MPT အနေဖြင့် ကဏ္ဍမျိုးစုံမှ ဘဝမျိုးစုံတို့အား ကျွန်တော်တို့ရဲ့ မိသားစုဝင်တွေအဖြစ် ပါဝင်ဖို့ ကြိုဆိုလျှက်ရှိပါတယ်။ ကျွန်ုပ်တို့ရဲ့ ကြီးမားပြီး ကျယ်ပြန့်လှတဲ့ လုပ်ငန်းကွန်ရက်ထဲမှာ မည်သည့်အတတ်ပညာမဆို အံဝင်ခွကျဖြစ်နိုင်မယ့်အခွင့်အရေးတွေရှိပါတယ်။ သင့်အနေနဲ့ ကျွန်ုပ်တို့နဲ့အတူ ဆက်သွယ်ရေး လုပ်ငန်းကဏ္ဍထဲမှာ ထူးခြားကောင်းမွန်တဲ့ အခွင့်အရေးကောင်းတွေ ရှာဖွေတွေ့ရှိနိုင်မှာ အသေအချာပါ ပဲ။

MPT မှာ တာဝန်ထမ်းဆောင်ခြင်းဖြင့် သင့်ရဲ့စိတ်ကူးအိပ်မက်တွေထက်ကျော်လွန်ကောင်းမွန်သည့် ဘဝကို စိန်ခေါ်မှုများစွာနဲ့ စိတ်လှုပ်ရှားဖွယ်ရယူနိုင်မှာပါ။ ကျွန်ုပ်တို့ဟာ ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍတွေ မှာ အစဉ်တစိုက် တီထွင်ဆန်းသစ်မှုတွေနဲ့ အတွေ့အကြုံကောင်းများစွာတွေရှိတဲ့အတွက် သင့်ကိုဆက်သွယ် ရေးလုပ်ငန်းများမှာ အနာဂတ်ရဲ့ ခေါင်းဆောင်တစ်ယောက်အဖြစ် ပျိုးထောင်ပေးနိုင်ပါတယ်။

သင်၏ လူနေမှုဘဝနှင့် MPT ၏ရှေ့ရေးများအောင်မြင်တိုးတက်စေဖို့ အတူတကွလက်တွဲဖော် ဆောင်နိုင်ရန် MPT မှ သင့်အား မိသားစုဝင်အဖြစ် ပါဝင်ဖို့ဖိတ်ခေါ်ပါတယ်။

U Soe Thein
Chief Executive Officer

Kazuhiko Masuda
Deputy Chief Executive Officer

အဘယ်ကြောင့် MPT

မြန်မာပြည်၏ပထမဆုံး နှင့်ဆယ်သွယ်ရေးလုပ်ငန်းများကို ဦးဆောင်လျှက်ရှိသည့် အော်ပရေတာဖြင့်လက်တွဲလိုလျှင်

ဘဝတက်လမ်း တိုးတက်မှု အတွက်MPT

တိုးတက်မှုတွေ ၊ အကောင်းဆုံးလုပ်ငန်းအတွေ့အကြုံတွေကို MPT မှာရယူလိုက်ပါ

အလုပ်ရှာရန် MPT

အလုပ်ရှာရန်

best operator in Myanmar