Base Tariff အစီအစဉ်ကို အသစ်လျှောက်ထားရယူနိုင်မည်မဟုတ်ပါ။ သို့သော် လက်ရှိတွင် Base Tariffအစီအစဉ်ကို အသုံးပြုနေသူများသည် အောက်ပါနှုန်းထားများအတိုင်း ဆက်လက်အသုံးပြုနိုင်နေမည်ဖြစ်ပါသည်။
အင်တာနက် သုံးစွဲခ နှုန်းထားများ
အများဆုံးရရှိနိုင်သော အမြန်နှုန်းမှာ 256kbps ဖြစ်ပြီး တစ်မိနစ်လျှင် (၄)ကျပ်ကျသင့်မည်ဖြစ်ပါသည်။
Base tariff အသုံးပြုသူများအနေဖြင့် 4G/LTE ကိုအသုံးပြုနိုင်မည်မဟုတ်ပါ။ 4G/LTE ကိုအသုံးပြုလိုပါက ရှယ်ပြောအစီအစဉ် (*234*3#) (သို့) ဆွေသဟာအစီအစဉ် (*234*2#) (သို့) ရွှေစကားအစီအစဉ် (*234*4#) သို့ခေါ်ဆိုကာရယူနိုင်ပါတယ်။
ပုံမှန်ခေါ်ဆိုခ နှုန်းထားများ
Voice Call & SMS Tariff
-
MPT ဖုန်းအချင်းချင်း ခေါ်ဆိုမှု
သုံးစွဲမှုများသည့်အချိန်
(မနက် ရ နာရီ မှ ည ၁၁ နာရီအထိ)တစ်မိနစ်လျှင် ၅၀ ကျပ်
SMS : တစ်စောင်လျှင် ၂၅ ကျပ်
-
MPT ဖုန်းအချင်းချင်း ခေါ်ဆိုမှု
သုံးစွဲမှုနည်းသည့်အချိန်
(ည ၁၁ နာရီ မှ မနက် ရ နာရီအထိ)တစ်မိနစ်လျှင် ၂၅ ကျပ်
SMS : တစ်စောင်လျှင် ၂၅ ကျပ်
-
အခြားဖုန်းများ ခေါ်ဆိုမှု
သုံးစွဲမှုများသည့်အချိန်
(မနက် ရ နာရီ မှ ည ၁၁ နာရီအထိ)တစ်မိနစ်လျှင် ၅၀ ကျပ်
SMS : တစ်စောင်လျှင် ၂၅ ကျပ်
-
အခြားဖုန်းများ ခေါ်ဆိုမှု
သုံးစွဲမှုနည်းသည့်အချိန်
(ည ၁၁ နာရီ မှ မနက် ရ နာရီအထိ)တစ်မိနစ်လျှင် ၅၀ ကျပ်
SMS : တစ်စောင်လျှင် ၂၅ ကျပ်
စည်းကမ်းသတ်မှတ်ချက်များ
၁။ ဒေတာသုံးစွဲမှုအတွက် အများဆုံးရရှိနိုင်သော အမြန်နှုန်းမှာ 256kbps ဖြစ်ပြီး တစ်မိနစ်လျှင် (၄)ကျပ်ကျသင့်မည်ဖြစ်ပါသည်။
၂။ Base tariff အသုံးပြုသူများအနေဖြင့် 4G/LTE ကိုအသုံးပြုနိုင်မည်မဟုတ်ပါ။
၃။ MPT ဖုန်းအချင်းချင်း ခေါ်ဆိုမှု အတွက် သုံးစွဲမှုများသည့်အချိန်(မနက် ၇ နာရီ မှ ည ၁၁ နာရီအထိ) တစ်မိနစ်လျှင် ၅၀ ကျပ် နှင့် သုံးစွဲမှုနည်းသည့်အချိန်(ည ၁၁ နာရီ မှ မနက် ၇ နာရီအထိ) တစ်မိနစ်လျှင် ၂၅ကျပ်၊ အခြားဖုန်းခေါ်ဆိုမှုအတွက် သုံးစွဲမှုများသည့်အချိန်(မနက် ၇ နာရီ မှ ည ၁၁ နာရီအထိ) တစ်မိနစ်လျှင် ၅၀ ကျပ် နှင့် သုံးစွဲမှုနည်းသည့်အချိန်(ည ၁၁ နာရီ မှ မနက် ၇ နာရီအထိ) တစ်မိနစ်လျှင် ၅၀ကျပ်၊ စာတိုပေးပို့ခ ၁ စောင်လျှင် ၂၅ ကျပ် ဖြစ်သည်။
၄။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ကြေညာခဲ့သော ၂၀၂၁-၂၀၂၂ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပြင်ဆင်ချက်အရ ၊၂၀၂၂ခုနှစ် ဇန်နဝါရီလ (၆) ရက်နေ့မှစ၍ အင်တာနက်ဒေတာ အသုံးပြုမှုအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် (၁၅%) နှုန်းထားဖြင့်ကောက်ခံသွားမည်ဖြစ်သည်။
၅။ စာတိုပေးပို့မှု နှင့် ဖုန်းခေါ်ဆိုမှုတို့ အတွက် ကုန်သွယ်လုပ်ငန်းခွန်အား ပြောင်းလဲခြင်းမရှိပဲ မှုလအတိုင်း (၅%)ဖြင့် ဆက်လက်ကောက်ခံသွားမည်ဖြစ်သည်။
၆။ ပြည်တွင်းခေါ်ဆိုမှုနှုန်းထားများကို (၆) စက္ကန့် နှုန်းထားဖြင့်သာ သတ်မှတ်ကောက်ခံသွားမည်ဖြစ်ပါသည်။
၇။ Base Tariff အစီအစဉ်ကို အသစ်လျှောက်ထားရယူနိုင်မည်မဟုတ်ပါ။
၈။ Base Tariff အစီအစဥ်တွင် ပါဝင်ခြင်းအားဖြင့်၊ ဤပြင်ဆင်ထားသော စည်းကမ်းသတ်မှတ်ချက်များအား လက်ရှိ အစီအစဥ်ရယူထားသော MPT အသုံးပြုသူများမှ သဘောတူလက်ခံပါသည်။
၉။ https://www.mpt.com.mm/en/terms-conditions-ver-2/ တွင် ဖော်ပြထားသော MPT ၏အထွေထွေစည်းကမ်းချက်များသည်လည်းဤစည်းကမ်းသတ်မှတ်ချက်များနှင့် အကျုံးဝင်သက်ဆိုင်မည် ဖြစ်သည်။