MPT ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက် ရဲ့လစဉ်ကြေး ကြိုတင်ငွေပေးချေခြင်း ဝန်ဆောင်မှုများကို နီးစပ်ရာ MPT ၏ ငွေလက်ခံကောင်တာများနှင့် MPT branded ဆိုင်များတွင် ပေးဆောင်နိုင်ကြောင်း အသိပေးအပ်ပါသည်။ (၆) လစာ ကြိုတင်ငွေပေးဆောင် ပါက ၅% သက်သာခွင့်နှင့် (၁) နှစ် ကြိုတင်ငွေပေးဆောင်ပါက ၁၀% ထိသက်သာခွင့်ကို ရယူလိုက်ပါ။
Advance Payment Promotion
*Bandwidth upgrade promotion until end of Dec 22
*All FTTH users who join MPT until May 22 are eligible.

Advance Payment Details Benefit
အမြန်နှုန်း | လစဉ်ကြေး | 6 လစာ ကြိုတင်ငွေစုစုပေါင်း (5% လျှော့ဈေး) | ၁၂ လစာ ကြိုတင်ငွေစုစုပေါင်း (၁၀% လျှော့ဈေး) |
---|---|---|---|
20 Mbps | 32,000 | 182,400 | 345,600 |
30 Mbps | 43,000 | 245,100 | 464,400 |
60 Mbps | 76,000 | 433,200 | 820,800 |
110 Mbps | 120,000 | 684,000 | 1,296,000 |
ဒုံးပျံအိမ်သုံးအင်တာနက် သုံးစွဲနေသူများအနေဖြင့် ယခုပရိုမိုးရှင်းတွင် ရယူလိုပါက မည်မျှပေးဆောင်ရမလဲ?

၁။ ကြိုတင်ငွေပေးချေခြင်း ပရိုးမိုးရှင်းကို သိရှိနိုင်ပါရန် MPT အမည်ဖြင့် SMS ပေးပို့ထားပါသည်။ ယင်း SMS တွင် လျှော့စျေးအပါအဝင် အသေးစိတ်အချက်အလက်များနှင့် ကြိုတင်ငွေ ပေးဆောင်ရမည့် ငွေပမာဏ အတိအကျအား စစ်ဆေးတွေ့ရှိ နိုင်ပါသည်။
၂။ ကြိုတင်ငွေပေးချေပြီး လျှော့စျေးရယူခြင်း ပရိုမိုးရှင်းအား လျှောက်ထားလိုပါက သုံးစွဲသူသည် လက်ရှိ ကျန်ရှိနေသော ကြွေးကျန်များ အားလုံးကို ပေးဆောင်ရပါမည်။ (ပြီးခဲ့သည့်လတွင်ထွက်ရှိခဲ့သော ဘေစာရင်းနှင့် ယင်းမတိုင်ခင်လများတွင်ထွက်ရှိထားခဲ့သော ဘေလ်များ)
*လက်ရှိကျန်ရှိနေသောကြွေးကျန်များ = ပြီးခဲ့သည့်လမကုန်မှီအချိန်အထိနောက်ဆုံးထားပေးဆောင်ရမည့် ဘေလ်ကိုဆိုလိုပါသည်။MPT၏ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုသည်ကြိုတင်ငွေပေးချေရသောဝန်ဆောင်မှုဖြစ်ပါသည်။သုံးစွဲသူမှယင်းဝန်ဆောင်မှုအားစတင်အသုံးမပြုမှီတစ်လကြိုတင်၍ကောက်ခံခြင်းဖြစ်ပါသည်
ဥပမာအားဖြင့် ဒီဇင်ဘာလ အစောပိုင်းတွင် နောက်လာမည့်လ ဇန်နဝါရီလ အသုံးပြုခဘေလ်အား သုံးစွဲသူထံ ကြိုတင်ပို့ဆောင်ပေးပြီး ယင်း ဘေလ်အားနောက်ဆုံးထားပေးဆောင်ရမည့် ရက်မှာ ဒီဇင်ဘာလမကုန်မှီအထိဖြစ်ပါသည်။
Case1- ယခုလတွင် ထွက်ရှိသည့် ငွေတောင်းခံလွာအတွက် ပေးချေထားခြင်းမရှိပါ ။ (နောက်လဝန်ဆောင်မှုအတွက်)
Bandwidth | Prepaid 6months (5% discount) | Prepaid 12moths (10% discount) |
---|---|---|
20 Mbps | 182,400 | 345,600 |
30 Mbps | 245,100 | 464,400 |
60 Mbps | 433,200 | 820,800 |
110 Mbps | 684,000 | 1,296,000 |
Case 2- ယခုလတွင် ထွက်ရှိသည့် ငွေတောင်းခံလွာအတွက် ပေးချေထားပြီးဖြစ်ပါသည်။ (နောက်လဝန်ဆောင်မှုအတွက်)
Bandwidth | Prepaid 6months (5% discount) | Prepaid 12moths (10% discount) |
---|---|---|
20 Mbps | 150,400 | 313,600 |
30 Mbps | 202,100 | 421,400 |
60 Mbps | 357,200 | 744,800 |
110 Mbps | 564,000 | 1,176,000 |
MPT Pay မှတဆင့် ငွေပေးချေခြင်း

Download MPT PAY
Now MPT subscribers who are using mobile data can enjoy thousands of their favourite movies on Mahar without paying any subscriptions fees.Watch your favourite Myanmar movies non-stop at the most affordable data charges with mahar mobile app without subscription fees.
ကြိုတင်ငွေ ငွေပေးချေမှုပြူလုပ်နိုင်သော MPT TRA ကောင်တာများ
လက်ရှိဖြစ် ပေါ်နေသော COVID19 အခြေနေများ ကြောင့် ကြိုတင်ငွေ ငွေပေးချေမှုမပြုလုပ်မှီ ဖေါ်ပြထားသည့် နီးစပ်ရာ အရောင်းကောင်တာများ ၏ ဖုန်း နံပါတ်များကို ကြိုတင်ဆက်သွယ်စုံစမ်းပြီးမှသာ သွားရောက် ပေးဆောင်ပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

Bank များမှတဆင့် ကြိုတင်ငွေပေးဆောင်ခြင်း

KBZ
KBZ mobile banking မှတဆင့် (သို့) မည်သည့် KBZ ဘဏ်ကောင်တာတွင် မဆို ပေးဆောင်နိုင်ပါသည်။
KBZ mobile banking user guide, please

AYA
AYA mobile banking မှတဆင့် (သို့) မည်သည့် AYA ဘဏ်ကောင်တာတွင် မဆို ပေးဆောင်နိုင်ပါသည်။
AYA mobile banking user guide, please

CB
CB mobile banking မှတဆင့် (သို့) မည်သည့် CB ဘဏ်ကောင်တာတွင် မဆို ပေးဆောင်နိုင်ပါသည်။
CB mobile banking user guide, please
စည်းကမ်းသတ်မှတ်ချက်များ
- ၀န်ဆောင်မှုအသုံးပြုခြင်းနှင့်ပတ်သက်သည့် သတ်မှတ်ချက်များ-
- Premium ၊ Satellite နှင့် ထပ်ဆောင်းဝန်ဆောင်မှုနံပတ်များသို့ ဖုန်းခေါ်ဆိုခြင်းကို အထက်ပါစာရင်းတွင် ပါ၀င်သည့် ဖုန်းခေါ်ဆိုမှုများနှင့် မတူသည့် နှုန်းထားဖြင့် ကျသင့်ငွေသတ်မှတ်ထားသည်။
- နိုင်ငံတစ်ခုခုသို့ ဖုန်းခေါ်ဆိုခြင်းများပြုလုပ်ရာတွင် ခေါ်ဆိုသည့် အော်ပရေတာအပေါ် မူတည်ပြီး ကျသင့်ငွေသတ်မှတ်ခြင်းမပြုဘဲ ဖုန်းခေါ်ဆိုမှုအားလုံးကို တူညီသည့်နှုန်းထားဖြင့် ဖုန်းခေါ်ဆိုခ သတ်မှတ်မည်။
- အော်ပရေတာအပေါ်မူတည်၍မဟုတ်ဘဲ နိုင်ငံများအပေါ်မူတည်၍ ကျသင့်ငွေများ ကောက်ခံ သွားမည်ဖြစ်သည်။
- နိုင်ငံတကာဖုန်းခေါ်ဆိုမှုများအား ၁၅စက္ကန့်လျှင် တစ်ကြိမ်လက်ကျန်ငွေမှကောက်ယူမည်ဖြစ်သည်။
- စာတိုပေးပို့ရာတွင် စာတိုတစ်စောင်လျှင် space အပါအဝင် အင်္ဂလိပ်အက္ခရာ ၁၆၀အထိ သတ်မှတ်ထားသည်။
- Data roaming ၀န်ဆောင်မှုတွင် တခြားနိုင်ငံ၏ မိုဘိုင်းအော်ပရေတာကွန်ယက်ကို သုံးစွဲသူ၏ မိုဘိုင်းဖုန်းဖြင့် အသုံးပြုခွင့်ပေးထားသည်။သုံးစွဲသူသည် အခြားနို်င်ငံများတွင် ရောက်ရှိနေ သည့်အချိန်တွင် MPT ကွန်ယက်ကို အသုံးပြုပြီး အွန်လိုင်းဖွင့်ထားခြင်း၊ အင်တာနက် အသုံးပြုခြင်းနှင့် အင်တာနက်ချိတ်ဆက်ခြင်းအတွက် လိုအပ်သော apps များကို အသုံးပြုခြင်း တို့ကို data roaming ၀န်ဆောင်မှုတွင် ခွင့်ပြုထားသည်။ ယင်းဝန်ဆောင်မှုကို အသုံးပြုခြင်းအတွက် MPT က သုံးစွဲသူထံမှ ၀န်ဆောင်ခ ကောက်ခံမည်ဖြစ်သည်။
- ချေးငွေဝန်ဆောင်မှု (ယူထား+ ဝန်ဆောင်မှု) ကို နိုင်ငံတကာ ခေါ်ဆိုမှု ( International Direct Dialing ) အတွက် အသုံးမပြုနိုင်ပါ။
- ၀န်ဆောင်မှု ရယူအသုံးပြုနိုင်သည့် ဖုန်းအမျိုးအစားများ
- နိုင်ငံရပ်ခြားဖုန်းခေါ်ဆိုမှုအတွက် GSM, WCDMA နှင့် CDMA အသုံးပြုသူများအားလုံး အကျုံးဝင်သည်။
- ပြည်ပခရီးသွားစဉ် MPT ဖုန်းအသုံးပြုမှုအတွက် GSM နှင့် WCDMA အသုံးပြုသူများသာ အကျုံးဝင်သည်။
- ၀န်ဆောင်မှု ရယူခြင်း
- MPT ဆင်းကဒ်များအားလုံးဖြင့် နိုင်ငံတကာဖုန်းခေါ်ဆိုမှုများ ပြုလုပ်ရန်အတွက် မည်သည့် လျှောက်ထားမှုမျိုးမှ မလိုအပ်ပဲ အလိုအလျှောက် ခေါ်ဆိုရရှိမည် ဖြစ်ပါသည်။
- Data Roaming ရယူဖို့အတွက် ကြိုတင်ငွေဖြည့်စနစ်သုံးဆင်းမ်ကတ်အသုံးပြုသူတွေကတော့ ၁၃၃၂ သို့ RMDON ဟု စာတိုပေးပို့ပြီး ၀န်ဆောင်မှုကို ရယူနိုင်ပါတယ်။ဒီဝန်ဆောင်မှုကို ပိတ်ချင်တယ်ဆိုရင် ၁၃၃၂ သို့ RMDOFF ဟု စာတိုပေးပို့ရမှာပါ။ လစဉ်ပေးစနစ်သုံးဆင်းမ်ကတ် အသုံးပြုသူ တွေကတော့ MPT အမှတ်တံဆိပ်ဆိုင်တွေကနေတဆင့် လျှောက်ထားရမှာပါ။ Corporate Post Paid သုံးစွဲသူတွေကတော့ သက်ဆိုင်ရာ B2B မန်နေဂျာကဆင့် ဆက်သွယ် လျှောက်ထားနိုင်ပါတယ်။
- ၁၄.၂.၂၀၁၈ မှစ၍ Data Roaming ဝန်ဆောင်မှုအား အလိုလျှောက်ဖွင့်ထားပေးပြီဖြစ်သည်။
- ၀န်ဆောင်မှုအား ပြောင်းလဲ ပြင်ဆင်ခြင်း
- အထက်တွင် ဖော်ပြထားသော စည်းကမ်း၊ အသေးစိတ် အချက်အလက်များနှင့် စျေးနှုန်းတို့ကို MPT အနေဖြင့် ပြင်ဆင်ပြောင်းလဲနိုင်ပါသည်။ MPT သည် မည်သည့်အချိန်တွင် မဆို အထက်ပါ စည်းမျဉ်းစည်းကမ်းများကို ၀န်ဆောင်မှုများအတွက် ပြောင်းလဲခွင့်ရှိသည်။ အသစ်ပြုပြင်ထားသည့် စည်းမျဉ်းစည်းကမ်းများကို သက်ဆိုင်ရာ ဆက်သွယ်ရေး လမ်းကြောင်းများ (website၊ စျေးဆိုင်များ)ထိုမှတဆင့် ကြေညာဖော်ပြသွားမည် ဖြစ်ပါသည်။
အမေးများသောမေးခွန်းများ
1. ကြိုတင်ငွေပေးဆောင်ခြင်း ပရိုမိုးရှင်း ဆိုတာဘာလဲ။ မည်သူများရယူနိုင်ပါသလဲ။
ယခု လက်ရှိ ဒုံးပျံအိမ်သုံးအင်တာနက် သုံးစွဲနေသူများ (1st MRC အားပေးဆောင်ပြီး၊ ပုံမှန် MRC ထွက်ရှိပြီးသော သုံးစွဲသူများ) အနေဖြင့် ၆လ (သို့မဟုတ်) ၁၂လ ကြိုတင်ငွေ ပေးဆောင်ထားခြင့်ဖြင့် ၅% (သို့မဟုတ်) ၁၀% သက်သာစေမည့် အကျိုးအမြတ် ဖြစ်ပါသည်။ ယခုအစီအစဥ်အား Class A 100Mbps, Class B 50Mbps, Class C 25Mbps and Class D 15Mbps အားအသုံးပြုလျက်ရှိသူများသာ ရယူနိုင်မည်ဖြစ်သည်။ အသေးစိတ်သိလိုပါက https://www.mpt.com.mm/mm/advance-payment-promotion-mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
2. ပရိုမိုးရှင်းအစီအစဉ်အား မည်သည့်နေရာတွင် ရယူနိုင်မည်နည်း။
3. ကြိုတင်ငွေပေးဆောင်ခြင်းအား မည်သည့်နေရာများတွင် ပေးဆောင်နိုင်မည်နည်း။
ကြိုတင်ငွေပေးဆောင်ခြင်းအား လက်ရှိ MPT FTTH ဘေလ်များ ပေးဆောင်နိုင်သော TRA counter များ ၊ MEB online payment၊ CB၊ KBZ BANK, AYA Bank၊ MEB နှင့် ချိတ်ဆက်ထားသော CITY MART၊ JUNCTION၊ OCEAN၊ ABC CONVENIENCE STORE ၊ SUPERONE၊ MYANMA APEX BANK ၊ UNITED LIVING MALL စသည့် ဈေးဝယ်စင်တာများမှတဆင့်လည်း လွယ်ကူစွာ ငွေပေးချေနိုင်ပါသည်။
အသေးစိတ်ကြည့်ရှုရန် – https://bit.ly/3DV6Nlr
4. ငွေပေးချေရန်အတွက် နောက်ဆုံးပေးဆောင်ရမည့် သတ်မှတ်ထားသော ရက်ရှိပါသလား။
5. အသုံးပြုသူမှ (၆လ သို့မဟုတ် ၁၂လ) ကြိုတင်ငွေပေးဆောင်ထားသော ကာလအတွင်း လိုင်းအား အပြီးပိတ်သိမ်းလိုပါက ပြန်အမ်းငွေ ပြည်လည်ရရှိနိုင်မည်လား။
6. ကြိုတင်ငွေပေးချေခြင်း ပရိုမိုးရှင်းအား သက်တမ်းတိုးလိုပါက မည်သို့ဆောင်ရွက်ရမည်နည်း။
အသုံးပြုသူအနေဖြင့် ကြိုတင်ငွေပေးချေခြင်းရယူထားသော ပရိုမိုးရှင်းကာလ မကုန်မီနောက်ဆုံးလ၏ လမကုန်မှီ အလုပ်ဖွင့်ရက် (၃)ရက် ကြိုတင်၍ သက်တမ်းတိုးနိုင်ပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။ ယင်းသက်တမ်းတိုးနိုင်ရန် နောက်တစ်လအတွက်ကြိုထွက်ထားသော ဘေ၏ ငွေစာရင်းနံပါတ်အား ကိုကား၍ ကြိုတင်ငွေပေးချေပြီး သက်တမ်းတိုးနိုင်ပါသည်။
7. Discount ကာလအတွင်း အသုံးပြုသူမှ Bandwidth အတိုးအလျှော့ပြုလုပ်ခြင်း၊ နေရာပြောင်းရွှေ့ခြင်း၊ လိုင်းယာယီပိတ်သိမ်းခြင်းများ ဆောင်ရွက်နိုင်ပါသလား။
Discount ကာလအတွင်း အသုံးပြုသူမှ Bandwidth တိုးမြှင့်ခြင်းပြုလုပ်နိုင်သော်လည်း လျှော့ချခြင်းမပြုလုပ်နိုင်ပါ။ သို့သော် Bandwidth တိုးမြှင့်ခြင်းအတွက် ထပ်ဆောင်းပေးဆောင်ရမည့် ငွေအား ပေးဆောင်ရမည်ဖြစ်ပြီး ယင်းပေးဆောင်မှုအတွက် လျှော့စျေးပရိုမိုးရှင်း ရရှိမည်မဟုတ်ပါ။ အသုံးပြုသူမှ လိုင်းယာယီပိတ်သိမ်းခြင်းအား FTTH သုံးစွဲသူများအတွက် လိုင်းယာယီပိတ်သိမ်းခြင်း စည်းမျည်းများအရ ပြုလုပ်နိုင်ပါသည်။ နေရာရွှေ့ပြောင်းခြင်းလျောက်ထားမှုများအတွက် အကယ်၍ သုံးစွဲသူ ပြောင်းရွှေ့လိုသော နေရာတွင် MPT FTTH အသုံးပြုနိုင်မှသာ ပြောင်းရွှေ့နိုင်မည်ဖြစ်သည်။