MPT Hti Pauk Lucky Draws

MPT မှ လေးစားတန်ဖိုးထားရပါသော သုံးစွဲသူများအတွက် ကိုယ်ကြိုက်နှစ်သက်ရာနည်းလမ်းဖြင့် ပတ်ကေ့ချ်များဝယ်ယူ၍ ကံစမ်းနိုင်တဲ့ အထူးဒေတာဆုမဲများ၊ အလန်းစား ဆုကြီးများစွာပါဝင်သော ထိပေါက် Lucky Drawများကိုမိတ်ဆက်လိုက်ပါပြီ။ဒါ့ကြောင့်အခုပဲ ကံစမ်းလိုက်ကြပါစို့။

MPT’s Hti Pauk Lucky Draws

ပတ်ကေ့ချ်ထိပေါက်

package-hti-pauk-mm-1024x240

Special Offer ထိပေါက်

special-offer-hti-pauk-mm-1024x371

PUBG ထိပေါက်

pubg-hti-pauk-mm--1024x347

-B2B Offerများ၊ MPT Club၏ Offerများ( Pointsများလဲလှယ်ခြင်း)၊အခြား Offerများနှင့် အခြားသော MPT၏ ကမ်းလှမ်းချက်များသည် ပတ်ကေ့ချ်ထိပေါက် နှင့် Special Offer ထိပေါက်တွင် အကျုံးမဝင်ပါ။

နယူးထိပေါက်အစီအစဉ်တွင် ပါဝင်ရန် MPT4U App ၏ နောက်ဆုံးဗားရှင်းကို အင်တာနက်အခမဲ့ဖြင့် ဒေါင်းလုတ်ရယူနိုင်ပါသည်။

Google Play Store နှင့် App Store တို့တွင်လည်းရရှိနိုင်ပါသည်။

အမေးများသောမေးခွန်းများ

1. ထိတိုင်းထော” (Htaw B Hti Pauk) ကံစမ်းမဲအစီအစဉ်ဆိုတာဘာလဲ?

“ထိတိုင်းထော” (Htaw B Hti Pauk) ကံစမ်းမဲအစီအစဉ်ဆိုတာ မိမိကြိုက်နှစ်သက်ရာနည်းလမ်းဖြင့် (MPT4U, USSD နှင့် အခြားနည်းလမ်းများ) ဖြင့် ထောဘီပက်ကေ့ချ်ဝယ်ယူရုံနဲ့ “ထိတိုင်းထော” ဂိမ်းထဲ၌ ကံစမ်းရန် အခွင့်အရေး(၁)ကြိမ် ရရှိဆော့ကစားနိုင်ပြီး ထောဘီဖုန်းဘေလ် အဆပေါင်း ၁၀၀ ထိ ကံစမ်းနိုင်မှာ ဖြစ်ပါတယ်။ MPT4U website (https://my.mpt.com.mm/#/) မှတစ်ဆင့်လည်း MPT ကွန်ယက်ဖြင့် ဒေတာအခမဲ့ ကံစမ်းနိုင်မှာဖြစ်ပါတယ်။

2. MPT4U မှမဟုတ်ဘဲ အခြားနည်းလမ်းများ (USSD, DMS စသည်တို့) ဖြင့် ပက်ကေ့ချ်ဝယ်ယူပါက ထိတိုင်းထော (Htaw B Hti Pauk) အစီအစဉ်မှာဆော့နိုင်ပါသလား?

မေလ ၂၈ရက်နေ့မှစ၍ သုံးစွဲသူများအနေဖြင့် မိမိကြိုက်နှစ်သက်ရာ နည်းလမ်းများ (MPT4U, USSDနှင့် အခြားနည်းလမ်းများ) ဖြင့် ထောဘီပက်ကေ့ချ်ကို ဝယ်ယူပါက ထိတိုင်းထော (Htaw B Hti Pauk) အစီအစဉ်တွင် ပါဝင်ကံစမ်းနိုင်ပါတယ်။ သုံးစွဲသူအနေဖြင့် ထောဘီပက်ကေ့ချ်ကိုဝယ်ယူပြီးပါက ထိတိုင်းထော (Htaw B Hti Pauk) ကစားရန် Linkပါသော SMSကိုရရှိမှာဖြစ်ပါတယ်။

3. “ထိတိုင်းထော” (Htaw B Hti Pauk) ကံစမ်းမဲအစီအစဉ်မှာ ဘယ်သူတွေပါဝင်ကံစမ်းနိုင်မှာလဲ?

MPT4U app နောက်ဆုံးဗားရှင်းရယူထားတဲ့ လက်ရှိ Prepaid စနစ် အသုံးပြုနေသော MPT သုံးစွဲသူတိုင်း အစီအစဉ်မှာပါဝင်နိုင်ပြီး ထောဘီဖုန်းဘေလ်များကို ကံစမ်းရယူနိုင်မှာဖြစ်ပါတယ်။ CDMA သုံးစွဲသူများ၊ Postpaid စနစ်အသုံးပြုနေသူများ၊ MPT ဝန်ထမ်းနံပါတ်များ၊ လက်ရှိအသုံးပြုနေခြင်းမရှိသည့် ဝယ်ယူသူများသည် “ ထိတိုင်းထော” (Htaw B Hti Pauk) ကံစမ်းမဲတွင် ပါဝင်ကံစမ်းနိုင်မှာမဟုတ်ပါ။

4. “ထိတိုင်းထော” (Htaw B Hti Pauk) ကံစမ်းမဲအစီအစဉ်ကနေ ဘာတွေကံထူးနိုင်တာလဲ?

ထောဘီဖုန်းဘေလ် အဆပေါင်း ၁၀၀ ထိ ကံထူးနိုင်မှာ ဖြစ်ပါသည်။

5. ကံထူးထားတဲ့ ထောဘီဖုန်းဘေလ်ကို ဘာတွေအသုံးပြုလို့ရမှာလဲ?

ကံထူးထားသည့် ထောဘီဖုန်းဘေလ်များကို ရရှိထားသည့်သက်တမ်းအလိုက် MPT ဖုန်းများသို့ခေါ်ဆိုခြင်းနှင့် SMS ပို့ခြင်း၊ သုံးသလောက်ပေးအင်တာနက်တို့အတွက် ထောဘီပက်ကေ့ချ်၏နှုန်းထားများအတိုင်း အသုံးပြုနိုင်ပါသည်။

6. ဆုတွေကံထူးကြောင်း ဘယ်လိုသိရမှာလဲ?

ကံထူးသူများသည် ဆုများကံထူးကြောင်း စာတိုရရှိမှာဖြစ်ပါတယ်။

7. ကံစမ်းခွင့်က သက်တမ်းကုန်ဆုံးရက်ရှိပါသလား။

ကံစမ်းခွင့်ရတဲ့နေ့ ရဲ့ ၀၀:၀၀:၀၀ နာရီတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး နောက်နေ့သို့ သယ်ဆောင်အသုံးပြု၍ မရနိုင်ပါ။ ပက်ကေ့ချ်တစ်ခုထက်ပို၍ ဝယ်ယူထားပြီး ကံစမ်းခွင့်များကို အသုံးပြုရန် ကျန်ရှိနေပါက သက်တမ်းမကုန်ဆုံးခင် ၂၁:၀၀:၀၀ နာရီတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း အသိပေးစာရရှိမှာဖြစ်ပါတယ်။

8. ယခင်က ထောဘီပက်ကေ့ချ်ဝယ်ရင် နယူးထိပေါက်ဂိမ်းမှာ ကံစမ်းခွင့် (၁)ကြိမ် ရရှိပါတယ်။ ယခု နယူးထိပေါက်ဂိမ်းမှာ ကံစမ်းခွင့် (၁)ကြိမ်မတွေ့ပါဘူး။ ဘာဖြစ်လို့ပါလဲ။

MPT သုံးစွဲသူများအတွက် အစီအစဉ်အသစ်အဖြစ် ထောဘီပက်ကေ့ချ်ကို မိမိကြိုက်နှစ်သက်ရာ နည်းလမ်း (MPT4U, USSD နှင့် အခြားနည်းလမ်းများ) ဖြင့် ဝယ်ယူတိုင်း ထောဘီဖုန်းဘေလ် အဆပေါင်း ၁၀၀ အထိကံထူးနိုင်တဲ့ “ထိတိုင်းထော” (Htaw B Hti Pauk) အစီအစဉ်မှာ ကံစမ်းခွင့်များ ရယူကံစမ်းနိုင်မှာပါ။

9. Data Carry Plus ပက်ကေ့ချ်ဝယ်ယူထားပါတယ်။ ယခုကံစမ်းမဲအစီအစဉ်တွင် ကံစမ်းခွင့်မရှိတော့ဘူးလား။

ကံစမ်းခွင့်မရရှိပါ။ ထောဘီနှင့် PUBG ပက်ကေ့ချ်များမှလွဲ၍ အခြားမည်သည့်ပက်ကေ့ချ်မဆိုဝယ်ယူတိုင်း “နယူးထိပေါက်” ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ကံစမ်းနိုင်မှာဖြစ်ပါတယ်

10. MPT4U Appကိုဘယ်လိုရယူနိုင်ပါသလဲ?

MPT4U Appကို Google Play Storeမှသော်လည်းကောင်း၊ App Storeမှသော်လည်းကောင်း ဒေါင်းလုတ်ဆွဲ၍ရယူနိုင်သလို လိုတရဝက်ဆိုက်ဒ်မှ အခမဲ့ဒေါင်းလုတ်ဆွဲ၍ အသုံးပြုနိုင်ပါတယ်။

11. MPT4U Appကိုဘယ်လိုUpgradeလုပ်နိုင်ပါသလဲ?

သုံးစွဲသူအနေဖြင့် Update Nowဆိုသော ခလုတ်ကိုနှိပ်၍ လိုတရ ဝက်ဘ်ဆိုက်မှတစ်ဆင့် (သို့) *4040# ကိုခေါ်ဆို၍လည်း အခမဲ့ဒေါင်းလုတ်ပြုနိုင်မှာပါ။ IOSအသုံးပြုသူများအနေဖြင့်မူ App Storeတစ်မျိုးတည်းမှသာ ဒေါင်းလုတ်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

12. ကံစမ်းမဲကာလက ဘယ်အထိလဲ?

“ထိတိုင်းထော” (Htaw B Hti Pauk) ဂိမ်းအား  ယခုလက်ရှိ MPT4Uတွင် ထောဘီပတ်ကေ့ချ်ဝယ်ယူသူများသာ ကစားနိုင်သော်လည်း မေလ ၂၈ရက် မှစ၍ ထပ်မံမကြေညာမီအချိန်အတွင်း ကြိုက်နှစ်သက်ရာ နည်းလမ်းဖြင့် ပတ်ကေ့ချ်ဝယ်ယူသူများပါကစားနိုင်မည် ဖြစ်သည်။

best operator in Myanmar