အမျိုးအစားလိုက် ရွေးရန်

အမေးများသောမေးခွန်းများ

MPT4U

၁။ MPT4U App ဆိုတာဘာလဲ။ မည်သည့်ဝန်ဆောင်မှု များ ရယူနိုင်သလဲ။

MPT အသုံးပြုသူတို့အတွက် ဝန်ဆောင်မှုမျိုးစုံတို့ကို တစ်နေရာထဲမှာအသုံးပြုနိုင်တဲ့ Application တစ်ခုဖြစ်ပါသည်။ MPT4U app ကို မြန်မာဘာသာဖြင့်အသုံးပြုလို့ရနိုင်ပါသည်။
MPT4U app မှတစ်ဆင့်
– လက်ကျန်ငွေစစ်ဆေးခြင်း၊
– ဖုန်းဘေလ်ဖြည့်ခြင်း၊
– နေ့စဉ်အသုံးပြုသည့် ဖုန်းဘေလ်နှင့်ထပ်ဆောင်းဝန်ဆောင်မှု၏ဝန်ဆောင်ခများစစ်ဆေးခြင်း ၊
– ပက်ကေ့ချ်ဝယ်ယူခြင်း၊
– ဖုန်းဘေလ်ချေးယူခြင်း
– ဖုန်းဘေလ်လွှဲပြောင်းခြင်း၊
– ပက်ကေ့ချ် လက်ကျန် ပမာဏများ စစ်ဆေးနိုင်ခြင်း၊
– ရယူထားသော ထပ်ဆောင်းဝန်ဆောင်မှုများကို စစ်ဆေးနိုင်ခြင်း၊
– Call Service ဝန်ဆောင်မှု့များ ရယူနိုင်ခြင်း၊
– တူတူChat ဝန်ဆောင်မှု့များ ရယူနိုင်ခြင်း၊
– FAQ များ ဖတ်ရှု့နိုင်ခြင်း၊
– MPT Ring Tune ရယူခြင်း၊
– MPT Club ပွိုင့်များ စစ်ဆေးနိုင်ခြင်း၊
– လိုတရ ပက်ကေ့ချ် သို့ဝင်ရောက်နိုင်ခြင်း၊
– ရှယ်ပြော၊ ရွှေစကား အစရှိသော ဝန်ဆောင်မှု များပြောင်းလဲနိုင်ခြင်း၊
– MPT4U ဂိမ်း ဝန်ဆောင်မှု အစရှိတဲ့ဝန်ဆောင်မှုများ ရရှိနိုင်ပါသည်။

၂။MPT4U App ကိုဘယ်လို Download ရယူရမလဲ။

MPT4U App Download & Install လုပ်ပုံအဆင့်ဆင့်ကို ဒီလင့်ခ်မှတစ်ဆင့်ဝင်ရောက်ကြည့်ရှုပါ။
lotayamm.com/mpt4u#howtodownload
Android ဖုန်းများအတွက် *4040# ကိုခေါ်ဆို၍ သော်လည်းကောင်း ၊ လိုတရဝက်ဆိုက်ဒ်မှ သော်လည်ကောင်း အခမဲ့ ဒေါင်းလုတ်ဆွဲ၍ ရယူနိုင်ပါသည်။ IOS အသုံးပြုသူများအနေနဲ့ MPT4U APP ကို App Storeမှသာလျှင် download / update ဆွဲ၍ရယူနိုင်ပါသည်။ iOS အတွက် MPT4U App Download ကအခမဲ့မဟုတ်ပါ။ App Store မှအင်တာနက်ကုန်ကျမှုဖြင့်ရယူနိုင်ပါသည်။

၃။ MPT4U App ကိုဘယ်လိုအသုံးပြုရမလဲ။

MPT4U App ကို အသုံးပြုရန် အောက်ဖော်ပြပါ အတိုင်းတစ်ဆင့်ခြင်းလုပ်ဆောင်၍အသုံးပြုနိုင်ပါသည်။
(၁) ဖုန်း အင်တာနက်ဖွင့်ပါ။
(၂) ဖုန်းထဲရှိ MPT4U App ထဲသို့ဝင်ပါ။
(၃) App ၏ပင်မစာမျက်နှာသို့ရောက်ရှိပါမည်။
App ၏ပင်မစာမျက်နှာ တွင်မိမိအသုံးပြုလိုသောဝန်ဆောင်မှု့များကို ရွေးချယ်အသုံးပြုနိုင်ပါသည်။

၄။ဘာကြောင့်MPT4Uကို ဝင်မရပဲ Loding Pageမှာရပ်တန့်နေတာလဲ။

VPNကိုပိတ်ထားရန် နှင့် setting ထဲမှ cache များကိုရှင်းလင်းပေးရန်လိုအပ်ပါသည်။အစဥ်မပြေပါက MPTU နောက်ဆုံးဗားရှင်းကို upgrade လုပ်ဖို့ အကြုံပြုလိုပါသည်။

၅။ဘာကြောင့် MPT4Uကို play storeမှာ install လုပ်မရတာလဲ။

သင်သည်VPN ပိတ်ရန်လိုအပ်ပြီး MPT4U ကိုinstall လုပ်ရန် ဖုန်းဗားရှင်း Android version 6 အနည်းဆုံးရှိရန်လိုအပ်ပါသည်။ဒါ့အပြင် MPT4U ကို*4040# ခေါ်ဆိုပြီးlink မှအခမဲ့ဒေါင်းလုတ်လုပ်နိုင်ပါသည်။

၆။ ဘာကြောင့် MPT4Uကို App storeမှာ install လုပ်မရတာလဲ။

သင်သည်VPN ပိတ်ရန်လိုအပ်ပြီး MPT4U ကိုinstall လုပ်ရန် ဖုန်းဗားရှင်း IOS version 10 အနည်းဆုံးရှိရန်လိုအပ်ပါသည်။

၇။MPT4Uမှာ ထိပေါက်ကစားခွင့်ရှိပြီး ဆော့မရလို့ ဘယ်လိုပြုလုပ်ရမလဲသိပါရစေ။

Setting ထဲမှ cache များကိုရှင်းပေးပါ။*4040# ကိုခေါ်ဆိုပြီး ပေးပို့လာသောစာထဲမှ ဒုတိယ လင့်ကိုနှိပ်ပြီးတိုက်ရိုက်အသုံးပြုနိုင်ပါတယ်။MPT4Uနောက်ဆုံးဗားရှင်းကိုအသုံးပြုပေးရန် အကြုံပြုလိုပါတယ်။

၈။ MPT4U ကိုအသုံးပြုရန်VPN လိုအပ်ပါသလား။ အင်တာနက်မလိုဘဲMPT4U ကိုအသုံးပြုရန်အတွက် ဝန်ဆောင်ခပေးရန်လိုအပ်ပါသလား။ ဝန်ဆောင်မှုအားလုံးသုံးနိုင်မည်လား။

– MPT4U APP ကို VPN ချိတ်ဆက်ထားပြီး အသုံးပြုလို့ရသလို မချိတ်ဆက်ထားရင်လည်း အသုံးပြုလို့ရပါတယ်။VPN ချိတ်ပြီးအသုံးပြုပါက OTP တောင်းပြီးနောက် ဝင်ရောက်အသုံးပြုနိုင်ပါသည်။
– MPT4U ကို MPT ကွန်ရက်တွင်အသုံးပြုပါက အမြဲတမ်းအခမဲ့ အသုံးပြုနိုင်ပါသည်။
– ယခုအချိန် အင်တာနက်မလိုဘဲသုံးနိုင်သော ဝန်ဆောင်မှုများမှာ
i. လက်ကျန်ငွေစစ်ဆေးခြင်း
ii. နေစဉ်အသုံးပြုမှုမှတ်တမ်းစစ်ဆေးခြင်း
iii. ငွေဖြည့်ကဒ်အသုံးပြု၍ ငွေဖြည့်နိုင်ခြင်း
iv. ပက်ကေ့ချ်ဝယ်ယူခြင်း
v. အထူးကမ်းလှမ်းချက်များ ဝယ်ယူခြင်း
vi. လက်ကျန်ချေးငွေရယူခြင်း
vii. လက်ကျန်ငွေလွဲပြောင်းခြင်း
viii. MPT Club ပွိုင့် စစ်ဆေး အသုံးပြုခြင်း
ix. ထိပေါက်ဆော့ခြင်း
x. ငွေဖြည့်မှတ်တမ်း နှင့် ပက်ခ်ျေ့ဝယ်ယူခြင်းမှတ်တမ်း စစ်ဆေးခြင်း
xi. ဖုန်းခေါ်ဆိုခြင်းဝန်ဆောင်မှုနှင့် အစီအစဉ်ပြောင်းခြင်း တို့အသုံးပြုနိုင်ပါသည်။
– ထို့အပြင် အင်တာနက်မလိုဘဲMPT4U ထိပေါက်ဆော့လို့ရပါသည်။ သို့သော် တခါတရံ တုံပြန်မှုနှေးနိုင်ပါတယ်။

၉။ အင်တာနက်မလိုဘဲMPT4U ကိုအသုံးပြုရာတွင် ဘယ်ဝန်ဆောင်မှုများ မရနိုင်မည်နည်း။

အင်တာနက်မရှိဘဲ သုံးပါကအောက်ပါဝန်ဆောင်မှုများမရရှိပါ။
i. ဖျော်ဖြေရေးဝန်ဆောင်မှုများဖြစ်သော မဟာ၊Viu၊ Mobile Legends ၊ MPT recommended video၊ MNL, MPT Ballone တို့သုံး၍မရပါ။
ii. သတင်းအချက်အလက်နှင့်တခြားဝန်ဆောင်မှုများဖြစ်သော လိုတရ၊ တရားတော်များ၊ ဗေဒင် ၊ ကျန်းမာရေးအာမခံနှင့် ဉာဏ်စမ်းဝန်ဆာင်မှူတို့မရပါ။
iii. တခြားMPT၏လူမှုကွန်ရက်များ Viber, Line, Facebook တို့ အသုံးပြု၍မရပါ။

၁၀။ MPT4U App ကိုအခြားဘယ် Network နဲ့ မဆိုသုံးလို့ရနေပြီလား။

MPT Network သာမက အခြား Network နှင့်လည်းကောင်း၊ Wifi ဖြင့်လည်းကောင်းအသုံးပြုလို့ရပါသည်။ MPT Network ဖြင့်ဝင်ရောက်ပါက အင်တာနက် အခမဲ့ဖြစ်ပါသည်။

၁၁။ MPT4U Appကိုဘယ်လိုUpgradeလုပ်နိုင်ပါသလဲ?

သုံးစွဲသူအနေဖြင့် Update Nowဆိုသော ခလုတ်ကိုနှိပ်၍ လိုတရ ဝက်ဘ်ဆိုက်မှတစ်ဆင့် (သို့) *4040# ကိုခေါ်ဆို၍လည်း အခမဲ့ဒေါင်းလုတ်ပြုနိုင်မှာပါ။ IOSအသုံးပြုသူများအနေဖြင့်မူ App Storeတစ်မျိုးတည်းမှသာ ဒေါင်းလုတ်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

၁၂။မိမိဖုန်းတွင် MPT4U အက်ပလီကေးရှင်း ဗားရှင်းကိုဘယ်လိုစစ်ဆေးနိုင်မလဲ။ MPT4U Version အသစ်ကဘာလဲ။ Version အသစ်ကို အသုံးပြုရန် အနိမ့်ဆုံး Android နဲ့ iOS ဗားရှင်းကဘယ်လောက်ရှိရမှာလဲ။

– Side bar menu အောက်ရှိ Setting page မှာဗားရှင်းကို သွားရောက်စစ်ဆေးနိုင်ပါတယ်။
– MPT4U Version အသစ် မှာ IOS : 1.4.11 နှင့် Andorid : 4.4.3 ဗားရှင်း ဖြစ်ပါတယ်။
– Android ဗားရှင်း “ 6” ထက်နိမ့်ပြီး iOS ဗားရှင်း “ 10” ထက်နိမ့်လျှင် အသုံးပြုမရပါ။

၁၃။ သတ်မှတ်ထားသည့် version ထက်နိမ့်နေသော ဖုန်းများသည် MPT4U Versionအသစ်ကိုအသုံးပြုရန် ဒေါင်းလုတ်လုပ်ပြီးတပ်ဆင်နိူင်ပါသလား။

သတ်မှတ်ထားသည့် version ထက်နိမ့်နေသော ဖုန်းများတွင် အက်ပလီကေးရှင်းကို ​ဒေါင်းလုတ် လုပ် နိူင်သော်လည်း တစ်ချို့လုပ်ဆောင်မှုများကို အသုံးမပြုနိုင်ဘဲ အလိုအလျောက် အက်ပလီကေးရှင်းထဲမှထွက်သွားလိမ့်မည်။

၁၄။ ဘာသာစကားကိုဘယ်လိုပြောင်းရမှာလဲ။

Side bar menu ထဲက -> Setting အောက်ရှိ Language ကိုရွေးပြီး ဘာသာစကားကိုပြောင်းနိုင်ပါတယ်။

၁၅။Home screen မှာမြင်ရတဲ့ Icon လေးတွေကိုလိုသလိုပြောင်းလို့ရပါသလား။

– အပေါ်ဆုံးမှာတွေ့မြင်ရမည့် Default ထားထားသည့် icons ၄ ခုကိုတော့ ကိုယ်လိုချင်သလို ပြောင်းလို့မရပါ။
– အခြားသော Icon လေးတွေပြောင်းရွေ့ဖို့ရန်အတွက်Service ထဲမှာ edit ကို click လုပ်ပြီး Icon လေးတွေကို drag လုပ်၍ပြောင်းလို့ရပါတယ်။

၁၆။Account Details တွင်ဖော်ပြထားသော Balance, Daily Usage, Top Up History, Order History များကို မည်သည့်ရက်ပေါင်းအတွင်း စစ်ဆေးလို့ရနိူင်မလဲ။

Account Details တွင်
Balance ကို Real Time Balance အဖြစ် စစ်ဆေးနိုင်မည်ဖြစ်သည်။
Daily usage ကို ရက် ၉၀ ထိနှင့် လက်ရှိ အချိန်ထိစစ်ဆေးနိုင်ပြီး
Top Up History နှင့် Package Purchase History
များကို (၆) လစာစစ်ဆေးနိုင်မှာဖြစ်ပါတယ်။

၁၇။ မိမိဝယ်ယူထားသော ပက်ကေ့ချ်များ ဘေလ်လက်ကျန်များကို စစ်ဆေးလိုပါက MPT4U ဗားရှင်းအသစ်တွင် ဘယ်လို စစ်ဆေးနိုင်မလဲ။

Side bar menu ထဲက ->Account detail page မှာသွားရောက်စစ်ဆေးနိုင်ပါတယ်။

၁၈။ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းကို MPT4U တွင်လုပ်ဆောင်လို့ရပါသလား။မည်သို့ပြုလုပ်ရမည်နည်း။

ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းကိုMPT4U တွင်လုပ်ဆောင်လို့ရပါသည်။
MPT4U မှ” ကျွန်ုပ် ” ကိုနှိပ်၍ “ ကိုယ်ရေးအချက်အလက်” စာမျက်နှာတွင် သင်ရဲ့လိုအပ်သောအချက်လက်များကိုမှန်ကန်စွာဖြည့်သွင်းပြီး “ သိမ်းပါ” ကိုနှိပ်၍ ပြုလုပ်ရပါမည်။ ထိုအပြင် မိမိ၏ကိုယ်ရေးအချက်အလက်များကို ပြန်လည်စစ်ဆေးပြီ: မှန်ကန်မှုမရှိပါက ပြန်လည်ပြုပြင်ဖြည့်သွင်းနိုင်ပါတယ်။ My Profile မှာပါတဲ့ % ကသုံးစွဲသူ၏မှတ်ပုံတင် သတင်းအချက်အလက်ရာခိုင်နှုန်းဖြစ်ပါတယ်။

၁၉။ MPT4U log in ဝင်မရခြင်း၊ မည်သည့်စာသားမှမပေါ်ပဲအဖြူရောင်ဖြစ်နေခြင်း၊အသုံးပြုနေစဉ် ရုတ်တရက်“ဝန်ဆောင်မှုအချိန်ကုန်ဆုံးပါပြီ"ဟုစာသားပေါ်လာခြင်း၊ Hti Pauk ဆော့၍မရ ခြင်းတို့ကြုံတွေ့ပါကမည်သို့လုပ်ရမည်နည်း။

‘- ပထမဦးစွာ VPN တပ်ဆင်ထားခြင်းကိုဖြုတ်ပေးပါ။
– Log in ပြန်ဝင်ပေးပါ။
– ဖုန်း setting ထဲက ဒေတာကို Clear Cache လုပ် ပေးပါ။
– အဆင် ပြေခြင်းမရှိသေးပါက MPT4U နောက်ဆုံး Version ကို *4040# မှတဆင့် Download ရယူ၍ပြန်လည်အသုံးပြုပါ။

၂၀။ USSD ဖြင့်ပက်ကေ့ချ်များဝယ်ယူပြီးနောက် ရရှိသော ထိပေါက် chance များကို SMS မှတဆင့်ပေးပို့ပြီးသော်လည်း MPT4Uအက်ပလီကေးရှင်း ထဲတွင်ဘာကြောင့်မတွေ့ရှိရပါသလဲ။

MPT4U အက်ပလီကေးရှင်း ဗားရှင်းအသစ်ကို မိတ်ဆက်ပေးပြီးသည့်နောက်တွင် USSD အပါအဝင် အခြား channel များမှပက်ကေ့ချ်ဝယ်ယူခဲ့ပါက ရရှိသော chance များသည် MPT4U အက်ပလီကေးရှင်းအသစ် ထဲသို့ တိုက်ရိုက်ရောက်ရှိသွားမှာဖြစ်သည့်အတွက် ဗားရှင်းအသစ်တွင်သာ သွားရောက်ကစားနိုင်မှာဖြစ်ပါတယ်။

၂၁။ ထပ်ဆောင်းဝန်ဆောင်မှုများအတွက် ထိပေါက်ကံစမ်းခွင့် ရှိပါသလား။

ထပ်ဆောင်းဝန်ဆောင်မှုများအတွက် ထိပေါက်ကံစမ်းခွင့် မရရှိပါ။

၂၂။ထိပေါက်ကစားခွင့်များမှာ ကုန်ဆုံးချိန် ရှိပါသလား။ထိပေါက် ကစားပြီး ကံစမ်းမဲပေါက်ထားသည်များကို စစ်ဆေးလို့ရပါသလား။

ရှိပါသည်။ ကစားခွင့်သက်တမ်းကုန်ဆုံးမည့်အချိန်မှာ (23:59:59) ဖြစ်သည်။ထိပေါက် ကစားပြီး ကံစမ်းမဲပေါက်ထားသည်များကို main page ရှိ Lucky Draw ကို နှိပ်ပြီးထိပေါက် Historyတွင် (၇)ရက်ထိစစ်ဆေးလို့ရပါတယ်။

၂၃။ Package Purchase page တွင်ပေါ်နေသော Gift icon ဆိုတာဘာလဲ။ပက်ကေ့ချ်လက်ဆောင်ပေးသူ နဲ့ လက်ဆောင်ရရှိသူ အကြား ထိပေါက်ခံစားခွင့်ကို ဘယ်သူရမလဲ။

MPT သုံးစွဲသူ အချင်းချင်း လက်ဆောင်ပေးလို့ရတဲ့ လုပ်ဆောင်ချက်ပါ။ပက်ခ်ျေ့လက်ဆောင်ရရှိသူက ထိပေါက်ခံစားခွင့်ကိုရရှိပါမည်။

၂၄။ MPT4U game ဝန်ဆောင်မှုဆိုတာဘာလဲ။ မည်သို့ကစားရမလဲ။

MPT4U ၏မူလစာမျက်နှာမှတစ်ဆင့် game icon အားနှိပ်၍ MPT4U game များကို ဆော့ကစားနိုင်သည့် ဝန်ဆောင်မှုဖြစ်ပါသည်။

၂၅။ MPT4U game ကို မည်သူတွေပါဝင်ကစားခွင့်ရှိပါသလဲ။

MPT4U App အား ဖုန်းတွင်ထည့်သွင်းထားသည့် MPT အသုံးပြုသူများ ပါဝင်ကစားခွင့်ရှိပါသည်။ MPT ကဒ်အသုံးပြုပြီး MPT4U App အားမထည့်သွင်းရသေးသူများ အနေဖြင့်လည်း အောက်ပါလင့်မှ တစ်ဆင့်သော်လည်းကောင်း *4040# အားခေါ်ဆို၍ ဒေါင်းလုတ်လင့်ရယူ၍လည်းကောင်း MPT4U App အားဖုန်းတွင် ထည့်သွင်း၍ ပါဝင်ကစားနိုင်ပါသည်။
ဒေါင်းလုတ်ရယူရန်လင့် – https://bit.ly/MPT4Ufree

၂၆။ MPT4U game မှာ game ဘယ်လောက်ပါဝင်မှာလဲ။Game တွေကို ကစားရင် ဒေတာဖိုး ကုန်ကျပါမည်လား။

အနည်းဆုံး game ပေါင်း (၅) ခုပါဝင်မှာ ဖြစ်ပါတယ်။MPT4U game များကစားရာတွင် မည်သည့်ဒေတာဖိုးမျှပေးရန် မလိုပဲ အခမဲ့ဒေတာဖြင့် ကစားနိုင်ပါသည်။

၂၇။Game တွေကို ကစားရင် မည်မျှပေး၍ ကစားရမလဲ။

Game ကစားသူများသည် Game များကို အောက်ပါအခြေအနေနှစ်မျိုးနှင့် ကစားနိုင်ပါသည်။
အခမဲ့ပွဲစဉ်များ – ကစားသူများအနေဖြင့် မည်သည့်အခကြေးငွေပေးစရာမလိုပဲ အခမဲ့ကစားနိုင်ပါသည်။
ဝင်ကြေးပေးပွဲစဉ်များ – ကစားသူများအနေဖြင့် သတ်မှတ်ထားသည့် ဝင်ကြေးပေး၍ ကစားနိုင်ပါသည်။

၂၈။အခမဲ့ဂိမ်းတွေအတွက် ဆုလက်ဆောင်တွေပါမည်လား။

အခမဲ့ဂိမ်းများအတွက် ဆုလက်ဆောင်များပါဝင်မှာ ဖြစ်ပါတယ်။ ဝင်ရောက်ကစားသူများအတွက် ဒေတာ၊ ဖုန်းခေါ်ဆိုခွင့်၊ စာတိုမက်ဆေ့ အစရှိသည့် ဆုများအပြင် ဖုန်း၊ ရွှေဒင်္ဂါးပြားများစသည့် ဆုလက်ဆောင်များကို ကစားသမားများ၏ ရမှတ်များပေါ်မူတည်၍ အဆင့်သတ်မှတ်ချက်အတိုင်း ဆုလက်ဆောင်များ ရရှိမှာ ဖြစ်ပါသည်။

၂၉။ ဂိမ်းကစားခြင်း၏ အဆင့်သတ်မှတ်ချက်မှာ အဘယ်နည်း။

သတ်မှတ်ထားသည့် ပွဲစဉ်အချိန်များအတွင်း အမှတ်အများဆုံး ရရှိသူသည် ပထမနေရာကို ရရှိမည် ဖြစ်ပြီး အခြားသော အဆင့်များကိုလည်း အမှတ်ပေါ်မူတည်၍ သတ်မှတ်သွားမှာ ဖြစ်ပါတယ်။ ကစားချိန်အတွင်း အမှတ်တူနေ ရှိနေပါက ရမှတ်ပထမဆုံး ရရှိသူသည့် အဆင့်ပိုမှာ ဖြစ်ပါတယ်။

၃၀ ။ဝင်ကြေးပေး၍ ကစားရသောဂိမ်းများအတွက် ဆုလက်ဆောင်ဟာ မည်သည့်အရာများဖြစ်သလဲ။ ဝင်ကြေး မည်မျှရှိမည်နည်း။

ဝင်ကြေးပေးရသော ဂိမ်းများအတွက် ဆုလက်ဆောင်များအဖြစ် MPT ဘေလ်များကို ရမှတ်နှင့်အဆင့်အလိုက် ရရှိမည်ဖြစ်ပြီး ဝင်ကြေးမှာ အနည်းဆုံး ၉၉ကျပ်မှ စတင်မည်ဖြစ်ပါသည်။

၃၁ ။ဆုရရှိသူများသည် မည့်သည့်အချိန်တွင် လက်ဆောင်များရရှိပါမည်နည်း။ဆုရရှိသည့်အခါ စာတိုဖြင့် အကြောင်းကြားမည်လား။

ဆုရရှိသူများသည် ပွဲစဉ်ပြီးဆုံးသည့် အချိန်မှစတင်၍ ၁၀ရက်အတွင်း လက်ဆောင်ရရှိမည်ဖြစ်ပါသည်။ရရှိသည့်ဆုအား ပေးအပ်သည့်အခါတွင် စာတိုဖြင့် အကြောင်းကြားမည်ဖြစ်ပါသည်။
ကစားသမားများသည် မိမိရရှိသည့် အဆင့်နှင့်ဆုလက်ဆောင်များကို ပြိုင်ပွဲကျင်းပနေစဉ်သော်လည်းကောင်း၊ ပြီးဆုံးသွားသည့်သော်လည်းကောင်း ဂိမ်းစာမျက်နှာတွင် စစ်ဆေးကြည့်နိုင်ပါသည်။

၃၂ ။အကယ်၍ ဂိမ်းကစားသူသည် ယခုပြိုင်ပွဲများအပြင် ယခင်ပြိုင်ပွဲများတွင်ပါ တယ်လီကွန်းဆုများ ဆွတ်ခူးထားပါက ဆုလက်ဆောင်များ၏ သက်တမ်းကို မည်ကဲ့သို့ဖြတ်တောက်သွားမည်နည်း။

တယ်လီကွန်းဆုလက်ဆောင်များ၏ သက်တမ်းသည် ရက်(၇)ဖြစ်ပါသည်။
တယ်လီကွန်းဆုလက်ဆောင်အား အစောပိုင်းရရှိသည့် ဆုလက်ဆောင်အား စတင်ဖြတ်တောက်ပြီး အဆိုပါဆုလက်ဆောင်ကုန်သွား၍သော်လည်းကောင်း သက်တမ်းကုန်သွား၍သော်လည်းကောင်း အခြေအနေမှသာ နောက်ဆုံးရရှိသည့် ဆုလက်ဆောင်အား ဖြတ်တောက်သွားပါမည်။

၃၃ ။MPT4U App ဂိမ်းပြိုင်ပွဲများတွင် ကစားသူများ နည်းလမ်းမှန်ကန်စွာဖြင့် ကစားပြီး ဆုလက်ဆောင်များ ရရှိအောင် ဘယ်လိုပြုလုပ်ထားပါသလဲ။

MPT4U App မှဂိမ်းဆော့ခြင်းမှ အမှတ်များရအောင်နှင့်အဆင့်ထိပ်ဆုံးများရအောင် ဂိမ်းဆော့ခြင်းမှမဟုတ်ပဲ အခြား Third Party Software များ၊ MPT4U ဂိမ်းပြင်ပ App များအသုံးပြုခြင်းကို ခွင့်မပြုပါ။ အသုံးပြုကြောင်း တွေ့ရှိပါက ကစားသူ၏ ဖုန်းနံပါတ်အား Blacklist သွင်း၍ နောက်ပိုင်း ဂိမ်းပြိုင်ပွဲများတွင် ပါဝင်ခွင့်ပိတ်ပင်သွားမည်ဖြစ်ပါသည်။ အထက်ပါနည်းလမ်းများဖြင့် ရရှိလာခဲ့သည့် ဆုလက်ဆောင်ကိုလည်း ပေးအပ်သွားမည်မဟုတ်ပါ။

MPT Club

၁။ MPT Club အစီအစဉ် ဆိုတာ ဘာပါလဲ။ MPT Club အစီအစဉ်မှာ ဘာ့ကြောင့် ပါဝင်သင့်ပါသလဲ။

MPT Club သည် MPT သုံးစွဲသူတိုင်း ဆုလက်ဆောင်များရရှိနိုင်မည့် အစီအစဉ်ဖြစ်ပါသည်။ MPT Club အစီအစဉ်တွင် ပါဝင်ထားသော MPTဖုန်းနံပါတ်သည် ဖုန်း အသုံးပြု မှု ပေါ်တွင်အခြေခံပြီး ၊ MPT၏ မိတ်ဖက်(partner) ဆိုင်များတွင် ဈေးဝယ်တိုင်း MPT Point များကို ထပ်ဆောင်းလက်ဆောင်အဖြစ် ရရှိနိုင်မည်ဖြစ်ပါသည်။

အဆိုပါ ရရှိထားသော MPT Pointများဖြင့် အထူးစီစဉ်ထားသော MPT ဝန်ဆောင်မှုများ၊ MPT မိတ်ဖက်(partner) ဆိုင်များမှ ဈေးဝယ်ကူပွန်များကို လဲလှယ်ရယူနိုင်မည်ဖြစ်သည်။

၂။ MPT Club အစီအစဉ်မှာ ဘယ်သူတွေပါဝင်နိုင်ပါသလဲ။

MPT SIM Card အသုံးပြုနေသူ (active customer) များအားလုံး MPT Club အစီအစဉ်တွင် ပါဝင်နိုင်ပါသည်။ ( GSM/WCDMA/CDMA ဖုန်းများ၏ Prepaid စနစ်(သို့) Postpaid စနစ်အသုံးပြုနေသူများအားလုံး)

၃။ MPT Club အစီအစဉ်မှာ ဘယ်လို ပါဝင်ရမှာပါလဲ။

အောက်ဖော်ပြပါနည်းလမ်းများအနက်မှ ကြိုက်နှစ်သက်ရာ တစ်မျိုးကိုသုံး၍ တစ်ကြိမ်လျှောက်ထားရုံဖြင့် MPT Club အစီအစဉ်တွင် ပါဝင်နိုင်ပါသည်။

(၁)                 USSD ကို အသုံးပြုခြင်းနည်းလမ်း – *345# ကို ရိုက်နှိပ်ခေါ်ဆိုခြင်း။

(၂)                SMS ကို အသုံးပြုခြင်းနည်းလမ်း – 345သို့ REG M/F ဟု စာတို(SMS)ပေးပို့ခြင်း။

(၃)   MPT4U app link

(၄)            Andriod : https://bit.ly/2z4ZhrJ

(၅)          IOS: http://apple.co/2yNZJWY

၄။ MPT Club အစီအစဉ်တွင် ပါဝင်ရန် အခကြေးငွေ ပေးရန်လိုအပ်ပါသလား(သို့) MPT Club အစီအစဉ်တွင် ပါဝင်ခြင်းကြောင့် ကုန်ကျစားရိတ် တစ်စုံတစ်ရာရှိမှာပါလား။

အခကြေးငွေပေးဆောင်ရန် လုံးဝမလိုအပ်ပါ။ အပိုဆောင်းကုန်ကျစားရိတ်လည်း ရှိမည်မဟုတ်ပါ။

၅။ MPT Club အစီအစဉ်ကို အသုံးပြုပါက လက်ရှိကျသင့်နေသော အသုံးပြုခနှုန်းထားများ (ဖုန်းခေါ်ဆိုခ နှုန်းထား၊ အင်တာနက်အသုံးပြုခနှုန်းထား၊ SMS ပေးပို့ခများ) ပြောင်းလဲသွားမှာပါလား။ Voice Package၊ Data Package တွေရော ဘာတွေပြောင်းလဲသွားမှာလဲ။

ပြောင်းလဲမှုမရှိပါ။ လက်ရှိ အသုံးပြုနေသော နှုန်းထားများအတိုင်းဆက်လက်အသုံးပြုနိုင်မည်ဖြစ်ပြီး MPT Point များကို ထပ်ဆောင်းလက်ဆောင်အဖြစ် ရရှိမည်ဖြစ်ပါသည်။

၆။MPT၏ မိတ်ဖက်(partner) ဆိုင်တွေက ဘယ်သူတွေပါလဲ။

( အချိန်နှင့်တပြေးညီ ပြောင်းလဲမှုရှိနိုင်ပါသည် )။ https://www.mpt.com.mm/en/mpt-club-en/   တွင် ကြည့်ရှူနိုင်ပါသည်။

၇။ MPT ကနေ ဘယ်လိုပုံစံနဲ့ MPT Point တွေ ရရှိနိုင်မှာပါလဲ။

နည်းလမ်း နှစ်မျိုးဖြင့် ရရှိနိုင်ပါသည်။

(၁) ယနေ့အသုံးပြုလိုက်သော ဖုန်းငွေ ပမာဏ အပေါ် မူတည် ၍ မိမိ ရောက်ရှိနေသော member level အလိုက်နောက်တနေ့ တွင်Point များကို ရရှိ သွားမည် ဖြစ်သည်။ မိမိ အသုံးပြု လိုက်သော ဖုန်းငွေပမာဏ သို့ Usage ဆိုသည် မှာ မိမိ ဖုန်းဘေလက်ကျန် ငွေမှ အသုံး ပြု လိုက် သော လုပ်ဆောင် မှူ အားလုံး ဆိုလိုပါသည်။ Pay as you go, Package, ချေးငွေ ရယူမှု နှင့် service subscription fees (SDP, IDD and VAS service) ဝယ်ယူ မှူ အားလုံး ကိုဆိုလိုပါသည်။

(၂) MPT ၏ မိတ်ဖက် ဆိုင်များတွင် ဈေးဝယ် တိုင်း MPT Point  များကို ထပ်ဆောင်း လက်ဆောင် အဖြစ် ရရှိမှာဖြစ်ပါသည်။

၈။ MPT၏ မိတ်ဖက်(partner) ဆိုင်တွေ ကနေ ဘယ်လိုပုံစံနဲ့ MPT Point တွေ ရရှိနိုင်မှာပါလဲ။

MPT၏ မိတ်ဖက်(partner) ဆိုင်များတွင် အသုံးပြုသော (ဈေးဝယ်ယူသော) ငွေပမာဏအလိုက် MPT Point များကို အဆိုပါ ဆိုင်က အောက်ဖော်ပြပါ နည်းလမ်းဖြင့် ပေးအပ်သွားမည်ဖြစ်သည်။

(၁) ငွေပေးချေပြီးပါက အလိုအလျောက်စနစ်ဖြင့် မိတ်ဖက်(partner) ဆိုင် မှ MPT Club Point ပေးအပ်ခြင်း။ စစ်ဆေးကြည့်လိုပါက 345 သို့ BAL ဟု စာတိုပေးပို့ပါ။

၉။ MPT Point ကို MPT ဝန်ဆောင်မှုတွေနဲ့ လဲလှယ်ဖို့ ဘာတွေလုပ်ဖို့လိုလဲ။

*345*3*1# ကို ရိုက်နှိပ်ခေါ်ဆိုပြီး လဲလှယ်ယူနိုင်သည့် MPT ဝန်ဆောင်မှုများကို စစ်ဆေးကြည့်နိုင်ပါ သည်။

မှတ်ချက်-မိမိလဲလှယ်ယူလိုသည့် ဝန်ဆောင်မှုအတွက် လုံလောက်သော MPT Point ရှိရန်လိုအပ်ပါ သည်။

၁၀။ MPT Point ကို MPT၏ မိတ်ဖက်(partner) ဆိုင်တွေမှာ လဲလှယ်ဖို့ ဘာတွေလုပ်ဖို့လိုလဲ။

*345*3*2# ကို ရိုက်နှိပ်ခေါ်ဆိုပြီး လဲလှယ်ယူနိုင်သည့် MPT၏ မိတ်ဖက်(partner) ဆိုင်များ၏ Cuponများကို စစ်ဆေးကြည့်နိုင်ပါသည်။

Product တစ်ခုကို ရွေးချယ်လိုက်ပါက Voucher Code ကို လက်ခံရရှိမည်ဖြစ်ပြီး MPT၏ မိတ်ဖက်(partner) ဆိုင်တွင် အဆိုပါ Vocher Codeကိုပြကာ ပစ္စည်းထုတ်ယူနိုင်မည် (သို့) discount ခံစားခွင့်ရရှိမည်ဖြစ်သည်။

သို့  MPT4U app မှ MPT Club icon ကို နှိပ်ပြီး redemption မှတဆင့် ပစ္စည်း များကိုရွေးချယ်နိုင်ပါသည်

မှတ်ချက်- (၁) မိမိလဲလှယ်ယူလိုသည့် ဝန်ဆောင်မှုအတွက် လုံလောက်သော MPT Point ရှိရန်လိုအပ်ပါ သည်။

(၂) မိမိ ရွေးချယ်လိုက်သော product ကို ပြန်၍ cancel လုပ်၍ ရမည် မဟုတ်ချေ။

၁၁။ ကျွန်တော်တို့မြို့မှာ MPT၏ မိတ်ဖက်(partner) ဆိုင်တွေမရှိပါဘူး။ ဘယ်လို လဲလှယ်ရမလဲ။

MPT Point များကို MPTဝန်ဆောင်မှုများနှင့်လည်း လဲလှယ်အသုံးပြုနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် MPT၏ မိတ်ဖက်(partner) ဆိုင်များရှိနေစေရန်လည်း MPT မှ ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။

၁၂။ MPT၏ မိတ်ဖက်(partner) ဆိုင်တွေက ရရှိထားတဲ့ MPT Point တွေကိုရော MPT ဝန်ဆောင်မှုတွေနဲ့လဲလှယ်နိုင်ပါသလား။ အပြန်အလှန်အားဖြင့် MPTက ရရှိထားတဲ့ MPT Point တွေကိုရော MPTမိတ်ဖက်(partner) ဆိုင်တွေမှာ လဲလှယ်နိုင်ပါသလား။ ဘယ်လိုသတ်မှတ်ချက်တွေရှိပါသလဲ။

လွတ်လပ်စွာလဲလှယ်နိုင်ပါသည်။ မည်သည့်နေရာမှမဆို ရရှိထားသော MPT Point များကို MPT ဝန်ဆောင်မှုအတွက်ဖြစ်စေ၊ မည်သည့် MPTမိတ်ဖက်(partner) ဆိုင်တွင်ဖြစ်စေ လဲလှယ်အသုံးပြုနိုင်ပါသည်။

၁၃။ MPT Point တွေရဲ့ သက်တမ်းက ဘယ်လောက်လဲ။ ( MPT Point တွေကို မသုံးဘဲ ဘယ်လောက်ကြာကြာသိမ်းထားနိုင်ပါသလဲ။

လက်ခံရရှိသောနေ့မှစ၍ ၃၆၅ရက်အထိ သိမ်းထားနိုင်ပါသည်။ ၃၆၅ရက်ပြည့်ပါက သက်တမ်းကုန်သွားမည်ဖြစ်ပြီး အဆိုပါ MPT Point ကို အသုံးပြုနိုင်မည်မဟုတ်ပါ။ MPT Point များကို သက်တမ်းတိုးနိုင်ခြင်းမရှိပါ။

၁၄။ မိမိမှာ ယနေ့ ဖုန်းအသုံးပြုသော ငွေ ပမာဏ ရှိသော် လည်း အဘယ်ကြောင့် Point များကို နောက်နေ့ တွင် လက်ခံ မရရှိ သနည်း။

ဖုန်းအသုံးပြု သောငွေပမာဏ အပေါ် Point များကို တွက်ချက် ထားပြီး 1 Point သို့ ရောက်ရှိ သည်မှ စ၍ Point ရရှိကြောင်း စာတို ရရှိ သွားမည် ဖြစ်သည်။

MPT Club - MPT Point Redemption Package

၁။MPT Point အရေအတွက် ဘယ်လောက်နဲ့ MPTရဲ့ ဘယ်လိုဝန်ဆောင်မှုတွေကို လဲလှယ်ရယူနိုင်မှာပါလဲ။

လူကြီးမင်းရရှိထားသော MPT Point များကိုသုံးပြီး အောက်ဖော်ပြပါများမှ ကြိုက်နှစ်သက်ရာ MPT ဝန်ဆောင်မှုများကို လဲလှယ်ရယူနိုင်ပါသည်။
ဥပမာ – ၁၉၉ MPT Pointဖြင့် MPT ဖုန်းများသို့ 300MB အင်တာနက်အသုံးပြုခွင့် (သို့မဟုတ်) MPT ဖုန်းများသို့ SMS အစောင် ၃,၀၀၀ ပေးပို့ခွင့် (သို့) ဖုန်းBill ၁၆၀ကျပ် တို့အနက်မှ ကြိုက်နှစ်သက်ရာ ဝန်ဆောင်မှုတစ်ခုကို လဲလှယ်ရယူနိုင်ပါသည်။
ဝန်ဆောင်မှုတစ်ခုစီ၏ သက်တမ်းမှာ လဲလှယ်ရယူပြီးချိန်မှစ၍ ရက်၃၀အထိဖြစ်သည်။

Point Mins MB SMS Balance
50 10 40 200 40
99 20 100 1000 80
199 60 300 3000 160
299 100 500 5000 260
399 160 800 8000 350
799 400 2000 20000 720

မှတ်ချက် – Voice သည် MPT အချင်းချင်းဖုန်းခေါ်ဆိုရန် ဖြစ်သည်။
SMS သည် MPT အချင်းချင်း စာတိုပေးပို့ရန် ဖြစ်သည်။
Balance သည် MPT အချင်းချင်းဖုန်းခေါ်ဆိုရန်နှင့် စာတိုပေးပို့ရန်၊ အင်တာနက်အသုံးပြုရန် တို့အတွက်ဖြစ်သည်။
ဖော်ပြပါနှုန်းထားများတွင် ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီး ဖြစ်ပါသည်။
Service package အလိုက် ခံစားခွင့်များမှာ အောက်ပါအတိုင်း ဇယား အတိုင်း ဖြစ်သည်။

Pack type GSM/WCDMA CDMA GSM “Base” tariff
Voice Y X Y
Data Y X X
SMS Y X Y
Airtime Y Y Y

IDD subscription fee ကို member level အားလုံး Points 499 Point ရှိရုံ ဖြင့် လဲလှယ် နိုင်ပြီ ဖြစ်ပါသည်

၂။ တစ်ရက်အတွင်းမှာ ဝန်ဆောင်မှုတွေ အများကြီး လဲလှယ်ရယူနိုင်ပါသလား။

လူကြီးမင်း၏ MPT Point များကို သုံးပြီး အကြိမ်အရေအတွက် အကန့်အသတ်မရှိ လဲလှယ်ရယူနိုင်ပါသည်။

၃။ MPT Point ကိုသုံးပြီး MPT ဝန်ဆောင်မှု Package ဖြစ်တဲ့ Voice(သို့) Balance Package ကို လဲလှယ်ရယူထားပါတယ်။ MPT မဟုတ်တဲ့ တခြား Operator နံပါတ်ကို ဖုန်းခေါ်ဆိုတဲ့အခါ ဘယ်လိုဖြစ်မှာပါလဲ။

(က) လူကြီးမင်းလက်ရှိအသုံးပြုနေသော အစီအစဉ် (Base Tariff(သို့)ဆွေသဟာ(သို့) ရှယ်ပြော၊ (သို့)ရွှေစကား) နှုန်းထားအတိုင်း ကျသင့်စေမည်ဖြစ်သည်။
(ခ) MPT Point များနှင့် လဲလှယ်ရယူထားသည့် ဝန်ဆောင်မှုများကို အောက်ဖော်ပြပါ ပုံစံများအတိုင်း အသုံးပြုနိုင်မည်ဖြစ်သည်။

Type type On-net (including MPT mobiles, MPT fixed lines) Off-net (including Ooredoo/Telenor/MEC)
Voice X
SMS X
IDD Voice X X
Paid call center lines (e.g. 1876) X X
Purchase and use of VAS including CRBT, Call Forwarding, etc. X X
International SMS X X
Packages (Data) X X
Data

၄။ သတ်မှတ်ထားတဲ့ USSD Code ကို ရိုက်နှိပ်ပြီး MPT Point ကို MPT ဝန်ဆောင်မှုနဲ့ လဲလှယ်ပါတယ်။ ဒါပေမယ့် လဲလှယ်လို့မရပါဘူး။ ဘာဖြစ်လို့ပါလဲ။

(၁)          မိမိလဲလှယ်လိုသည့် MPT ဝန်ဆောင်မှုအတွက် လုံလောက်သော MPT Point မရှိပါက လဲလှယ်နိုင်မည်မဟုတ်ပါ။

(၂)           လူကြီးမင်း၏ ဖုန်းနံပါတ်သည် one-way blocked (သို့)two-way blocked ဖြစ်နေပါက လဲလှယ်နိုင်မည်မဟုတ်ပါ။

(၃)          ဖုန်းငွေဖြည့်ကာ ဖုန်းနံပါတ်ကို Active အဆင့်ရောက်အောင်ပြုလုပ်ခြင်း ပြီးမှ ပြန်လည်လဲလှယ်ပါ။

MPT Club - MPT Club Membership program

၁။ MPT Club member program ဆိုတာ ဘာလဲ။

MPT Club member program ဆိုတာ မူလ MPT Club ခံစားခွင့် များ ကို ထပ်မံ တိုးမြင့် ပြောင်းလဲပေးလိုက်ခြင်းဖြစ်သည်။

၂။ မိမိ ရောက်ရှိနေသော အခြေအနေ ရှိ ခံစားခွင့် ကိုမည်မျှ ကြာခံစား နိုင်သနည်း။

မိမိ ရောက်ရှိနေသော level ကို ရောက်ရှိသော လ မှ နောက် ၃ လ အထိ ခံစားနိုင် ခွင့်ရှိမည်ဖြစ်သည်။

၃။ နောက် member Level တက်ရန် မည်မျှ စောင့်ရမည်နည်း။

သက်မှတ် ထား သော Member Level တခု ခြင်းစီ၏ ငွေပမာဏ ပေါ် ပြည့်မှီ ခဲ့ပါက နောက် လတွင် member level  တိုးမြင့်ပြောင်းလဲ သွားမည် ဖြစ်သည်။

၄။ လက်ရှိ Member Level ၏ အသုံးစရိတ် ကို ထိန်းသိမ်း ထားနိုင်ခြင်း မရှိပါက ခံစားခွင့်များ မည်သို့ ပြောင်းလဲသွားမည်နည်း။

လက်ရှိ Member Level ၏ အသုံးစရိတ် ကို ထိန်းသိမ်း ထားနိုင်ခြင်း မရှိ ခဲ့ပါသော်လည်း  လက်ရှိ Member Level  ၏အကျိုး ခံစားမှူကို နောက် ၃ လ ကြာမြင့် သည်အထိ ခံစားခွင့် ရှိသည်။

၅။ Crown, Diamond, Platinum, Gold, Sliver ဆိုတာ ဘာလဲ။

Crown, Diamond, Platinum, Gold, Sliver ဆိုတာ အဖွဲ့ ဝင်များ မိမိရောက်ရှိနေသော အခြေအနေများကို ဖော်ပြထားခြင်းဖြစ်သည်။ မိမိရောက်ရှိနေသော အခြေအနေအလိုက် အခွင့်အရေးများကိုခံစားနိုင်သည်။

၆။ အဖွဲ့ ဝင် ၏ သက်တမ်းကာလမှာ မည်မျှနည်း။

အဖွဲ့ဝင်၏ သက်တမ်းကာလမှာ ၃လဖြစ်ပါတယ်။ အဖွဲ့ဝင် များ၏ Member Level ပြောင်းလဲ မှုရှိ ပါက သုံးသပ် ချက်များကို လတစ်လ ၏ ၁ ရက်နေ့ တွင် အသိပေးစာတို ရရှိမည် ဖြစ်သည်။

၇။ Membership level များကို မည်သို့ ပိုင်းခြား ထားသနည်း။

Member level ပိုင်းခြားမှုများကို အောက်ဖော်ပြပါ ဇယား အတိုင်း သိရှိနိုင် ပါသည်။
Member level ပိုင်းခြားမှုများကို အသုံးပြု သူ၏ ၃လ ပျမ်းမျှ အသုံးစရိတ် နှင့် MPT sim card အသုံးပြုမှု သက်တမ်း ပေါ်မူတည်၍ level များကို သတ်မှတ်ထားခြင်း ဖြစ်ပါသည်။

Country Code Country Calling rates (Ks/min) SMS
93 Afghanistan 400 150
1907 Alaska 250 150
355 Albania 600 150
213 Algeria 1,500 150
882 Satellite services 8000 -
376 Andorra 600 150
244 Angola 800 150
54 Argentina 800 150
374 Armenia 600 150
297 Aruba 800 150
247 Ascension Island 800 150
61 Australia 400 150
43 Austria 600 150
994 Azerbaijan 600 150
1242 Bahamas 800 150
973 Bahrain 800 150
880 Bangladesh 200 150
1246 Barbados 800 150
32 Belgium 600 150
501 Belize 800 150
229 Benin 800 150
375 Belarus 600 -
1441 Bermuda 800 -
975 Bhutan 400 150
591 Bolivia 800 150
387 Bosnia 600 150
267 Botswana 800 150
55 Brazil 800 150
673 Brunei 200 150
359 Bulgaria 600 150
226 Burkina Faso 800 150
257 Burundi 800 150
855 Cambodia 200 150
237 Camerron 800 150
238 Cape Verde 800 150
1345 Cayman Islands 800 150
236 Central Africa 800 150
235 Chad 800 150
56 Chile 1,500 150
86 China 200 150
682 Cook Islands 1,500 150
57 Columbia 800 150
269 Comoros 800 150
242 Congo 800 150
506 Costa Rica 800 150
225 Cote d Ivoire 800 150
385 Croatia 600 150
53 Cuba 800 150
357 Cyprus 600 150
420 Czech Republic 600 150
45 Denmark 600 150
253 Djibouti 800 150
1767 Dominica 800 150
246 Diego Garcia 3000 150
1809 Dominican Republic 800 -
871 East Atlantic 800 150
670 East Timor 800 150
1684 Eastern Samoa (U.S.) 800 150
593 Ecuador 800 150
20 Egypt 800 150
503 El Salvador 800 150
240 Equatorial Guinea 800 150
291 Eritrea 800 150
372 Estonia 800 150
251 Ethiopia 800 150
298 Faeroe Islands 800 150
500 Falkland Islands 3,000 150
679 Fiji 400 150
358 Finland 600 150
33 France 600 150
594 French Guyana 600 150
689 French Polynesia 400 150
241 Gabon 800 150
220 Gambia 8000 150
995 Georgia 600 150
49 Germany 600 150
233 Ghana 800 150
350 Gibraltar (Br.) 800 150
30 Greece 600 150
299 Greenland 800 150
1473 Grenada 800 150
590 Guadeloupe (France) 800 150
1671 Guam 250 150
502 Guatemala 800 150
224 Guinea 800 150
245 Guinea-Bissau 800 150
592 Guyana 800 150
509 Haiti 8000 150
1808 Hawaii 250 150
504 Honduras 800 150
852 Hong Kong 200 150
36 Hungary 600 150
354 Iceland 600 150
91 India 200 150
62 Indonesia 200 150
628 Indonesia Cellular 200 150
98 Iran 800 150
964 Iraq 800 150
353 Ireland 600 150
870 Inmarsat BGAN 8,000
8816 Iridium(mobile) 6210 150
972 Israel 800 150
39 Italy 600 150
1876 Jamaica 800 150
81 Japan 200 150
962 Jordan 800 150
254 Kenya 800 150
686 Kiribati 8000 150
965 Kuwait 800 150
996 Kyrgyzstan 400 150
856 Laos 200 150
371 Latvia 600 150
961 Lebanon 800 150
266 Lesotho 800 150
231 Liberia 800 150
218 Libya 800 150
423 Liechtenstein 600 150
370 Lithuania 600 150
352 Luxembourg 600 150
853 Macau 200 150
389 Macedonia 600 150
261 Madagascar 800 150
265 Malawi 800 150
60 Malaysia 200 150
960 Maldives 1,500 150
223 Mali 800 150
356 Malta 800 150
1670 Mariana 800 150
692 Marshall Islands 400 150
596 Martinique (France) 800 150
222 Mauritania 1,500 150
230 Mauritius 800 150
52 Mexico 800 150
691 Micronesia 400 150
373 Moldova 600 150
377 Monaco 600 150
976 Mongolia 400 150
382 Montenegro 600 150
1664 Montserrat 800 150
212 Morocco 800 150
258 Mozambique 800 150
264 Namibia 800 150
674 Nauru 8000 150
977 Nepal 400 150
31 Netherlands 600 150
599 Netherlands Antilles 800 150
687 New Caledonia 8000 150
64 New Zealand 400 150
505 Nicaragua 800 150
227 Niger 2,000 150
234 Nigeria 800 150
683 Niue Island 8000 150
850 North Korea 400 150
47 Norway 600 150
968 Oman 800 150
872 Pacific Region 800 150
92 Pakistan 400 150
680 Palau 400 150
970 Palestine 800 150
507 Panama 800 150
675 Papua New Guinea 8000 150
595 Paraguay 800 150
51 Peru 800 150
63 Philippines 200 150
48 Poland 600 150
351 Portugal 600 150
1787 Puerto Rico 800 150
974 Qatar 800 150
262 Reunion 800 150
40 Romania 600 150
7 Russia 400 150
79 Russia Overlay 600 150
250 Rwanda 800 150
290 Saint Helena 800 150
508 Saint Pierre and Miquelon 800 150
378 San Marino 600 150
239 Sao Tome & Principle 800 150
966 Saudi Arabia 800 150
221 Senegal 800 150
381 Serbia 600 150
248 Seychelles 800 150
232 Sierra Leone 800 150
65 Singapore 200 150
421 Slovakia 600 150
386 Slovenia 600 150
677 Solomon Islands 8000 150
252 Somalia 800 150
27 South Africa 800 150
82 South Korea 200 150
211 South Sudan 800 150
34 Spain 600 150
94 Sri Lanka 400 150
249 Sudan 800 150
597 Suriname 8000 150
268 Swaziland 800 150
46 Sweden 600 150
41 Switzerland 1,500 150
963 Syria 800 150
886 Taiwan 200 150
992 Tajikistan 400 150
255 Tanzania 800 150
66 Thailand 200 150
228 Togo 800 150
690 Tokelau 3,000 150
676 Tonga 8000 150
216 Tunisia 1,500 150
90 Turkey 600 150
993 Turkmenistan 400 150
688 Tuvalu 8000 150
1 U.S. and Canada 250 150
256 Uganda 800 150
380 Ukrain 600 150
971 United Arab Emirates 800 150
44 United Kingdom 600 150
598 Uruguay 800 150
998 Uzbekistan 400 150
678 Vanuatu 8000 150
379 Vatican 600 150
58 Venezuela 800 150
84 Vietnam 200 150
1284 Virgin Islands (Br.) 800 150
681 Wallis and Futuna 400 150
685 Western Samoa 8000 150
375 White Russia 600 150
967 Yemen 800 150
243 Zaire 800 150
260 Zambia 800 150
259 Zanzibar 800 150
263 Zimbabwe 800 150

လိုတရ

၁။ လိုတရ သတင်းများကို ဖတ်ရှုနိုင်သည့် MPT4U အက်ပလီကေးရှင်းကို မည်သည့် ဖုန်းအမျိုးအစားများဖြင့် အသုံးပြုနိုင်ပါသလဲ။

လိုတရ သတင်းများကို ဖတ်ရှုနိုင်သည့် MPT4U အက်ပလီကေးရှင်းကို Android ဖုန်းတွင်သာမက iPhone များဖြင့်လည်း အသုံးပြုနိုင်ပါသည်။   (Android Version 5.0 နှင့်အထက် iOS Version 9.0 နှင့်အထက် ဖုန်းများသာ အသုံးပြုနိုင်သည်။)

၂။ MPT4U အက်ပလီကေးရှင်းတွင် လိုတရ သတင်းများကို Wifi သို့မဟုတ် တခြားကွန်ယက်များအသုံးပြု၍ ဖတ်ရှုနိုင်ပါသလား။

MPT4U အက်ပလီကေးရှင်းတွင် လိုတရ သတင်းများကို  Wifi သို့မဟုတ် တခြားမည်သည့်ကွန်ယက်များဖြင့် အသုံးပြုနိုင်သော်လည်း လိုတရ ၏ အထူးခံစားခွင့်များကို MPT မိုဘိုင်းကွန်ယက်ဖြင့်သာလျှင်ရယူနိုင်မည်။

၃။ လိုတရ သတင်းများကို ဖတ်ရှုနိုင်သည့် MPT4U အက်ပလီကေးရှင်းကို အသုံးပြုမှုအတွက် ကျသင့်ငွေပေးဆောင်ရန် လိုအပ်ပါသလား။

လိုတရ သတင်းများကို ဖတ်ရှုနိုင်သည့် MPT4U အက်ပလီကေးရှင်းကို MPT မိုဘိုင်းကွန်ယက်ဖြင့် အခမဲ့ အသုံးပြုနိုင်ပါသည်။

၄။ လိုတရ အက်ပလီကေးရှင်းတွင် မည်သည့် ဝန်ဆောင်မှုများရရှိနိုင်ပါသလဲ။

လိုတရ အက်ပလီကေးရှင်းတွင် နောက်ဆုံးရ သတင်းအစုံ၊ဂိမ်း၊ဗေဒင်၊တရားတော်၊မိုးလေဝသ သတင်းများ၊ ရှေးဦးပြုစုနည်းလမ်းများ၊ ကူပွန်၊ MPT ၏ အပိုထပ်ဆောင်ဝန်ဆောင်မူ၊ MNL ဘောလုံးသတင်းများ၊ သတင်းနှင့်ဖျော်ဖြေရေးအစီအစဉ်များ အချိန်နှင့် တပြေးညီ သိရှိနိင်ပါသည်။

၅။ လိုတရ အက်ပလီကေးရှင်းတွင် ဘယ်လိုဂိမ်းအမျိုးအစားများ ရနိုင်သနည်း။

လိုတရ အက်ပလီကေးရှင်းတွင် ဝက်ဆိုက်မှ တိုက်ရိုက်အခမဲ့ ဆော့နိုင်ပြီး နာမည်ကြီး အက်ပလီကေးရှင်းဂိမ်းအကြောင်းအရာများကိုလဲ ဖတ်ရှုနိုင်ပါသည်။

LTE+

1. LTE+ ဆိုတာဘာပါလဲ။

LTE+ ဆိုသည်မှာ 3G ထက်၁၀ဆအထိ ပိုမိုမြန်ဆန်တဲ့ အင်တာနက် အမြန်နှုန်းကိုပေး စွမ်းနိုင်သော မိုဘိုင်းဖုန်းဆက်သွယ်မှု နည်းပညာအသစ်ဖြစ််ပါတယ်။ LTE+ ဖြင့် လက်ကိုင်ဖုန်းနှင့်အခြားသော မိုဘိုင်းစက်ပစ္စည်း များပေါ်မှာ အင်တာနက်အသုံးပြုသည့်အခါ ယခင်ထက်ပိုမိုမြန်ဆန်သော အမြန်နှုန်းကို ခံစားနိုင်မှာဖြစ်ပါသည်။

2. MPT ၏ LTE+ က ဘာတွေအားသာချက်ရှိပါသလဲ။

LTE+ က လက်ရှိ 3G ထက် အလွန်မြန်ဆန်သည့်အတွက် သုံးစွဲသူတွေ မိုဘိုင်းဖုန်းမှတဆင့် ဝက်ဘ်ဆိုဒ်တွေ ဝင်ရောက်ကြည့်ရှုသည့်အခါ၊ video ဖုန်းခေါ်ဆိုသည့်အခါ၊ အရည်အသွေးမြင့် မိုဘိုင်းတီဗွီ၊ video နှင့် youtube များကြည့်သည့်အခါ၊ အွန်လိုင်းဂိမ်းအကြီး စားများဆော့ကစားသည့်အခါ၊ နှင့် အခြားအခြားသော အွန်လိုင်းမှ ဝန်ဆောင်မှုတွေရ ယူတဲ့အခါမှာ အထစ်အငေါ့မရှိ၊ အပြတ်အတောက်မရှိ ချောမွေ့သောအွန်လိုင်းအတွေ့အကြုံကိုခံစားနိုင်ပါလိမ့်မည်။

3.LTE+(4G) ကိုဖွင့်ထားပြီး LTE+အသုံးပြု၍မရသောနေရာများသို့သွားလျှင် ဒေတာအသုံးပြုရန်အတွက် 3G ပြန်ဖွင့်ရန်လိုပါသလား။

မလိုအပ်ပါ။ LTE+ network coverage မရှိသော နေရာများသို့ရောက်လျှင် အလိုအ လျောက် 3G Network သို့ချိတ်ဆက်ပေးမှာဖြစ်ပါသည်။ LTE+ သုံးနိုင်သော နေရာများသို့ ပြန်ရောက်လျှင် အလိုအလျာက် LTE+ အသုံးပြုနိုင်မှာဖြစ်ပါသည်။

4. LTE+ကိုဘယ်လိုအသုံးပြုရပါ့မလဲ။

  1. LTE+ အသုံးပြုရန် ရှယ်ပြော (သို့မဟုတ်) ဆွေသဟာအစီအစဉ်ကိုရယူထားဖို့ လိုအပ်ပါသည်။
  2. သင်၏ လက်ကိုင်ဖုန်းမှာ LTE(4G) အသုံးပြု၍ရသည့်ဖုန်းဖြစ်ရန်လိုအပ်ပြီး လှိုင်းနှုန်းစဉ် ၁၈၀၀ MHz အသုံးပြု၍ ရသော ဖုန်းဖြစ်ရပါမည်။
  3. သင်၏ SIM card သည်လည်း USIM ဖြစ်ရန်လိုပါသည်။ သင်၏ SIM card USIM ဖြစ်မဖြစ်ကိုသိရှိရန် *106*5# သို့ဖုန်းခေါ်ဆိုပြီးစစ်ဆေးကြည့်ပါ။

5. Base-tariff အသုံးပြုသူများ LTE+ ဝန်ဆောင်မှုကို အသုံးပြုနိုင်ပါသလား။

Base-tariff အသုံးပြုသူများသည် LTE+ ဝန်ဆောင်မှုကို အသုံးပြု၍ မရပါ။ base-tariff ၏ ဒေတာအား 256kbps (4ks/min) 128kbps (2ks/min) ဟု အမြန်နှုန်းအား ကန့်သတ် သတ်မှတ်ထားသည်ဖြစ်၍ LTE+ ဝန်ဆောင်မှုအားအသုံးပြု၍မရနိုင်ပါ။ MPT ၏ မြန်နှုန်းမြင့် LTE+ ဝန်ဆောင်မှုကို အသုံးပြုနိုင်ရန်အတွက် ရှယ်ပြော (dial*234*3#) သို့ ဆွေသဟာ (dial *234*2#) အစီအစဉ်ကိုရယူရမှာဖြစ်ပါသည်

6. ယခုအသုံးပြုနေသော SIM က USIM ဟုတ်မဟုတ်ကို ဘယ်လိုသိနိုင်မလဲ။

*106*5# သို့ လွယ်ကူစွာ ဖုန်းခေါ်ဆိုပြီး သင့် SIM card USIM ဟုတ်မဟုတ်သိနိုင်ပါပြီ။ အကယ်၍ မဟုတ်ခဲ့လျှင် နီးစပ်ရာ MPT branded ဆိုင်များသို့သွား၍ USIM ဖြင့်အခမဲ့လဲလှယ်နိုင်ပြီး သင်၏နံပါတ်လည်းပြောင်းလဲမည်မဟုတ်ပါ။ ဆိုင်နေရာများကို ဤလင့်တွင်ကြည့်ရှုနိုင်ပါသည်။ (http://bit.ly/2juQZ3O).

7. LTE+ အားမိမိဟန်းဆက်တွင် ဘယ်လိုဖွင့်ပြီးသုံးရပါ့မလဲ။

[For iPhone:]

Settings သို့သွားပါ။ cellular ကိုရွေးပါ။ ပြီးလျှင် cellular data options သို့သွား၍ “voice & data” ကိုရွေးပြီး LTE (4G), 3G, 2G ကိုရွေးချယ်နိုင်ပါသည်။

[For Samsung:]

Settings သို့သွားပါ။ mobile network ကိုရွေးပါ။ ပြီးလျှင် network mode သို့သွား၍ LTE/3G/2G ကိုရွေးချယ်နိုင်ပါသည်။

[For Huawei: ]

Settings သို့သွားပါ။ ပြီးလျှင် more သို့သွားပါ။ ထိုနေရာတွင် 4G ကိုရွေးချယ်နိုင်မည်ဖြစ်ပါ သည်။

[For Vivo: ]

Settings သို့သွားပါ။ Mobile Network ကိုရွေးပါ။ ပြီးလျှင် Network mode သို့သွား၍ 4G/3G/2G ကိုရွေးချယ်နိုင်ပါမည်။

[For other handsets: ]

Settings သို့သွားပါ။ tethering & networks သို့ဝင်ပါ။ ထို့နောက် mobile network သို့သွားပါ။ ပြီးလျှင် Network mode သို့သွား၍ 4G/3G/2G ကိုရွေးချယ်နိုင်ပါမည်။

How can I check my handset is 4G/LTE compatible?

Go to settings and Under Cellular Data Options or Mobile network, if there is 4G/LTE, the handset is 4G compatible. Please note that settings vary depending on the type of handset.

8. မိမိ ၏ဟန်းဆက်သည် LTE+ အသုံးပြု၍ရ မရ ဘယ်လိုသိနိုင်မလဲ။

settings သို့သွားပြီး Cellular Data Options သို့မဟုတ် Mobile network ၏အောက် တွင် 4G/LTE ဟုပါရှိပါက LTE(4G) အသုံးပြု၍ရသော ဟန်းဆက်ဖြစ်ပါသည်။

MPT Pay

1. MPT Pay ဆိုတာဘာလဲ။

MPT Pay ဆိုသည်မှာ မြန်မာပြည်အတွင်း အချိန်မရွေး နေရာမရွေး ငွေလွှဲပို့နိုင်သော ဝန်ဆောင်မှုဖြစ်ပါတယ်။ အသုံးပြုသူတွေ အနေနဲ့ အကောင့်အတွင်း ငွေသိမ်းဆည်းခြင်း၊ ငွေလွှဲခြင်း၊ ငွေလက်ခံခြင်းများကို MPT Pay အကောင့်မှတဆင့် ပြုလုပ်နိုင်ပါတယ်။

2. MPT Pay ကိုဘယ်သူတွေအသုံးပြုနိုင်ပါသလဲ။ မှတ်ပုံတင်ရန်အတွက် ဝန်ဆောင်ခဘယ်လောက်ပေးရပါ့မလဲ။

MPT, Telenor, Ooredoo နှင့် MyTel မည်သည့် ဆင်းကဒ်သုံးစွဲသူမဆို MPT Pay ကိုအသုံးပြုနိုင်ပါတယ်။ မှတ်ပုံတင်ကြေးကတော့အခမဲ့ပါ။

3. MPT Pay အကောင့်ထားရှိခြင်းရဲ့အားသာချက်တွေက ဘာလဲ။

MPT Pay အကောင့်ဖြင့် အောက်ပါ ဝန်ဆောင်မှုများကို အချိန်မရွေး နေရာမရွေး အသုံးပြုနိုင်ပါတယ်။ – MPT Pay အကောင့်အချင်းချင်းငွေလွှဲခြင်း (P2P) – ဖုန်းငွေဖြည့်ခြင်း (မိမိဖုန်း/ အခြားဖုန်း) – ဈေးဝယ်ခြင်းများ နှင့် စီးပွားရေးလုပ်ငန်းရှင်များ ငွေပေးချေခြင်း – ဘီလ်ကျသင့်ငွေများ ပေးချေနိုင်ခြင်း – ATM စက်မှ ငွေထုတ်ယူနိုင်ခြင်း – ငွေသွင်း/ ငွေထုတ် လုပ်နိုင်ခြင်း

4။ MPT Pay အကောင့်ကို ဘယ်လိုမှတ်ပုံတင်ရမလဲ။

“ MPT Pay အက်ပလီကေးရှင်းမှ

Step 1: Sign Up Now ကိုနှိပ်ပါ။

Step 2: အကောင့်ပြုလုပ်မည့် ဖုန်းနံပါတ်နှင့် အမည် ကို ဖြည့်ပါ။

Step 3: မှတ်ပုံတင်ရန်အကြောင်းကြားသည့် စာတို (SMS) မှ PIN နံပါတ်ဖြင့် အကောင့်ကို စတင်ပါ။

Step 4: အကောင့်ဖွင့်ပြီးကြောင်း အတည်ပြုသည့် စာတို (SMS) ရရှိပါက MPT Pay ဝန်ဆောင်မှုကို စတင် အသုံးပြုနိုင်ပါပြီ။

USSD Menu မှ

Step 1: *999# ကို နှိပ်၍ ခေါ်ဆိုပါ။

Step 2: ဘာသာစကားရွေးချယ်မှုပြုလုပ်ရန် မြန်မာဘာသာ အတွက် 1ကို နှိပ်ပါ။ အင်္ဂလိပ်ဘာသာအတွက် ဆိုပါက 2 ကို နှိပ်ပါ။

Step 3: မှတ်ပုံတင်ခြင်းကို အတည်ပြုရန် 1 ကို နှိပ်ပါ။

Step 4: သင်၏အမည်ကို အင်္ဂလိပ်လို ဖြည့်ပါ။

Step 5: အမည်မှန်ကြောင်းအတည်ပြုရန် 1 ကို နှိပ်ပြီးလျှင် မှတ်ပုံတင်ခြင်းကို အကြောင်းကြားသည့် စာတို (SMS) ရရှိပါလိမ့်မည်။

Step 6: အကောင့်စတင်အသုံးပြုရန် *999# ကို ခေါ်ဆို၍ ညွှန်ကြားချက်များကို လိုက်နာပါ။

Step 7: အကောင့်ဖွင့်ပြီးကြောင်း အတည်ပြုသည့် စာတို (SMS) ရရှိပါက MPT Pay ဝန်ဆောင်မှုကို စတင် အသုံးပြုနိုင်ပါပြီ။”

5 . PIN နံပါတ်မေ့သွားလျှင် ဘယ်ကိုဆက်သွယ်ရပါ့မလဲ။

MPT သုံးစွဲသူများသည် Customer Care နံပါတ် 999 ကို ခေါ်ဆို၍ သို့ Agent Care နံပါတ် 990 ကို ခေါ်ဆိုမေးမြန်း နိုင်ပါသည်။ အခြား မိုဘိုင်းဖုန်း သုံးစွဲသူများ မှ 012323990 သို့ခေါ်ဆိုမေးမြန်း နိုင်ပါသည်။

6 . IMPT Mobile Pay ဖွင့်ထားတဲ့ ဖုန်းနံပါတ်ကို ပြောင်းလဲလို့ရနိုင်ပါသလား။

ဟုတ်ကဲ့ ရပါတယ်။ သုံးစွဲသူတွေအနေနဲ့ MPT Mobile Pay အကောင့်ကို ဖွင့်ထားတဲ့ ဖုန်းနံပါတ်ကို ပြောင်းလဲချင်ပါက Customer Care 999 သို့ ဖုန်းခေါ်ဆိုပြီး ညွှန်ကြားချက်များအတိုင်း လိုက်နာလုပ်ဆောင်ပါ။ နံပါတ်ပြောင်းလဲမှု အတည်ပြုပြီးစီးပြီးနောက်တွင် SIM ကဒ်အသစ် သို့ အကောင့်ထဲတွင်ရှိသော ငွေများကို လွှဲပြောင်းပေးမှာဖြစ်ပါတယ်။

7. MPT Mobile Pay အကောင့်က မည်သည့်အတိုင်းအတာအထိ လုံခြုံစိတ်ချမှုရှိပါသလဲ။

ကျေးဇူးပြု ၍ Customer Care 999 သို့ ဖုန်းခေါ်ဆိုပြီး သင့်ရဲ့ ဖုန်းပျောက်ဆုံးကြောင်းကို အကြောင်းကြားပေးပါ။ Customer Care မှ တာဝန်ရှိသူက သင့် ရဲ့ အသေးစိတ်အချက်အလက်ကို အတည်ပြု ပြီး၊ သင့်ရဲ့ အကောင့်ကို ယာယီ အသုံးပြုခွင့် ရပ်နားထားမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ SIM ကဒ် အစားထိုးရရှိပြီးချိန်တွင် သင့်အကောင့်ကို ပြန်လည် အသုံးပြုနိုင်ရန် Customer Care ကို ဆက်သွယ်ပါ။

8. MPT Mobile Pay ရဲ့ကိုယ်စားလှယ်အနေနဲ့လုပ်ကိုင်လိုပါက မည်သူ့ထံဆက်သွယ်ရန်လိုအပ်ပါသလဲ။

ကျေးဇူးပြု၍ Customer Care 999 သို့ ဖုန်းခေါ်ဆိုပြီး သင့်ရဲ့ လုပ်ငန်းအသေးစိတ်ကြောင်းကို ပြောပြပါ။ သို့မဟုတ် MPT Mobile Pay Customer Care Teamရဲ့ Email ဖြစ်တဲ့ mptmoney@mptjo.com.mm သို့ သင့်ရဲ့ လုပ်ငန်းအသေးစိတ်အကြောင်း ကို ပေးပို့နိုင်ပါတယ်။ MPT Pay Sales & Distribution ဌာနက သင့်ထံ သို့ ပြန်လည် ဆက်သွယ်ပေးမှာဖြစ်ပါတယ်။

9. MPT Pay အကောင့်မရှိတော့လျှင် MPT Pay ကို ဆက်လက်အသုံးပြုနိုင်ပါသလား။

သင့်၏ နိုင်ငံသားစီစစ်ရေးကတ် သို့မဟုတ် နိုင်ငံကူးလက်မှတ် ဖြင့် MPT Pay ကိုယ်စားလှယ်နေရာများတွင် ငွေလွှဲခြင်း၊ ငွေထုတ်ခြင်းများ ပြုလုပ်နိုင်ပါသည်။

10. MPT Pay ကိုယ်စားလှယ် ဆိုတာဘာလဲ။

“ MPT Pay ကိုယ်စားလှယ် ဆိုသည်မှာ MPT Pay ဝန်ဆောင်မှုအကြောင်း ရှင်းလင်းပြောပြပေးနိုင်သူ ဖြစ်ပြီး အောက်ပါ ဝန်ဆောင်မှုများကို ပြုလုပ်ပေးနိုင်သူ ဖြစ်သည်။ – သင်၏ MPT Pay အကောင့်မှ ငွေသွင်းခြင်း၊ ငွေထုတ်ခြင်း၊ – ဘောက်ချာဖြင့် ငွေထုတ်ခြင်း၊ – ကိုယ်စားလှယ်မှ တဆင့် ငွေလွှဲခြင်း – သုံစွဲသူအကောင့် အဆင့်မြှင့်တင်ခြင်း”

11. MPT Pay ကုန်သည် ဆိုတာဘာလဲ။

MPT Pay ကုန်သည် ဆိုသည်မှာ ကုန်စည်ပစ္စည်းဝယ်ယူခြင်းများအတွက် MPT Pay ဖြင့် အီလက်ထရောနစ် ပိုက်ဆံကို လက်ခံပေးနိုင်သူ ဖြစ်သည်။

MPT IPTV Service

၀န်ဆောင်မှုအကြောင်း

၁။ MPT IPTV ၀န်ဆောင်မှုဆိုတာဘာလဲ။

MPT IPTV ၀န်ဆောင်မှုဆိုသည်မှာ ပြည်တွင်းပြည်ပ ရုပ်သံလိုင်းများ၊ ရုပ်ရှင်ဇာတ်လမ်းများ ပါ၀င်သော ဗွီဒီယို ၀န်ဆောင်မှုတစ်ခုဖြစ်သည်။

စတင်အသုံးပြုခြင်း

၂။ MPT IPTV ကိုမည်သို့ကြည့်ရှုနိုင်ပါသလဲ။

MPT IPTV ဝန်ဆောင်မှုကို Android application ၊ iOS application နှင့် မိုဘိုင်းလ် web version (Android မှ browser များဖြင့်သာ) များဖြင့်အသုံးပြုနိုင်ပါသည်။
• Android မှ တစ်ဆင့် အသုံးပြုလိုပါက Google Play Store တွင် “ MPT IPTV” ဟုရိုက်နှိက်ရှာဖွေကာ ရယူနိုင်ပါသည် (သို့မဟုတ်) https://play.google.com/store/apps/details?id=com.iptv.mpt.mm ဒီမှာ တစ်ဆင့် ဒေါင်းလုဒ်ရယူပါ။
• iOS application မှတစ်ဆင့် ဒေါင်းလုဒ်ရယူလိုပါက iOS app store တွင် “ MPT IPTV” ဟုရိုက်နှိက် ရှာဖွေကာ ရယူနိုင်ပါသည် (သို့မဟုတ်) ဒီမှ https://apps.apple.com/us/app/mpt-iptv/id1530893772 တစ်ဆင့် ဒေါင်းလုဒ်ရယူပါ။
• မိုဘိုင်း web မှတစ်ဆင့် အသုံးပြုလိုပါက ဒီမှာ https://iptv.mpt.com.mm/ နှိပ်ပါ။
• လိုတရ Portal မှတစ်ဆင့်ရယူလိုပါက http://lotaya.mpt.com.mm/event/260 (သို့မဟုတ်) *7373# ကို ခေါ်ဆိုပြီး application ကို ဒေါင်းလုဒ်ရယူနိုင်ပါသည်။

၃။ App/web ကိုအသုံးပြုပါက မဖြစ်မနေ subscribe လုပ်ဖို့လိုပါသလား။

ရုပ်သံလိုင်းများနှင့် ရုပ်ရှင်များကို App ကိုအသုံးပြု၍ ကြည့်ရှုရန် မဖြစ်မနေ subscribe လုပ်ရန် မလိုပါ။ MPT ဖုန်းအင်တာနက်ကိုအသုံးပြုပြီး non-subscriber အဖြစ်ကြည့်ရှုနိုင်ပါသည်။

(အချို့လုပ်ဆောင်မှုများကိုတော့ ကန့်သတ်ထားပါသည်။ ဥပမာ။ ။ ရုပ်ရှင်ဇာတ်ကားများကို ဒေါင်းလုဒ်ဆွဲခြင်းသည် subscription ဝန်ဆောင်မှုဖြင့်သာ အသုံးပြုနိုင်ပါသည် (subscription ဝန်ဆောင်မှုအား အသုံးပြုလို့ရအောင် လုပ်ဆောင်နေဆဲ ဖြစ်ပါသည်) ၊ အခြား အင်တာနက်လိုင်းများဖြင့်ကြည့်ရှုခြင်း နှင့် EPL ဝန်ဆောင်မှုကို MPT မိုဘိုင်းဒေတာဖြင့်သာ ကြည့်ရှုနိုင်ခြင်း တို့ဖြစ်ပါသည်။)

၄။ MPT IPTV ၀န်ဆောင်မှုကို မည်သို့ subscribe ပြုလုပ်ရမည်နည်း။

MPT ဖုန်းအင်တာနက်ကို အသုံးပြုသူဖြစ်ပါက App/web တွင် သင့်ဖုန်းနံပါတ်ကို အသုံးပြုပြီး အလိုလျောက်မှတ်ပုံတင်ပါလိမ့်မည်။ ထို့နောက် subscribe ပြုလုပ်စရာမလိုဘဲ ကြည့်ရှုနိုင်ပါလိမ့်မည်။ ထိုသို့ non-subscriber အဖြစ် အသုံးပြုပါက ရုပ်သံလိုင်းများနှင့် ရုပ်ရှင်များကို App ကိုအသုံးပြု၍ ကြည့်ရှုနိုင်ပါသည်။ အချို့လုပ်ဆောင်မှုများကိုတော့ ကန့်သတ်ထားပါသည်။ ဥပမာ။ ။ ရုပ်ရှင်ဇာတ်ကားများကို ဒေါင်းလုဒ်ဆွဲခြင်း၊ အခြား အင်တာနက်လိုင်းများဖြင့်ကြည့်ရှုခြင်း။
MPT ဖုန်းအင်တာနက် မဟုတ်ဘဲ အခြားအင်တာနက်ကွန်ယက်များကို အသုံးပြုပြီး MPT IPIV ဝန်ဆောင်မှုကို အသုံးပြုလိုပါက ဝန်ဆောင်မှုအား Subscribe ရယူရန်လိုအပ်ပါသည်။ MPT IPTV ၀န်ဆောင်မှုကို မိုဘိုင်းဖုန်းမှ စာရင်းပေးသွင်းခြင်းအတွက် ကျသင့်သည့်ပမာဏကို သင်၏ ဖုန်းဘေလ်မှ ကောက်ခံသွားမည်ဖြစ်ပါသည်။
MPT IPIV ဝန်ဆောင်မှုအား အခြားအင်တာနက်ကွန်ရက်များမှ တစ်ဆင့်အသုံးပြုရန် စာရင်းပေးသွင်းလိုပါက SMS (စာတို) မှ တစ်ဆင့် (သို့မဟုတ်) Web/App မှ တစ်ဆင့်ဝန်ဆောင်မှုအား စာရင်းပေးသွင်းနိုင်ပါသည်။
၁) SMS မှတစ်ဆင့် MPT IPTV ဝန်ဆောင်မှုအားရယူလိုပါက 7373 ကို ON ဟု SMS (စာတို) ပေးပို့နိုင်ပါသည်။
၂) Web/App မှ MPT IPTV ဝန်ဆောင်မှုအားရယူလိုပါက
(က) ပထမဦးစွာ app သို့ “sign-in” ဝင်ပြီး မပြီးကို သေချာစစ်စေးရန် app/web ၏“ပရိုဖိုင်” သို့သွားပါ။
(၁) အကယ်၍ ပရိုဖိုင်တွင် မိမိ၏ဖုန်းနံပါတ်ပေါ်နေပါက မိမိသည် signed-in လုပ်ပြီးသားဖြစ်ပါသည်။
(၂) သို့မဟုတ် လက်မှတ်ထိုးဝင်ရန်တောင်းဆိုပါက ကျေးဇူးပြု၍“ လက်မှတ်ထိုးဝင်ပါ” ကိုနှိပ်ပါ၊ သင်၏ MPT မိုဘိုင်းလ်နံပါတ်ကိုထည့်ပါ၊ T&C ကိုလက်ခံပြီး OTP ဝင်လာပါက OTP ကို ရိုက်ထည့်ပြီး Sign in ပြုလုပ်နိုင်ပါသည်။
(ခ) App/web သို့“ sign-in” ဝင်သွားပြီဆိုလျှင် App/web ၏“ Account” စာမျက်နှာရှိ“ Subscription Management” ခလုတ်ကိုနှိပ်ပြီးရှေ့ဆက်နိုင်ပါသည်။
(ဂ) “ Subscribe” ခလုတ်ကိုနှိပ်ပါ
(ဃ) သင်၏ MPT မိုဘိုင်းလ်နံပါတ်ကိုဖြည့်ပြီး ဝန်ဆောင်မှုရယူရန်ခလုတ်ကိုနှိပ်ပါ
(င) 7373 shortcode မှ OTP code တစ်ခုလက်ခံရရှိပြီး စာရင်းပေးသွင်းခြင်းလုပ်ငန်းစဉ်အတွက်ထို OTP ကိုဖြည့်ပါ။
(စ) OTP မှန်လျှင် 7373 မှ“ ကျေးဇူးတင်ပါတယ်” ဟူသောစာကိုသင်လက်ခံရရှိပြီး MPT IPTV ၀န်ဆောင်မှုကို စတင်အသုံးပြုနိုင်ပါသည်။

၅။ မြန်မာနိုင်ငံပြင်ပမှ MPT IPTV ၀န်ဆောင်မှုကိုအသုံးပြုနိုင်ပါသလား။

MPT IPTV ၀န်ဆောင်မှုကို မြန်မာနိုင်ငံအတွင်းသာ အသုံးပြုနိုင်ပါသည်။

၆။ MPT IPTV ၀န်ဆောင်မှုကိုအသုံးပြုရန် အနည်းဆုံး မည့်သည့် Android (သို့) iOS ဗားရှင်းရှိရန်လိုပါသလဲ။ MPT IPTV အပလီကေးရှင်းအတွက်မည်သည့် browser ကိုသုံးရန် recommend ပေးပါသလဲ။

Android အသုံးပြုသူများအတွက် ဗားရှင်း 5.0 နှင့်အထက်
iOS အသုံးပြုသူများအတွက် ဗားရှင်း 9.0 နှင့်အထက်
Web version ကို အသုံးပြုပါက Chrome browser ကိုအသုံးပြုဖို့ recommend ပေးပါတယ်

၇။ MPT IPTV application တွင် မည်သည့် ရုပ်ထွက်ဖြင့်ကြည့်ရှုနိုင်ပါသလဲ။

ဖုန်းနှင့် အသုံ:ပြုသူများအတွက် 1K HD (1280*720P) & SD (720*576P) ရုပ်ထွက်များဖြင့်ကြည့်ရှုနိုင်ပါသည်။

၈။ MPT IPTV application အသုံးပြုရန်အတွက် သင့်တော်သော အင်တာနက်လိုင်းဆွဲအား မည်မျှရှိသင့်ပါသလဲ။

ဖုန်းနှင့်အသုံးပြုသူများအတွက် တည်ငြိမ်အားအကောင်းသောဖုန်းအင်တာနက်လိုင်း (သို့) 4 mbps လိုင်းဆွဲအားရှိသော wifi ဖြင့်အသုံးပြုသင့်ပါသည်။

ငွေပေးချေမှုပုံစံများ

၉။ ဖုန်းဖြင့် MPT IPTV ၀န်ဆောင်မှုအသုံးပြုရန်အတွက် မည်သို့သော အစီအစဥ်များရှိသလဲ။

သင်သည် MPT ဖုန်းအင်တာနက်ဖြင့်အသုံးပြုသော non-subscription အသုံးပြုသူဖြစ်ပါက ဒေတာအသုံးပြုမှုအတွက်သာလျှင် ကျသင့်မည်ဖြစ်ပါသည်။ ရုပ်ရှင်ဇာတ်ကားများကို ဒေါင်းလုဒ်ဆွဲခြင်းကိုတော့ ပြုလုပ်မရနိုင်ပါ။

သင်သည်အခြားဖုန်းအင်တာနက် (သို့) WIFI ကိုအသုံးပြုသူဖြစ်ပါက တစ်ရက်လျှင် ၉၉ ကျပ်ဖြင့် MPT IPTV ဝန်ဆောင်မှုအား subscribe ပြုလုပ်ပြီး အသုံးပြုနိုင်ပါသည်။ ထိုသို့အသုံးပြုရာတွင် ရုပ်ရှင်ဇာတ်ကားများကို ဒေါင်းလုဒ်ဆွဲပြီး ကြည့်ရှုနိုင်ပါသည်။ (ရုပ်ရှင်ဇာတ်ကားများ ဒေါင်းလုတ်ပြုလုပ်ခြင်းကို Application မှတစ်ဆင့်သာ အသုံးပြုလို့ရမှာဖြစ်ပြီး Website မှတစ်ဆင့် အသုံးပြုလို့မရပါ။)

၁၀။ MPT IPTV ၏ Subscription ဝန်ဆောင်မှုကို အသုံးပြုလိုပါက မည်သို့သော ငွေပေးချေမှုများရှိသလဲ။

(အခြားဖုန်းအင်တာနက် (သို့) WIFI ဖြင့် အသုံးပြုလိုသူများအတွက်သာ)

MPT IPTV ၀န်ဆောင်မှုကို မိုဘိုင်းဖုန်းမှ စာရင်းပေးသွင်းခြင်းအတွက် ကျသင့်သည့်ပမာဏကို သင်၏ ဖုန်းဘေလ်မှ ကောက်ခံသွားမည်ဖြစ်ပါသည်။ (မေးခွန်းနံပါတ် ၄ ၏ အဖြေ တွင် အသေးစိတ်ကြည့်ရှုနိုင်ပါသည်။)

၁၁။ MPT IPTV ၏ Subscription ဝန်ဆောင်မှုကို မည်သို့ရပ်ဆိုင်းနိုင်ပါသလဲ။ (အခြားဖုန်းအင်တာနက် (သို့) WIFI ဖြင့် အသုံးပြုလိုသူများအတွက်သာ)

MPT IPTV ၀န်ဆောင်မှုရယူထားခြင်းကို ရပ်ဆိုင်းရန် App နှင့် Web များတွင် “ပရိုဖိုင်” အောက်တွင်ရှိသော “ရယူထားသောအစီအစဥ်များကို စီမံသည်။” အောက်တွင် ပြုလုပ်နိုင်ပါသည် (သို့မဟုတ်) 7373 သို့ OFF ဟု SMS (စာတို) ပေးပို့၍လည်း ၀န်ဆောင်မှုကို ရပ်ဆိုင်းနိုင်ပါသည်။ (အခြားဖုန်းအင်တာနက် (သို့) WIFI ဖြင့် အသုံးပြုလိုသူများအတွက်သာ)

၁၁။ MPT IPTV ၏ Subscription ဝန်ဆောင်မှုကို မည်သို့ရပ်ဆိုင်းနိုင်ပါသလဲ။

(အခြားဖုန်းအင်တာနက် (သို့) WIFI ဖြင့် အသုံးပြုလိုသူများအတွက်သာ)

MPT IPTV ၀န်ဆောင်မှုရယူထားခြင်းကို ရပ်ဆိုင်းရန် App နှင့် Web များတွင် “ပရိုဖိုင်” အောက်တွင်ရှိသော “ရယူထားသောအစီအစဥ်များကို စီမံသည်။” အောက်တွင် ပြုလုပ်နိုင်ပါသည် (သို့မဟုတ်) 7373 သို့ OFF ဟု SMS (စာတို) ပေးပို့၍လည်း ၀န်ဆောင်မှုကို ရပ်ဆိုင်းနိုင်ပါသည်။ (အခြားဖုန်းအင်တာနက် (သို့) WIFI ဖြင့် အသုံးပြုလိုသူများအတွက်သာ)

ထုတ်ကုန်နှင့် ၀န်ဆောင်မှုများ

၁၂။ MPT IPTV ၀န်ဆောင်မှုတွင် ရုပ်သံလိုင်းနှင့် ရုပ်ရှင်ဇာတ်ကားများ မည်မျှပါ၀င်သနည်း။

ပြည်တွင်း ပြည်ပ ရုပ်သံလိုင်းစုစုပေါင်း (၁၈) လိုင်း ကိုကြည့်ရှုနိုင်ပါသည်။ ဒါ့အပြင် နာမည်ကြီး ရုပ်ရှင်များနှင့် တီဗီရှိုးများ နာရီပေါင်း ၁၀၀၀ ပါသောအစီအစဉ်ပေါင်း ၆၆၀ ကျော်ကိုလည်း ကြည့်ရှုနိုင်ပါသည်။

၁၃။ MPT IPTV ၀န်ဆောင်မှုတွင် မည်သည့်ရုပ်သံလိုင်းများ ကိုကြည့်ရှုနိုင်ပါသလဲ။

Local Channels
1) 5 Plus
2) Channel 9
3) MRTV Entertainment
4) Mahar TV
5) Fortune TV
6) Channel K
7) Mahar Bawdi
8) YTV

International Channels
1) Star Bharat
2) Star Gold
3) Star Plus
4) Star UTSAV
5) CGTN Documentary
6) Miao Mi
7) Blue Ant/Rock Entertainment
8) Blue Ant/Rock Extreme
9) Smithsonian
10) ZooMoo

၁၄။ MPT IPTV ၀န်ဆောင်မှုကို ဒေတာလက်ဆောင်ဖြင့် ကြည့်ရှုနိုင်ပါသလား။

MPT IPTV ၀န်ဆောင်မှုကို ဖုန်းဒေတာလက်ဆောင်ဖြင့် မကြည့်ရှုနိုင်ပါ။

App ၏လုပ်ဆောင်ချက်များ

၁၅။ တိုက်ရိုက်ကြည့်ရှုခြင်းတွင် ဗီဒီယို ရုပ်ထွက်ကိုမည်သို့ရွေးချယ်နိုင်ပါသလဲ။

App တွင် ဗီဒီယို ရုပ်ထွက်များကို အင်တာနက်ဆွဲအားပေါ်မူတည်ပြီး အလိုလျောက်ချိန်ညှိပေးပါသည်။

၁၆။ App တွင် ချိန်ညှိခြင်းများကို မည်သည့်နေရာတွင်ပြုလုပ်ရမည်နည်း။

App တွင် ချိန်ညှိခြင်းများကို “ပရိုဖိုင်” အောက်တွင် ပြုလုပ်နိုင်ပါသည်။

၁၇။ ရယူထားသော ၀န်ဆောင်မှုများကို မည်သည့်နေရာတွင် စီမံပြောင်းလဲနိုင်ပါသလဲ။

“ပရိုဖိုင်” အောက်တွင်ရှိသော “ရယူထားသောအစီအစဥ်များကို စီမံသည်။” အောက်တွင် ပြုလုပ်နိုင်ပါသည်။

၁၈။ App ၏ ဘာသာစကားပြောင်းလဲရန် မည်သည့်နေရာတွင် ပြုလုပ်နိုင်ပါသလဲ။

App ၏ ဘာသာစကားပြောင်းလဲရန် “ပရိုဖိုင်” အောက်တွင်ရှိသော “English/မြန်မာ” မှတဆင့် ပြုလုပ်နိုင်ပါသည်။

၁၉။ MPT IPTV application တွင် ရုပ်ရှင်ဇာတ်ကားများကို ဒေါင်းလုဒ်လုပ်နိုင်ပါသလား။

MPT IPTV application တွင် ရုပ်ရှင်ဇာတ်ကားများကို ဒေါင်းလုဒ်လုပ်နိုင်ပါသည်။ ဒေါင်းလုဒ်လုပ်ထားသော ရုပ်ရှင်ဇာတ်ကားများကို “စုစည်းမှု” အောက်မှ “ဒေါင်းလုဒ်လုပ်သည်။” တွင်ပြန်လည်ကြည့်ရှုနိုင်ပါသည်။ (subscription ဝန်ဆောင်မှုအသုံးပြုသူများသာ)

၂၀။ MPT IPTV ဖုန်း App ၀န်ဆောင်မှုတွင် ဒေါင်းလုဒ်လုပ်ထားသော ရုပ်ရှင်ဇာတ်ကားများကို မည်မျှကြာအောင် သိမ်းဆည်းထားနိုင်ပါသလဲ။

ဒေါင်းလုဒ်လုပ်ထားသော ရုပ်ရှင်ဇာတ်ကားများကို ဒေါင်းလုဒ်လုပ်ပြီး ရက် ၃၀ အတွင်း ပြန်လည်ကြည့်ရှုနိုင်ပါသည်။

၂၁။ ပြီ:ဆုံးသွားသော ရုပ်သံအစီအစဥ်များကို ပြန်လည်ကြည့်ရှုနိုင်ပါသလား။

၇ ရက်အတွင်းပြသထားသော ရုပ်သံလိုင်းများမှ အစီစဉ်များကို ပြန်ကြည့် (catch-up) function ဖြင့် ပြန်လည်ကြည့်ရှုနိုင်ပါသည်။

၂၂။ ပြီ:ဆုံးသွားသော ရုပ်သံအစီအစဥ်များကို မည်သည့်နေရာတွင် ပြန်လည်ကြည့်ရှုနိုင်ပါသလဲ။

ရုပ်သံလိုင်း တစ်ခုချင်းစီ၏ ဘေးတွင်ရှိသော မီနူး ကိုနှိပ်ပြီး ရုပ်သံအစီစဥ်များအသေးစိတ်တွင် ပြန်လည်ရှာဖွေကာ ကြည့်ရှုနိုင်ပါသည်။

နည်းပညာအကူအညီ

၂၃။ ကြည့်ရှုနေသော ရုပ်ရှင်ဇာတ်ကား ရပ်တန့်သွားပါက မည်သို့ပြုလုပ်ရမည်နည်း။

ဦးစွာ အင်တာနက်လိုင်းဆွဲအားကို စစ်ဆေးပါ။ App ကို အဖွင့်ပိတ်လုပ်ပါ။ မရပါက အသုံးပြုသူများ ၀န်ဆောင်မှုသို့ဆက်သွယ်ပါ။

၂၄။ ရုပ်သံများ ရုပ်ထွက်မကောင်းပါက မည်သို့ပြုလုပ်နိုင်မည်လဲ။

ရုပ်သံများ ရုပ်ထွက်မကောင်းခြင်းသည် အောက်ပါအချက်အလက်များကြောင့်ဖြစ်နိုင်ပါသည်။
• အင်တာနက်လိုင်းစွဲအား အားနည်းခြင်း
• App/web တွင် ရုပ်သံလိုင်းများ ကြည့်ရှုနေပါက ရုပ်ထွက်ကို HD သို့ပြောင်းလဲပြီး ကြည့်ရှုနိုင်ပါသည်။

၂၅။ MPT IPTV ၀န်ဆောင်မှုအသုံးပြုနေစဥ် နည်းပညာဆိုင်ရာ အခက်အခဲများဖြစ်ပေါ်လာပါက မည်သို့ပြုလုပ်ရမည်နည်း။

အသုံးပြုနေသော application သည် နောက်ဆုံးဗားရှင်း ဟုတ်မဟုတ်စစ်ဆေးပါ။ ဆက်လက်ဖြစ်နေပါက Error Code ကိုမှတ်ထားပြီး အသုံးပြုသူများ ၀န်ဆောင်မှုသို့ဆက်သွယ်ပါ။

၂၆။ MPT IPTV ၀န်ဆောင်မှုအသုံးပြုနေစဥ် အသံမကြားရပါက မည်သို့ပြုလုပ်ရမည်နည်း။

အသံဖွင့်ထားခြင်းရှိမရှိစစ်ဆေးပါ။ ဆက်လက်ဖြစ်နေပါက အသုံးပြုသူများ ၀န်ဆောင်မှုသို့ဆက်သွယ်ပါ။

၂၇။ MPT IPTV ၀န်ဆောင်မှုတွင် မျက်နှာပြင်အပြည့်နှင့် ကြည့်ရှုခြင်းကို မည်သို့ ပိတ်ရမည်နည်း။

IPTV App အတွက် Return ခလုပ်ကိုနှိပ်ပါ။

၂၈။ MPT IPTV ဝန်ဆေောင်မှုအား စာရင်းသွင်းပြီးနောက် Wifi သို့မဟုတ်အခြားကွန်ရက်များနဲ့ အသုံးပြုလို့မရရင်ဘယ်လိုလုပ်ရမလဲ။

ဒီလိုပြဿနာကြုံလာရင်ကျေးဇူးပြုပြီး မိမိ အသုံးပြုနေတဲ့ အင်တာနက် network ကိုပြောင်းပြီး IPTV ဝန်ဆောင်မှုကိုထပ်သုံးကြည့်ပါ။ ထိုပြဿနာသည် network တစ်ခုတည်းတွင်သာဖြစ်ပေါ်ပါက မိမိအသုံးပြုနေသော network service provider နှင့် ကျေးဇူးပြု၍ စစ်ဆေးပါ။
ဒါမှမဟုတ် အခြား network များအားလုံးတွင်ဖြစ်ခဲ့လျှင် ကျေးဇူးပြု၍ ၁၀၆ သို့ဆက်သွယ်နိုင်ပါသည်။

၂၉။ Web ကို အခုလက်ရှိအသုံးပြုနေတဲ့ browser ဖြင့် ဗီဒီယိုကိုမကြည့်နိုင်ရင် ဘယ်လိုလုပ်ရမလဲ။

သင်၏လက်ရှိအသုံးပြုနေတဲ့ browser ဖြင့်ဗီဒီယိုကိုမကြည့်နိုင်လျှင် ကျေးဇူးပြု၍ Chrome browser ကိုပြောင်းသုံးပါ။

ဆက်သွယ်ရန်

၁။ MPT IPTV ၀န်ဆောင်မှု အတွက် အကူအညီများကို မည်သို့ ရယူနိုင်ပါသလဲ။

MPT မိုလ်ဘိုင်းဖုန်း (သို့) ကြိုးဖုန်းများဖြင့်ခေါ်ဆိုလိုပါက ၁၀၆ (သို့) ၂၈၀၀ သို့ဆက်သွယ်ပါ။
MPT မဟုတ်သော မိုလ်ဘိုင်းဖုန်း (သို့) ကြိုးဖုန်းများဖြင့်ခေါ်ဆိုလိုပါက ၀၁-၂၃၉၉၁၀၆ (သို့) ၀၁-၈၆၅၂၈၀၀ သို့ဆက်သွယ်ပါ။
ဆက်သွယ်နိုင်သော အချိန်များကို အောက်ပါ MPT website လင့်ခ်တွင်ကြည့်ရှုနိုင်ပါသည်။
https://bit.ly/2NCAnYF

MPT Dome Pyan Internet Service

၁။ ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဆိုတာဘာလဲ။

ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဆိုတာ မြန်နှုန်းမြင့် အကန့်သတ်မဲ့ အိမ်သုံးအင်တာနက် ကို သင့်တင်မျှတသော ဈေးနှုန်းဖြင့် အသုံးပြုနိုင်သော အင်တာနက်ဝန်ဆောင်မှုဖြစ်ပါသည်။

၂။ ADSL ဝန်ဆောင်မှုနဲ့ ဘာကွာခြားပါလဲ။

  • ADSL ဆိုတာ တယ်လီဖုန်းလိုင်းစနစ်နဲ့ အသုံးပြုနိုင်တဲ့ အင်တာနက်ဝန်ဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။
  • ဖိုက်ဘာအင်တာနက်ဝန်ဆောင်မှုကတော့ တယ်လီဖုန်းလိုင်းနဲ့ ချိတ်ဆက်အသုံးပြုရတဲ့ ADSL အင်တာနက်စနစ်ထက် ပိုပြီးတည်ငြိမ်ပြီး မြန်ဆန်ပါတယ်။

ဖိုက်ဘာအင်တာနက်စနစ်ဟာ အကျိုးကျေးဇူးများပါတယ်။ (ဥပမာအားဖြင့် မိုးသည်းထန်စွာ ရွာသွန်းနေတဲ့အချိန်တွေမှာတောင် ဖိုက်ဘာအင်တာနက်စနစ်က လိုင်းကျသွားခြင်းမျိုးမရှိပဲ တည်ငြိမ်တဲ့အနေအထားမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။)

၃။ ဒုံးပျံအိမ်သုံး ဖိုင်ဘာအင်တာနက် အမြန်နှုန်း နဲ့ ဈေးနှုန်းတွေက ဘယ်လောက်လဲ။

လစဥ်ကြေး အမြန်နှုန်း မိုဘိုင်းလ် နံပါတ် ၁ ခုစီ သို့ ရရှိမည့် အကျိုးအမြတ်များ
(လစဉ် မိုဘိုင်းလ် ၅ လုံးထိ ခံစားခွင့် )
32,000Kyats 20Mbps 1GB
100 Mins [On-Net]
Unlimited SMS [On-Net]
43,000Kyats 30Mbps 1GB
100Mins (On-Net)
Unlimited SMS(On-Net)
76,000Kyats 60Mbps 2GB
100Mins (On-Net)
Unlimited SMS(On-Net)
120,000Kyats 110Mbps 3GB
200Mins (On-Net)
Unlimited SMS(On-Net)

၄။ အင်တာနက်သုံးစွဲတဲ့အခါ ဒေတာ ကန့်သတ်မှုတွေရှိပါသလား။

မရှိပါဘူး။ အသုံးပြုသူတွေအနေနဲ့ ဒေတာအကန့်အသတ်မရှိ အင်တာနက်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

၅။ သုံးစွဲသူတွေအနေနဲ့ 15Mbps,25Mbps,50Mbps နဲ့ 100Mbps ဒေတာအမြန်နှုန်းကို အမြဲတမ်းရရှိနိုင်မလား။

ယခုအင်တာနက်စနစ်မှာ 15Mbps၊ 25Mbps၊ 50Mbps နဲ့ 100Mbps ဒေတာအမြန်နှုန်းအထိ အများဆုံးရရှိနိုင်မှာဖြစ်ပြီး ဒီအမြန်နှုန်းတွေဟာ အင်တာနက်ဝန်ဆောင်မှုကို အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ပါတယ်။ အသုံးပြုသူ အများအပြား တစ်ချိန်တည်းအသုံးပြုတဲ့အခြေအနေမျိုးမှာတော့ အင်တာနက်အမြန်နှုန်း ဟာ မူလက အများဆုံးရရှိနိုင်တဲ့အမြန်နှုန်းထက် အနည်းငယ်နှေးသွားနိုင်ပါတယ်။ ဒါပေမယ့် အသုံးပြုသူ တစ်ဦးချင်းစီတိုင်းအတွက် လုံလောက်တဲ့အမြန်နှုန်းကို ပေးစွမ်းနိုင်ပါတယ်။

၆။ ဒုံးပျံအိမ်သုံး ဖိုင်ဘာအင်တာနက် ကို ဘယ်လိုလျှောက်ထားနိင် မည်နည်း။

ဒုံးပျံအိမ်သုံး ဖိုင်ဘာအင်တာနက် ကို MPT Website၊ နီးစပ်ရာ MPT ဆိုင်များ၊ အရောင်းဝန်ထမ်းများ၊ MPT4U Application ရဲ့ အလိုလျှောက် စာြပန်စနစ်မှသော်လည်းကောင်း (သို့) 2800 / 018652800 သို့ ခေါ်ဆိုမေးမြန်းနိုင်ပါတယ်။

၇။ ငွေကောက်ခံမှုအပိုင်းမှာ ဘာသတ်မှတ်ချက်များရှိပါသလဲ။ သုံးစွဲသူများဘက်မှ ငွေပေးချေမှုကို ဘယ်လိုပြုလုပ်နိုင်မှာလဲ။•

သုံးစွဲသူများအနေနဲ့ လစဉ်ကြေးငွေကို လမစမှီကြိုတင်ပေးသွင်းရမှာဖြစ်ပါတယ်။ MPT မှ FTTH လစဉ်ကြေးဘေလ် များကို MPT TRAကောင်တာများ ၊ MPT Pay application, MPT ငွေဖြည့်ကဒ် မှတဆင့် ပေးချေခြင်း ၊ CB BANK၊ KBZ BANK, AYA BANK နှင့် MPT မှသတ်မှတ်ထားသော တယ်လီဖုန်းဌာန များတွင်သာမက MEB နှင့် ချိတ်ဆက်ထားသော CITY MART၊ JUNCTION၊ OCEAN၊ SUPERONE၊ MYANMA APEX BANK ၊ UNITED LIVING MALL စသည့် ဈေးဝယ်စင်တာများမှတဆင့်လည်း လွယ်ကူစွာ ငွေပေးချေနိုင်ပါသည်။

၈။ ဘေလ်များကို ဘယ်လိုစစ်လို့ ရနိုင်သလဲ။

(၁) ဘေလ်များကို 2800 / 018652800 သို့ခေါ်ဆိုပြီး သင့်၏ အကောင့်ကုတ် တစ်ခါသုံး စကားဝှက်အား အသုံးပြု၍ စစ်ဆေးနိုင်ပါသည် ။
(၂) သုံးစွဲသူများအနေနဲ့ လစဉ်ကျသင့်သော ဘေလ်များကို MPT4U Application ရဲ့ အလိုလျောက် စာြပန်စနစ်မှ အကောင့်ကုတ် တစ်ခါသုံး စကားဝှက်အား အသုံးပြု၍လည်း စစ်ဆေးနိုင်ပါသည် ။

၉။ မြန်နှုန်းများ တိုးမြှင့်ခြင်း လျှော့ချခြင်းများ ပြုလုပ်လို့ရနိုင်ပါသလား ပါသလား။

အသုံးပြုသူများအနေနဲ့ သုံးစွဲတဲ့ အမြန်နှုန်းကို အချိန်မရွေး အတိုးအလျှော့ လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် အသုံးပြုသူအနေနဲ့ ဒေတာအမြန်နှုန်းလျှော့ချတဲ့အခြေအနေမျိုးမှာတော့ ဝန်ဆောင်ခ ၁၀,၀၀၀ ကျပ်ကို တစ်ကြိမ်ကောက်ခံသွားမှာဖြစ်ပါတယ်။ ဝန်ဆောင်မှု အမြန်နှုန်းအတိုးအလျှော့ပြုလုပ်လိုပါက ပြုလုပ်လိုသည့်လ၏ ပထမပတ်မတိုင်မီ ၅ ရက်ကြို၍ လာလျှောက်ထားရမည် ဖြစ်ပါတယ်။

၁၀။ ယာယီလိုင်း ပိတ်သိမ်းခြင်းများ ပြုလုပ်နိုင်ပါသလား။

အသုံးပြုသူများအနေနဲ့ အင်တာနက်ခေတ္တရပ်ဆိုင်းခြင်းကို ဝန်ဆောင်ခ ၁၀,၀၀၀ ကျပ် တစ်ကြိမ်ပေးသွင်းပြီး အများဆုံး သုံးလအထိ ဝန်ဆောင်မှုအသုံးပြုခြင်းကို ခေတ္တရပ်နားထားနိုင်ပါတယ်။
ဝန်ဆောင်မှုခေတ္တရပ်ဆိုင်းခြင်းကို ပြုလုပ်လိုသည့်လမတိုင်မီ ၅ ရက်ကြို၍ MPT TRAကောင်တာများ တွင် လာရောက် လျှောက်ထားရမှာ ဖြစ်ပါတယ်။

၁၁။ အင်တာနက်နှေးကွေးခြင်း သို့မဟုတ် ချိတ်ဆက်မှုပြတ်တောက်ခြင်းတို့ကို တွေ့ကြုံရသည့်အခါတွင် မည်သို့လုပ်ဆောင်ရမည်နည်း။

MPT ၏ အိမ်သုံးအင်တာနက် ဝန်ဆောင်မှု FTTH အခက်ခဲများ ဖြေရှင်းခြင်း လမ်းညွှန်ကိုအောက်ပါအတိုင်းဝင်ရောက်ကြည်ရှုနိုင်ပါသည်။
https://www.mpt.com.mm/mm/ftth-general-trouble-shooting-mm/#ftth

၁၂။ Username နဲ့ Password ဘယ်လိုပြောင်းရမလဲ။ (Huawei ONU)

အောက်ဖော်ပြပါ Link တွင်ပြုလုပ်ပုံအဆင့်ဆင့်အား အသေးစိတ်ဖော်ပြထားပါသည်။
https://www.mpt.com.mm/en/ftth-general-trouble-shooting/#one

၁၃။ Username နဲ့ Password ဘယ်လိုပြောင်းရမလဲ။ (ZTE ONU)

အောက်ဖော်ပြပါ Link တွင်ပြုလုပ်ပုံအဆင့်ဆင့်အား အသေးစိတ်ဖော်ပြထားပါသည်။
https://www.mpt.com.mm/en/ftth-general-trouble-shooting/#two

Bill Payment by MPT Pay

၁။ ငွေတောင်းခံလွှာများကို MPT Pay ဖြင့် ပေးဆောင်နိုင်တယ် ဆိုတာ ဘာလဲ?

Postpaid နှင့် FTTH ၀န်ဆောင်မှု အမျိုးအစားအားလုံး၏ လစဉ်ကျသင့်ငွေတောင်းခံလွှာ နှင့် ကနဦ: ငွေတောင်းခံလွှာ (OTI)များအား MPT Pay ကိုအသုံးပြုပြီး  ငွေပေးဆောင်နိုင်သော ဝန်ဆောင်မှု အသစ်ဖြစ်ပါသည်။

၂။ ငွေပေးချေမှု ဝန်ဆောင်မှု အသစ်ဖြင့် မည်သည့် လစဉ်ငွေတောင်းခံလွှာများကို ပေးဆောင်နိုင်ပါသလဲ ?

MPT Postpaid Service (PSTN, ADSL, GSM, CDMA, IPStar) နှင့်  FTTH ဝန်ဆောင်မှု အမျိုးအစားအားလုံး၏ လစဥ်ငွေတောင်းခံလွှာ နှင့် OTI ငွေတောင်းခံလွှာများကို ပေးဆောင်နိုင်ပါသည်။

၃။ MPT Pay ဆိုတာဘာလဲ?

MPT Pay ဆိုသည်မှာ မြန်မာပြည်အတွင်း အချိန်မရွေး နေရာမရွေး ငွေလွှဲပို့နိုင်သော ဝန်ဆောင်မှုဖြစ်ပါတယ်။ အသုံးပြုသူတွေ အနေနဲ့ အကောင့်အတွင်း ငွေသိမ်းဆည်းခြင်း၊ ငွေလွှဲခြင်း၊ ငွေလက်ခံခြင်းများကို MPT Pay အကောင့်မှတဆင့် ပြုလုပ်နိုင်ပါတယ်။ MPT Pay application အကြောင်းပိုမို သိရှိလိုပါက https://mptmoney.com.mm/  တွင်၀င်ရောက်ကြည့်ရှုနိုင်ပြီ: MPT Pay application ကိုလည်း Download ရယူနိုင်ပါသည်။

၄။ MPT Pay application ကို အသုံးပြုပြီး ငွေပေးချေမှု မည်သို့လုပ်ဆောင်နိုင်ပါသလဲ?

MPT Pay အသုံးပြုရန် User (သို့) Merchant (သို့) Agent အကောင့်များ ဖွင့်ပြီ: ငွေပေးချေမှုကို လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်နိုင်ပါသည်။

၅။ MPT Pay ကို မည်သူတွေ အသုံးပြုလို့ ရနိုင်ပါသလဲ။ စာရင်းသွင်းရန် အတွက် ထပ်ဆောင်း၀န်ဆောင်ခ ပေးရန်လိုအပ်ပါသလား။

MPT Pay သုံးစွဲသူ အကောင့်ကို မည့်သည့် မိုဘိုင်း ဖုန်းနံပါတ်မဆို စာရင်းသွင်းနိုင်ပါသည်။ Merchant (သို့) Agent အသုံးပြုသူများသည် MPT mobile SIM ဖြင့်သာ စာရင်းပေးသွင်းနိုင်ပါသည်။ စားရင်းသွင်းရန် ၀န်ဆောင်ခ ထပ်ဆောင်းပေးဆောင်ရန် မလိုပါ။

၆။ Postpaid (PSTN, ADSL, GSM/CDMA, IP Star) နှင့် FTTH ၀န်ဆောင်ဆောင်မှု လစဥ် ငွေတောင်းခံလွှာများ ပေးဆောင်ရန် အောက်ပါအဆင့်များကို လုပ်ဆောင်ပါ။

(၁) MPT Pay ၏ User အကောင့် အသုံးပြုပြီ: ငွေပေးချေမည်ဆိုလျှင် mobile number (09XXXXXXXXX) နှင့် password ကိုရိုက်နိုပ်ပြီ: user application ထဲသို့၀င်ပါ။ Agent အကောင့် အသုံးပြုပြီ: ငွေပေးချေမည်ဆိုလျှင် user name ၊ password နှင့် short code ကိုရိုက်နိုပ်ပြီ: agent application ထဲသို့၀င်ပါ

(၂) Home menu မှ “MPT ဘေလ်များ” ကို နှိပ်ပါ။

(၃) “Account Code”, “Invoice Number” နှင့် ပေးဆောင်မည့် ငွေပမာဏ “Amount” ရိုက်ထည့်ပါ (သို့) လစဥ်ဘေလ်တွင် ပါ၀င်သော QR code     ကို QR scan ဖတ်ပြီး “Account Code” နှင့် “Invoice Number” ကို အလိုအလျောက်ဖြည့်ပြီး ပေးဆောင်မည့် ငွေပမာဏ “Amount” ရိုက်ထည့်ပါ။

(၄) အချက်အလက်များကို စစ်ဆေးပြီး မှန်ကန်ပါက ဆက်လက်လုပ်ဆောင်ရန် “Proceed”  ကို နှိပ်ပါ။

(၅) MPT Pay မှ ငွေပေးချေမှု အောင်မြင်ကြောင်း ကို “Success/ Failed” status နှင့်တကွ ဖြည့်သွင်းထားသော အချက်အလက်များကို ပြပေးပါမည်။ ငွေပေးချေမှုအတွက် Postpaid နှင့် FTTH services ကို စာရင်းသွင်းပြီ: အတည်ပြုထားသော မိုဘိုင်းဖုန်းထံသို့  SMS ရရှိပါလိမ့်မည်။

၇။ OTI ငွေတောင်းခံလွှာများကို MPT Pay ဖြင့် မည်သို့ ပေးဆောင်နိုင်ပါသလဲ။

အထက်ပါ နံပါတ် ၇ အချက်အလက်အတိုင်း ငွေပေးချေမှုကို လုပ်ဆောင်နိုင်ပါသည်။ ကနဦ: ငွေတောင်းခံလွှာ (OTI)များကို ပေးဆောင်လျှင် ကျသင့်ငွေကို အပြည့်အ၀ပေးချေရပါမည် သို့မဟုတ်ပါက MPT Pay မှ “Failed” ဟု status ပြပြီး အပြည့်အ၀ပေးဆောင်ရန်အတွက် ကျသင့်ငွေပါ ပြပေးပါမည်။

၈။ ငွေပေးချေပြီးပါက အောင်မြင်ခြင်း ရှိ မရှိ ဘယ်လိုသိရှိနိုင်မလဲ?

MPT Pay မှ ငွေပေးဆောင်မှုအချက်အလက် စစ်ဆေးပြီးပါက “Success/ Failed” လို့ပြပေးပါမည်။ ငွေပေးချေမှု အောင်မြင်ပါက MPT မှ ငွေလက်ခံရရှိကြောင်း SMS ပေးပို့သွားမည်ဖြစ်ပါသည်။

၉။ အကယ်၍ ဆားဗစ်နံပါတ် (သို့) အကောင့်နံပါတ် မှားယွင်းပေးဆောင်မိရင် ဘယ်လိုဆောင်ရွက်ရမလဲ ?

MPT Pay call center (990 or 01-2323990) ကို ဖုန်းခေါ်ဆိုပြီ: မိမိ လက်ခံရရှိသော SMS ကို ပြသပါ။

၁၀။ ငွေပေးချေပြီးသော်လည်း SMS မရရှိပါက မိမိ ငွေပေးချေမှု အောင်မြင်/မအောင်မြင် ဘယ်လိုသိရှိနိုင်မလဲ ?

MPT Pay call center (990 or 01-2323990) သို့ ဖုန်းခေါ်ဆို၍ လည်းကောင်း၊ နီးစပ်ရာ MPT ၏ ငွေလက်ခံကောင်တာများ TRA တွင် လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။ MPT Pay application ၏ “Transaction History (လုပ်ဆောင်ချကမှတ်တမ်း)” မှတဆင့် မိမိငွေပေးချေခဲ့သည့် ရက်ဖြင့်လည်း ရှာဖွေကြည့်ရှုနိုင်ပါသည်။

၁၁။ ဆက်သွယ်ရန်နံပါတ် ပြောင်းလဲချင်ပါက ဘယ်လို ဆောင်ရွက်နိုင်မလဲ ?

106 သို့ ဖုန်းခေါ်ဆို၍ လည်းကောင်း၊ နီးစပ်ရာ MPT ၏ ငွေလက်ခံကောင်တာများ TRA တွင် လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။

၁၂။ ကိုယ်စား ငွေပေးချေနိုင်ပါသလား။ ဘာတွေလိုအပ်ပါသလဲ?

ကိုယ်စား ပေးဆောင်နိုင်ပါသည်။ ငွေပေးချေမည့် ဝန်ဆောင်မှု နံပါတ်၏ အချက်အလက်များ ဥပမာ- ငွေတောင်းခံလွှာအမှတ်၊ ငွေစာရင်းအမှတ်၊ ပေးဆောင်မည့် ငွေပမာဏ စသည်တို့ လိုအပ်ပါသည်။

၁၃။ ငွေပေးချေရန် အချိန် ကန့်သတ်ချက် ရှိပါသလား?

ဤငွေပေးချေမှုသည် အချိန် ကန့်သတ်ထားခြင်း မရှိပါ။ လွယ်ကူမြန်ဆန်ပြီး အချိန်ကုန်သက်သာစေသော အွန်လိုင်း ၀န်ဆောင်မှုဖြစ်ပါသည်။

၁၄။ ငွေပေးသွင်းရက် ကျော်လွန် ၍ လိုင်း ဖြတ်တောက်ခံရပါက ငွေသွင်း၍ ပြန်လည်လိုင်းဖွင့်ရာတွင် ပေးသွင်းပြီး အချိန်ဘယ်လောက်ကြာလှ့ျင် လိုင်းပြန်ဖွင့်ပါသလဲ?

ပေးရန်ကျန်ရှိသော ကြွေးကျန်များ အားလုံးကို ပေးသွင်းပြီးပါက ၂ရက်မှ ၃ရက် (အလုပ်လုပ်ရက်) အတွင်း ဖြတ်တောက်ထားသော လိုင်းကို ပြန်လည် ဖွင့်ပေးမည် ဖြစ်ပါသည်။

၁၅။ ငွေပေးသွင်းပြီးသော်လည်း လိုင်းပြန် မပွင့်ပါ။ ဘာကြောင့်ပါလဲ?

သင့်ငွေပေးချေမှုကို အပြည့်အ၀ ငွေပေးချေမှု ရှိ မရှိ စစ်ဆေးပါ။ ငွေတောင်းခံလွှာအတိုင်း အပြည့်အ၀ ပေးချေပြီးနောက် လိုင်းပြန်လည် အသုံးပြုနိုင်ပါလိမ့်မည်။

၁၆။ အကယ်၍ မိမိ ဝန်ဆောင်မှု လိုင်းအား ယာယီပိတ်သိမ်း ထားသော်လည်း ငွေပေးဆောင်ရန် ကျန်ရှိပါက ယခုငွေပေးချေမှု နည်းလမ်းအသစ် ဖြင့် ပေးဆောင်နိုင်ပါသလား?

မည်သည့် အကြောင်းအရာဖြင့်မဆို လိုင်းယာယီပိတ်ထားသော်လည်း ယခု ငွေပေးချေမှုနည်းလမ်း အပါအဝင်  ယခင်ချယ်နယ် အားလုံးမှ ငွေပေးချေနိုင်ပါသည်။ ငွေပေးချေမှု ပြီးစီးပါက လိုင်းအလိုအလျောက် ပြန်လည်အသုံးပြုနိုင်မည် ဖြစ်ပြီး ချွင်းချက် အနေဖြင့် မိမိဆန္ဒဖြင့် ယာယီပိတ် လျောက်ထားသော လိုင်းများအနေဖြင့် MPT ကော်မာရှယ် ရုံးများတွင် လိုင်းပြန်လည်ဖွင့်လှစ်ရန် လျောက်ထားရမည် ဖြစ်သည်။

၁၇။ အကယ်၍ လိုင်းအပြီးပိတ်သိမ်းထားသော်လည်း ပေးသွင်းရန် ကျန်ငွေရှိပါက ယခု ငွေပေးချေမှု နည်းလမ်း အသစ်ဖြင့် ပေးချေနိုင်ပါသလား ?

မည်သည့် အကြောင်းအရာဖြင့် ဖြစ်စေ လိုင်းအပြီး ပိတ်သိမ်းထားသော်လည်း ငွေပေးချေလိုပါက ယခု ငွေပေးချေမှု နည်းလမ်းအသစ် အပြင် ယခင်ချယ်နယ် အားလုံးမှ ပေးချေနိုင်ပါသည်။ သို့သော် အပြီးပိတ်လိုင်းများအား ပြန်လည် အသုံးပြုလိုပါက MPT ကော်မာရှယ် ရုံးများသို့ သွားရောက် လျောက်ထားရန် လိုအပ်ပါသည်။

၁၈။ ငွေတောင်းခံလွှာ ပမာဏထက် ပိုပြီး ငွေပေးချေပါက ဘယ်လိုဖြစ်နိုင်ပါသလဲ?

ငွေတောင်းခံလွှာပမာဏထက် ပိုမိုပေးဆောင်ပါက ပိုနေသော ငွေပမာဏအား သုံးစွသူ၏ ငွေစာရင်းအဖြစ် သတ်မှတ်ပေးမည် ဖြစ်သည်။

-သုံးစွဲသူမှ ပေးဆောင်ရန်ကျန်ငွေ မရှိပါက သုံးစွဲသူ၏ အကောင့်တွင် ကြိုတင်ငွေအဖြစ် ထည့်သွင်းပေးသွားပါမည်။

-သုံးစွဲသူမှ အခြားငွေတောင်းခံလွှာများအတွက် ပေးဆောင်ရန်ရှိပါက ကျန်ရှိသော ငွေဖြင့် ပေးချေသွားမည် ဖြစ်ပါသည်။

၁၉။ ငွေတောင်းခံလွှာပမာဏ အောက် လျော့နည်းပြီး ငွေပေးချေပါက ဘယ်လိုဖြစ်နိုင်ပါလဲ?

MRC ငွေတောင်းခံလွှာပမာဏအောက် လျော့နည်းပြီး ငွေပေးချေပါက တစ်စိတ်တစ်ပိုင်းငွေပေးချေမှု အဖြစ် လက်ခံပါမည်။ သင့်အနေဖြင့် ပေးဆောင်ရန်ကျန်ငွေများအား အလုံးစုံ ပေးချေရန် လိုအပ်ပြီး ပေးဆောင်ရန်ကျန်ငွေပမာဏ မည်မျ နည်းသည်ဖြစ်စေ ငွေပေးချေရမည့်ရက် ကျော်လွန်ပါက လိုင်းယာယီဖြတ်တောက်မှု ခံရနိုင်ပါသည်။

ကနဦ: ငွေတောင်းခံလွှာ(OTI) ပမာဏအောက် လျော့နည်းပြီး ငွေပေးချေမှုကို MPT Pay မှတဆင့် လက်ခံမည် မဟုတ်ပါ။ သင့်အနေဖြင့် ပေးဆောင်ရန်ကျန်ငွေများအား အပြည့်အ၀ ပေးချေရန် လိုအပ်ပြီး ပေးဆောင်ရန်ကျန်ငွေပမာဏ မည်မျ နည်းသည်ဖြစ်စေ ငွေပေးချေရမည့်ရက် ကျော်လွန်ပါက လိုင်းယာယီဖြတ်တောက်မှု ခံရနိုင်ပါသည်။

၂၀။ ပေးဆောင်ရန်ကျန်ငွေ မရှိဘဲ ငွေပေးချေပါက ဘယ်လို ဖြစ်နိုင်ပါသလဲ?

ပေးသွင်းသောငွေ အားလုံးသည် ကြိုတင်ငွေ အဖြစ် သတ်မှတ်ပေးမည် ဖြစ်သည်။

best operator in Myanmar