ကေ့ချ်များဖြစ်ပါသည်။ ကြင်ကြင်နာနာ ပက်ကေ့ချ်ကို ဝယ်ယူထားသော သုံးစွဲသူသည် တခြား MPT သုံးစွဲသူများအား အဖွဲ့ဝင်အဖြစ် သတ်မှတ်ပြီးနောက် မိမိပိုင်ဆိုင်သော ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာများအား ခွဲဝေပေးပို့နိုင်ပါသည်။

2. ကြင်ကြင်နာနာ ပက်ကေ့ချ်မှာ ဘာတွပါဝင်ပါလဲ?

အမည် နှုန်းထား (ကုန်သွယ်ခွန်ပါဝင်ပြီး) ဒေတာသက်တမ်း ကြင်ကြင်နာနာ အဖြစ်သတ်မှတ်နိုင်သောဦးရေ စုစုပေါင်းဒေတာ (GB) အဖွဲ့ဝင်ရနိုင်သောဒေတာ
(MB)
ဒေတာပေးပို့နိုင်မှု ပိုင်ရှင်ရရှိနိုင်သော အသံမိနစ်နှင့် စာတိုပမာဏ ပိုင်ရှင်ရရှိနိုင်သာ MPT club point ပမာဏ
ကြင်ကြင်နာနာ 2998 Pack ၂၉၉၈ ကျပ် ၃၀ ရက် ၂ (၁+၁) 1 GB 500 MB ကြင်ကြင်နာနာ နှင့် Data Carry Plus ပက်ကေ့ချ်
ဒေတာ
130 Onnet min & 130 Onnet SMS MPT Club – 400 Points
ကြင်ကြင်နာနာ 5498 Pack ၅၄၉၈ ကျပ် ၃၀ ရက် ၄ (၁+၃) 2 GB အဖွဲ့ဝင်တိုင်းအတွက် 500 MB ကြင်ကြင်နာနာ နှင့် Data Carry Plus ပက်ကေ့ချ်
ဒေတာ
190 Onnet min & 190 Onnet SMS MPT Club – 600 Points
ကြင်ကြင်နာနာ 9998 Pack ၉၉၉၈ ကျပ် ၃၀ ရက် ၆ (၁+၅) 4 GB အဖွဲ့ဝင်တိုင်းအတွက် 500 MB ကြင်ကြင်နာနာ နှင့် Data Carry Plus ပက်ကေ့ချ်
ဒေတာ
240 Onnet min & 240 Onnet SMS MPT Club – 1000 Points

3. ဘယ်သူတွေက ကြင်ကြင်နာနာ ပက်ကေ့ချ်ကို ဝယ်ယူနိုင်မှာလဲ?

MPT GSM/WCDMA prepaid (ဆွေသဟာ/ ရှယ်ပြော/ ရွှေစကား) လက်ရှိအသုံးပြုနေသူများ ပါဝင်နိုင်ပါတယ်။Postpaid, CDMA, Base Tariff သုံးစွဲသူများနှင့်လက်ရှိအသုံးမပြုနေသူများ  ပါဝင်နိုင်မည်မဟုတ်ပါ။

4. ကြင်ကြင်နာနာ ပက်ကေ့ချ်ကို ဘယ်လိုဝယ်ယူနိုင်မှာလဲ?

ကြင်ကြင်နာနာ ပက်ကေ့ချ်ကို MPT4U Application တွင်ဝယ်ယူနိုင်ပါသည်။ MPT4U Application အတွင်းရှိ ကြင်ကြင်နာနာ ပက်ကေ့ချ်အတွင်း ဝင်ရောက်ကာ မိမိကြိုက်နှစ်သက်ရာ ကြင်ကြင်နာနာ ပက်ကေ့ချ်အားရွေးချယ်ဝယ်ယူနိုင်ပါသည်။

5. ပက်ကေ့ချ်စျေးနှုန်းများမှာ အခွန်ပါဝင်ပြီးဖြစ်ပါသလား?

ပက်ကေ့ချ်စျေးနှုန်းများမှာ အခွန်ပါဝင်ပြီးဖြစ်ပါသည်။

6. ကြင်ကြင်နာနာ ပက်ကေ့ချ်၏ လက်ကျန်ပမာဏကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?

*224# ကိုခေါ်ဆိုပြီး ပက်ကေ့ချ်ဒေတာနှင့် သက်တမ်းကို စစ်ဆေးနိုင်ပါသည်။

7. ကြင်ကြင်နာနာ ပက်ကေ့ချ်ကို အကြိမ်ရေမည်မျှ ဝယ်ယူနိုင်မှာလဲ?

တူညီသော ကြင်ကြင်နာနာ ပက်ကေ့ချ်များကို အကြိမ်ရေအကန့်အသတ်မရှိ ဝယ်ယူနိုင်ပါသည်။ မတူညီသော ကြင်ကြင်နာနာ ပက်ကေ့ချ်များကိုမူ ထပ်မံဝယ်ယူနိုင်မည် မဟုတ်ပါ။ ( ကြင်ကြင်နာနာ 5498 Pack ကို ဝယ်ယူထားပြီးသော သူံးစွဲသူသည် ကြင်ကြင်နာနာ 5498 Pack ကိုသာ ထပ်မံဝယ်ယူနိုင်မည်ဖြစ်ပါသည်။) ပက်ကေ့ချ်ဒတာပမာဏနှင့် သက်တမ်းကို ပေါင်းစည်းအသုံးပြုနိုင်မည် ဖြစ်ပါသည်။

8. ပက်ကေ့ချ်ရဲ့ သက်တမ်းက ဘယ်လောက်လဲ?

ကြင်ကြင်နာနာ ပက်ကေ့ချ်၏ သက်တမ်းသည် (၃၀) ရက်ဖြစ်ပါသည်။ (၃၀) ရက်ပြည့်သော နေ့၏ ၂၃:၅၉:၅၉ တွင်သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသည်။

9. ကြင်ကြင်နာနာ ပက်ကေ့ချ်ကို ဝယ်ယူပါက ထိပေါက်ကံစမ်းခွင့်ရရှိနိုင်ပါသလား?

ကြင်ကြင်နာနာ ပက်ကေ့ချ်ကို ဝယ်ယူပါက MPT4U Application တွင် ထိပေါက်ကံစမ်းခွင့် (၁) ကြိမ်ရရှိမည်ဖြစ်ပါသည်။

10. ကြင်ကြင်နာနာ ပက်ကေ့ချ်တွင် သတ်မှတ်ထားသော ပိုင်ရှင် (Owner) နှင့် အဖွဲ့ဝင် (Member) ဆိုတာဘာလဲ?

ပိုင်ရှင်ဆိုသည်မှာ ကြင်ကြင်နာနာ ပက်ကေ့ချ်ကိုဝယ်ယူပြီး ကြင်ကြင်နာနာပက်ကေ့ချ် ဒေတာများနှင့် အဖွဲ့ဝင်များကို စီမံပိုင်ခွင့်ရှိသူဖြစ်ပါသည်။ အဖွဲ့ဝင်ဆိုသည်မှာ ပိုင်ရှင်မှ ကြင်ကြင်နာနာ ပက်ကေ့ချ်၏ အဖွဲ့ဝင်အဖြစ်သတ်မှတ်ပြီး ပိုင်ရှင်မှလွှဲပြောင်းပေးသော ဒေတာများကို လက်ခံရယူနိုင်သူဖြစ်ပါသည်။

11. ကြင်ကြင်နာနာ ပက်ကေ့ချ်တွင် အဖွဲ့ဝင်မည်မျှ ပါဝင်နိုင်ပါသလဲ?

ကြင်ကြင်နာနာ ပက်ကေ့ချ်တွင် ကြင်ကြင်နာနာ 2998 Pack အတွက် အဖွဲ့ဝင် (၁)ဦး၊ ကြင်ကြင်နာနာ 5498 Pack အတွက် အဖွဲ့ဝင် (၃)ဦး နှင့် ကြင်ကြင်နာနာ 9998 Pack အတွက် အဖွဲ့ဝင် (၅)ဦး ပါဝင်နိုင်ပါသည်။

12. အဖွဲ့ဝင်အနေဖြင့် မည်သည့်အရာကို ရရှိနိုင်ပါသလဲ?

အဖွဲ့ဝင်အဖြစ်အောင်မြင်စွာပေါင်းထည့်ပြီးနောက်တွင် ကြင်ကြင်နာနာ ဒေတာ 500 MB အား လက်ခံရရှိနိုင်ပါသည်။

13. ကြင်ကြင်နာနာ ပက်ကေ့ချ်ကို အဖွဲ့ဝင်ပေါင်းထည့်ခြင်းမပြုဘဲ အသုံးပြုနိုင်ပါသလား?

ကြင်ကြင်နာနာ ပက်ကေ့ချ်ကို အဖွဲ့ဝင်ပေါင်းထည့်ခြင်းမပြုဘဲ အသုံးပြုနိုင်ပါသည်။

14. ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် အဖွဲ့ဝင်များကို မည်သည့်အချိန်တွင် ပေါင်းထည့်နိုင်ပါသလဲ?

ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် အဖွဲ့ဝင်များကို ကြင်ကြင်နာနာပက်ကေ့ချ်အား ဝယ်ယူသည့်အချိန်တွင်လည်းကောင်း၊ Member Management Section တွင်လည်းကောင်း (MPT4U အတွင်းရှိ ကြင်ကြင်နာနာ ပက်ကေ့ချ်အား ရွေးချယ်ပြီး နောက် Member Management Section အတွင်းဝင်ရာက်ကာ) အဖွဲ့ဝင်များကို ပေါင်းထည့်နိုင်ပါသည်။

15. ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်ဟာ ကြင်ကြင်နာနာ ဒေတာအားလုံးကို ကိုယ်တိုင်အသုံးပြုနိုင်ပါသလား?

ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်ဟာ ကြင်ကြင်နာနာ ဒေတာအားလုံးကို ကိုယ်တိုင် အသုံးပြုနိုင်ပါတယ်။

16. အဖွဲ့ဝင်အသစ်တစ်ဦးပေါင်းထည့်ရန်အတွက် သတ်မှတ်ချက်ရှိပါသလား?

အဖွဲ့ဝင်အသစ်တစ်ဦးပေါင်းထည့်ရန်အတွက် ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်တွင် ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ အနည်းဆုံး 500 MB ရှိရမည်ဖြစ်ပြီး ပေါင်းထည့်နိုင်သည့် အဖွဲ့ဝင် အရေအတွက် လက်ကျန်ရှိရမည်ဖြစ်ပါသည်။

17. ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် တခြား ကြင်ကြင်နာနာ ပက်ကေ့ချ်၏ အဖွဲ့ဝင်ဖြစ်နိုင်ပါသလား?

ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် တခြား ကြင်ကြင်နာနာ ပက်ကေ့ချ်၏ အဖွဲ့ဝင်ဖြစ်နိုင်ပါသည်။

18. အဖွဲ့ဝင်များကိုပြောင်းလဲနိုင်ပါသလား?

ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် ကြင်ကြင်နာနာပက်ကေ့ချ် ကို တစ်ကြိမ်သာဝယ်ယူပါက ထည့်သွင်းပြီးသော အဖွဲ့ဝင်များကို ပက်ကေ့ချ်သက်တမ်းကုန်ချိန်အထိ မပြောင်းလဲနိုင်ပါ။ တူညီသော ကြင်ကြင်နာနာ ပက်ကေ့ချ်အမျိုးအစားအား အကြိမ်ရေများစွာထပ်မံဝယ်ယူပါက ပက်ကေ့ချ်ဝယ်ယူချိန်တွင် အဖွဲ့ဝင်များအား ပြောင်းလဲထည့်သွင်းနိုင်ပါသည်။

19. အဖွဲ့ဝင်တစ်ဦးအနေဖြင့်မိမိအားအဖွဲ့ဝင်အဖြစ်သတ်မှတ်ကြောင်းမည်သို့သိနိုင်သလဲ?

အဖွဲ့ဝင်တစ်ဦးအနေဖြင့် မိမိအားအဖွဲ့ဝင်အဖြစ်သတ်မှတ်ကြောင်းကို စာတိုတစ်စောင်နှင့်တူ ကြင်ကြင်နာနာဒေတာ 500 MB ကိုရရှိခြင်းဖြင့်သိရှိနိုင်ပါသည်။ ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ လက်ခံရရှိခြင်းကို *224# သို့ ခေါ်ဆိုခြင်းဖြင့်လည်းကောင်း၊ MPT4U Application တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့်လည်းကောင်း စစ်ဆေးနိုင်ပါသည်။

20. ဒေတာပေးပို့မှုအတွက် ဝန်ဆောင်ခကောက်ခံပါသလား?

ဒေတာပေးပို့မှုအတွက် ဝန်ဆောင်ခကောက်ခံခြင်းမရှိပါ။

21. ဒေတာပေးပို့မှုအတွက် သတ်မှတ်ချက်ရှိပါသလား?

ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် တစ်ကြိမ်လျှင် 500 MB အထိဒေတာပေးပို့နိုင်ပြီး တစ်ရက်အတွင်း အများဆုံး (၅) ကြိမ်ပေးပို့နိုင်ပါသည်။ တစ်လအတွင်း အများဆုံး အကြိမ် (၅၀) ပေးပို့နိုင်မည်ဖြစ်ပြီး လတစ်လ၏ပထမဆုံးရက်တွင် ဒေတာပေးပို့နိုင်မှု အကြိမ် (၅၀) အခွင့်အရေးကို ရရှိနိုင်မည်ဖြစ်ပါသည်။

22. ဒေတာပေးပို့မှုအောင်မြင်ကြောင်းမည်သို့သိရှိနိုင်ပါသလဲ?

ဒေတာပေးပို့မှုအောင်မြင်ကြောင်းကို ဖော်ြပပါအသိပေးချက်အား ရရှိခြင်းအားဖြင့် သိရှိနိုင်ပါသည်။ “လူကြီးမင်းသည် XXXXMB ဒေတာကို 09XXXXXXXXX သို့အောင်မြင်စွာ လွှဲပြောင်းပြီးဖြစ်ပါသည်။”

23. ကြင်ကြင်နာနာ ပက်ကေ့ချ်ကို တခြားသူများသို့လက်ဆောင်ပေးလို့ရပါလား?

ကြင်ကြင်နာနာ ပက်ကေ့ချ်ကို တခြားသူများသို့လက်ဆောင်ပေးလို့ရနိုင်ပါတယ်။ မိမိလက်ဆောင် ပေးပို့လိုသောသူတွင် လက်ရှိအသုံးပြုနေသော ကြင်ကြင်နာနာ ပက်ကေ့ချ်မရှိပါက ကြိုက်နှစ်သက်ရာ ကြင်ကြင်နာနာပက်ကေ့ချ်အားပေးပို့နိုင်ပါသည်။ မိမိလက်ဆောင်ပေးပို့လိုသောသူတွင် လက်ရှိအသုံးပြုနေသော ကြင်ကြင်နာနာ ပက်ကေ့ချ်ရှိပါက တူညီသော ကြင်ကြင်နာနာ ပက်ကေ့ချ်အားပေးပို့နိုင်ပါသည်။ MPT4U Application အတွင်းရှိ ကြင်ကြင်နာနာ ပက်ကေ့ချ်အား ရွေးချယ်ကာ မိမိလက်ဆောင်ပေးမည့် ဖုန်းနံပါတ်ကိုရိုက်နှိပ်ပြီး လက်ဆောင်ပေးပို့နိုင်ပါသည်။

24. ကြင်ကြင်နာနာ ပက်ကေ့ချ်အား လက်ဆောင်အဖြစ်လက်ခံရရှိသူတွင် လက်ရှိအသုံးပြုနေသော ကြင်ကြင်နာနာပက်ကေ့ချ်နှင့် အဖွဲ့ဝင်များရှိနေပါက ဘယ်လိုဖြစ်မှာလဲ။

ကြင်ကြင်နာနာ ပက်ကေ့ချ်အား လက်ဆောင်အဖြစ်လက်ခံရရှိသူတွင် လက်ရှိအသုံးပြုနေသော ကြင်ကြင်နာနာပက်ကေ့ချ်နှင့် အဖွဲ့ဝင်များရှိနေပါက ပက်ကေ့ချ်အားလက်ဆောင်ရရှိပြီးချိန်တွင် လက်ရှိအဖွဲ့ဝင်များသည် ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ 500MB ကိုလက်ခံရရှိမည်ဖြစ်သည်။

25. အဖွဲ့ဝင်များကို မည်သို့စစ်ဆေးနိုင်ပါသလဲ?

MPT4U အတွင်းရှိ ကြင်ကြင်နာနာ ပက်ကေ့ချ်အားရွေးချယ်ကာ Member Management Section အတွင်းဝင်ရောက်၍ အဖွဲ့ဝင်များအား စစ်ဆေးခြင်း/ပေါင်းထည့်ခြင်းများ ဆောင်ရွက်နိုင်ပါသည်။

26. အဖွဲ့ဝင်တွင်လက်ခံရရှိသော ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ၏သက်တမ်းကဘယ်လိုလဲ?

အဖွဲ့ဝင်တွင်လက်ခံရရှိသော ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ၏သက်တမ်းသည် ပိုင်ရှင်တွင်ရှိသော ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ၏ သက်တမ်းနှင့် အတူတူပင် ဖြစ်ပါသည်။ ပိုင်ရှင်သည် တူညီသော ကြင်ကြင်နာနာ ပက်ကေ့ချ်အား အကြိမ်ရေများစွာ ဝယ်ယူပြီးနောက် တူညီသောအဖွဲ့ဝင်များကိုဆက်လက်ထည့်သွင်းထားပါက အဖွဲ့ဝင်တွင် လက်ခံရရှိသော ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာများသည် တစ်စုတည်းအဖြစ် ပေါင်းစည်းကာ အမြင့်ဆုံးသက်တမ်းကို ရရှိမည်ဖြစ်ပါသည်။ အကယ်၍ပိုင်ရှင်သည် တခြားအဖွဲ့ဝင်များကို ပြောင်းလဲထည့်သွင်းပါက ပယ်ဖျက်ခြင်းခံရသောအဖွဲ့ဝင်သည် ဒေတာထပ်မံရရှိမည်မဟုတ်ဘဲ နဂိုဒေတာအား၎င်း၏မူလသက်တမ်းအတိုင်း အသုံးပြုနိုင်မည် ဖြစ်ပါသည်။

27. ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် ဒေတာအပြင် တခြား အသံနှင့် ငွေပမာဏများကို အဖွဲ့ဝင်များသို့ ပေးပို့နိုင်ပါသလား?

မပေးပို့နိုင်ပါ။ ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ တစ်မျိုးတည်းကိုသာ အဖွဲ့ဝင်များသို့ ပေးပို့နိုင်ပါသည်။

28. ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် ကံထူးထားသည့် ဒေတာများကို ပေးပို့နိုင်ပါသလား?

မပေးပို့နိုင်ပါ။ ကြင်ကြင်နာနာ ပက်ကေ့ချ်ပိုင်ရှင်သည် ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ တစ်မျိုးတည်းကိုသာ အဖွဲ့ဝင်များသို့ ပေးပို့နိုင်ပါသည်။

29. ကြင်ကြင်နာနာပက်ကေ့ချ်ပိုင်ရှင်သည် တခြားပက်ကေ့ချ်များ၏ ဒေတာများကို အဖွဲ့ဝင်များထံသို့ ပေးပို့နိုင်ပါသလား?

ပေးပို့နိုင်ပါသည်။ ကြင်ကြင်နာနာပက်ကေချ်ပိုင်ရှင်သည် Data Carry Plus ပက်ကေ့ချ်၏ ဒေတာကို အဖွဲ့ဝင်များထံသို့ပေးပို့နိုင်ပါသည်။ ထိုသို့ပေးပို့ရာတွင် တစ်ကြိမ်လျှင် ပက်ကေ့ချ်တစ်ခုချင်းစီ၏ ဒေတာများကို သီးသန့်သာပေးပို့နိုင်ပါသည်။ (ဥပမာ- အဖွဲ့ဝင်ထံသို့ 500MB ဒေတာပမာဏပေးပို့လိုပါက ကြင်ကြင်နာနာပက်ကေ့ချ်မှ ဒေတာ 200MB နှင့် Data Carry Plus ပက်ကေ့ချ်မှ ဒေတာ 300MB စသည်ဖြင့် ပေါင်းစပ် ပေးပို့နိုင်မည်မဟုတ်ဘဲ 200MB ကြင်ကြင်နာနာဒေတာ, 300MB Data Carry Plus ဒေတာ စသည်ဖြင့် သီးခြား တစ်ကြိမ်စီဖြင့် စုစုပေါင်း နှစ်ကြိမ်ပေးပို့ရမည်ဖြစ်ပါသည်။

30. အဖွဲ့ဝင်တစ်ဦးတည်းထံသို့ ဒေတာပမာဏအများကြီးဘယ်လိုပေးပို့နိုင်မလဲ?

ဒေတာပေးပို့လိုသောအဖွဲ့ဝင်အားပေါင်းထည့်ပြီးနောက်တွင် တစ်ကြိမ်လျှင်အများဆုံး 500 MB ဒေတာပမာဏဖြင့် တစ်ရက်အတွင်း (၅) ကြိမ်ပေးပို့နိုင်ပါသည်။ MPT4U အတွင်းရှိ ကြင်ကြင်နာနာ ပက်ကေ့ချ်အတွင်းဝင်ရောက်ကာ Data Transfer Section ကိုရွေးချယ်၍ ပေးပို့လိုသည့် အဖွဲ့ဝင်နှင့်ဒေတာပမာဏတို့ကိုရွေးချယ်ကာ ပေးပို့နိုင်ပါသည်။

31. MPT Club points တွေကိုဘယ်လိုသုံးနိုင်ပါသလဲ?

MPT Club Point များကို MPT ၏ဝန်ဆောင်မှုများ (သို့မဟုတ်) MPT ၏ ပါတနာဆိုင်များတွင် အထူးကူပွန်များအနေဖြင့် လဲလှယ်အသုံးပြုနိုင်ပါသည်။

32. ကြင်ကြင်နာနာ ပက်ကေ့ချ်ကို လက်ဆောင်ပေးတဲ့အခါ ထိပေါက်ကံစမ်းခွင့်ကို ဘယ်သူကရမလဲ?

ကြင်ကြင်နာနာ ပက်ကေ့ချ်ကို လက်ဆောင်ပေးတဲ့အခါ ထိပေါက်ကံစမ်းခွင့်ကို လက်ဆောင်အား လက်ခံသူက ရရှိမည်ဖြစ်ပါသည်။

33. ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာတွေကို ဘယ်လိုသုံးနိုင်မလဲ?

ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာများကို အင်တာနက်အသုံးပြုမှုအားလုံးအတွက် အသုံးပြုနိုင်ပါသည်။

34. အဖွဲ့ဝင်မဟုတ်သူများထံသို့ ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာပေးပို့လို့ရနိုင်ပါသလား?

မရနိုင်ပါ။ အဖွဲ့ဝင်အဖြစ်စာရင်းသွင်းသတ်မှတ်ထားသူများထံသို့သာ ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာ ပေးပို့နိုင်ပါသည်။

35. အဖွဲ့ဝင်သည် ပိုင်ရှင်နှင့်သက်တမ်းတူညီသော ဒေတာကိုရနိုင်ပါသလား?

အဖွဲ့ဝင်သည် ပိုင်ရှင်နှင့်သက်တမ်းတူညီသော ဒေတာကိုရနိုင်ပါသည်။

36. ပိုင်ရှင်နှင့် အဖွဲ့ဝင်တွေမှာ ဘာကွာခြားချက်ရှိသလဲ?

• ကြင်ကြင်နာနာ ပက်ကေ့ချ်ကိုဝယ်ယူထားသောပိုင်ရှင်သည် ကြင်ကြင်နာနာ ပက်ကေ့ချ်ဒေတာနှင့်အတူ MPT နံပါတ်များသို့ဖုန်းခေါ်ဆိုခွင့်၊ SMS ပေးပို့ခွင့်နှင့် MPT club point များရရှိနိုင်ပါသည်။
• အဖွဲ့ဝင်အနေဖြင့် ပိုင်ရှင်မှအဖွဲ့ဝင်အဖြစ်ထည့်သွင်းပြီးနောက်တွင် ဒေတာ 500 MB ကိုလက်ခံရယူပြီးနောက် ပိုင်ရှင်မှလွှဲပြောင်းပေးပို့သောဒေတာများကိုလည်း လက်ခံရယူနိုင်ပါသည်။

37. အဖွဲ့ဝင်များထံသို့ ဒေတာပေးပို့မှုမှတ်တမ်းကို ဘယ်လိုစစ်ဆေးနိုင်မလဲ?

အဖွဲ့ဝင်များထံသို့ ဒေတာပေးပို့မှုမှတ်တမ်းကို MPT4U Application အတွင်းရှိ ကြင်ကြင်နာနာ ပက်ကေ့ချ်အားရွေးချယ်၍ Data Transfer Section အတွင်းသို့ဝင်ရောက်ကာ “ History Check” ကိုနှိပ်၍ ဒေတာပေးပို့မှုမှတ်တမ်းကို နေရက်နှင့်အချိန်အလိုက် ကြည့်ရှုနိုင်ပါသည်။

38. ကြင်ကြင်နာနာပက်ကေ့ချ်၏ လုပ်ဆောင်ချက်များကို အပြည့်အဝရရှိနိုင်ရန် မည်သို့ ဆောင်ရွက်ရမည်နည်း?

ကြင်ကြင်နာနာပက်ကေ့ချ်၏ လုပ်ဆောင်ချက်များကို အပြည့်အဝရရှိနိုင်ရန် နောက်ဆုံးထွက်ရှိသော MPT4U Version အားအသုံးပြုရန်လိုအပ်ပါသည်။

39. ပရိုမိုးရှင်းကာလက ဘယ်အချိန်အထိလဲ?

ပရိုမိုးရှင်းကာလမှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့မှ ထပ်မံမကြေညာမီအချိန်အထိ ဖြစ်ပါသည်။

best operator in Myanmar