သင် ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်များကို ကာကွယ်ပေးခြင်းသည် ကျွနုပ်တို့အတွက် အရေးကြီးပါ သည်။ ဤပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်ထိန်းသိမ်းမှုမူဝါဒတွင် ကျွန်ုပ်တို့က သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်များကို မည်သို့ကောက်ယူသည်၊ မည်သို့အသုံးပြုသည်နှင့် မည်သို့ကာကွယ်ပေးသည်ကို ရှင်းလင်းဖော်ပြ ထားပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်များဟုဆိုရာတွင် သင်သည် မည်သူမည်ဝါဖြစ် ကြောင်း ထုတ်ဖော်ပြသနိုင်သော မည်သည့်သတင်းအချက်လက်များကိုမဆို ရည်ညွှန်းပါသည်။
ဤပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်ထိန်းသိမ်းမှုမူဝါဒအား သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက် အလက်များ ကောက်ယူခြင်းနှင့် အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ ထပ်ဆောင်းသတင်းအချက်အလက်များပေးနိုင်သော အထွေထွေစည်းကမ်းသတ်မှတ်ချက်များနှင့် MPT ၏ ဝန်ဆောင်မှုတစ်ခုအပေါ် လွှမ်းမိုးသည့် မည်သည့် တိကျ သော စည်းကမ်းသတ်မှတ်ချက်များနှင့်မဆို အတူတကွ ဖတ်ရှုနားလည်သင့်ပါသည်။