အသက်ပေါင်းများစွာကို ကယ်တင်နိုင်ရန်အတွက် MPT ၏ (၇) ကြိမ်မြောက် နိုင်ငံအဝှမ်း စုပေါင်းသွေးလှူဒါန်းပွဲတွင် ပါဝင်လှူဒါန်းနိုင်ရန် အများပြည်သူတို့ကို ဖိတ်ခေါ်

Published 11 Mar 2019

(ရန်ကုန် – ၂၀၁၉ ခုနှစ်၊ မတ်လ ၈ ) သန့်စင်၍ အသက်ကယ်နိုင်သော သွေးကို ဆေးဝါးကုသမှုတွင် အသုံးချခြင်း၏ အရေးပါမှု နှင့် နိုင်ငံအဝှမ်းသွေးလှူဒါန်းခြင်း၏ အရေးပါမှုတို့အား အများပြည်သူတို့အကြား သိရှိနားလည်မှု မြင့်မားလာစေရေးအတွက် မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် ဦးဆာင် ဆက်သွယ်ရေးအော်ပရေတာ ဖြစ်သည့် MPT အနေဖြင့် ၎င်း၏ ပုံမှန်ဆောင်ရွက်နေသော တစ်နိုင်ငံလုံးအနှံ့ သွေးလှူဒါန်းခြင်းကို ယခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ထပ်မံပြီး ဆောင်ရွက်သွား မည် ဖြစ်ပါသည်။ ယခု လိုလှူဒါန်းခြင်းကို ရန်ကုန်မြို့ရှိ အမျိုးသားသွေးဌာနတွင် ကျင်းပသွားမည် ဖြစ်သကဲ့သို့၊ နိုင်ငံတစ်ဝှမ်းလုံး အတိုင်းအတာအဖြစ် ဆေးရုံ/သွေးဌာန ၁၇ ခု ၌ တစ်ပြိုင်တည်း ကျင်းပသွားမည် ဖြစ်ပါသည်။

MPT အနေဖြင့် လူမှုအသိုက်အဝန်းအား ကူညီထောက်ပံ့မှုဆိုင်ရာ ပင်မတန်ဖိုးများအဖြစ် ၎င်း၏ “နှလုံးသားထဲကမြန်မာ” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ယခု သွေးလှူဒါန်းခြင်းသည် MPT က (၇) ကြိမ်မြောက် အဖြစ် ဦးဆောင်လှုပ်ရှားခြင်းလည်း ဖြစ်ပါသည်။ ပြီးခဲ့သည့် (၆) ကြိမ်အတွင်း MPT အနေဖြင့် တစ်နိုင်ငံလုံးအနှံ့ သွေးလှူဒါန်းခြင်းကို ဆောင်ရွက်ခဲ့ရာတွင် ပါဝင်လှူဒါန်းသူပေါင်း ၃,၀၀၀ ကျော်ဖြင့် စံချိန်တင်ထားနိုင်ခဲ့ပြီး MPT ၏ ဝန်ထမ်းများနှင့် အများပြည်သူများ၏ ပါဝင်လှူဒါန်းမှုများကြောင့် မြန်မာတစ်နိုင်ငံ လုံးရှိ သွေးလှူဘဏ်များနှင့် ဆေးရုံများအတွက် လိုအပ်လျက်ရှိသော သွေးလိုအပ်ချက်အားစေတနာ့ ဝန်ထမ်းများ၏ စွမ်းအားဖြင့် ဖြည့်ဆည်းပေးနိုင်ခဲ့ပါသည်။
သွေးလှူရှင်အရေအတွက်သည် နှစ်စဉ်နှင့်အမျှ တိုးတက်လာနေသော်လည်း ၊ မြန်မာနိုင်ငံ တွင် သွေးလှူဒါန်းခြင်းမှာ နည်းပါးနေလျက် ရှိခြင်းကြောင့် ယခုကျင်းပမည့် (၇) ကြိမ်မြောက် သွေးလှူဒါန်းခြင်း အစီအစဉ်တွင် ပြည်သူများ ပိုမိုပါဝင်လာ နိုင်ရန် MPT အနေဖြင့် မျှော်လင့်လျက် ရှိပါသည်။ တန်ဖိုးရှိသည့် သွေးများ ပိုမိုရရှိနိုင်ပါက နိုင်ငံအဝှမ်းရှိ ပြည်သူများ၏ အသက်များကို ပိုမိုကယ်တင်နိုင်မည် ဖြစ်ခြင်းကြောင့် သွေးလှူရှင်အရေအတွက် ပိုမိုတိုးတက်လာစေရန် လိုအပ်လျက် ရှိပါ သည်။

MPT-KSGM Joint Operations မှ လုပ်ငန်းလည်ပတ်မှုဌာနကြီး၏အရာရှိချုပ်ဖြစ်သူ Mr. Yoshiaki Benino ကလည်း “ကျွန်တော်တို့အနေနဲ့ ကျန်းမာသန်စွမ်းတဲ့မိဘပြည်သူတွေကိုမတ်လ ၁၅ ရက်နေ့မှာ တစ်နိုင်ငံ လုံးမှာရှိတဲ့ သတ်မှတ်ထားတဲ့ ဆေးရုံတွေ ၊ သွေးဌာနတွေမှာ သွေးအနည်းငယ်လောက် လာရောက် လှူဒါန်းပေးနိုင်ဖို့ကို အထူးပဲ ဖိတ်ခေါ်လိုပါတယ်။ကျွန်တော်တို့ MPT က ဝန်ထမ်းတွေနဲ့ အတူ ပူးပေါင်းပြီး မြန်မာပြည်သူလူထု အနေနဲ့ ကျန်းမာပြီး အသက်ရှည်စွာနေထိုင်နိုင်ရေးအတွက်အကျိုး အမြတ်ကောင်း တွေ ဖြစ်လာစေဖို့ပါဝင်ပူးပေါင်းကြစေချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

“ကျွန်တော့်အနေနဲ့ ဒီသွေးလှူဒါန်းမှုမှာ ပါဝင်ကြဖို့ ပြင်ဆင်နေကြသူတွေအပေါ် ကျေးဇူးတင်တဲ့အကြောင်း ကြိုတင် ပြောကြားလိုပါတယ်။ ကိုယ်ရဲ့ နိုင်ငံသားတွေအပေါ် ထားတဲ့ သူတို့ရဲ့ ဂရုစိုက်မှု၊ ထောက်ပံ့ကူညီမှုတွေ အတွက်ပါ။မိမိတို့ရဲ့မိသားစုဝင်တွေ၊ မိတ်ဆွေတွေကိုလည်း ဒီလိုပဲ ကူညီပေးကြဖို့ ဝိုင်းဝန်းတိုက်တွန်းပေးစေ လိုပါတယ်။ကျွန်တော်တို့ရဲ့စေတနာ့ဝန်ထမ်း စိတ်ဓါတ်ကနေတစ်ဆင့် မြန်မာ့လူမှု အသိုက်အဝန်းကို ပိုမိုကောင်းမွန်တဲ့၊ ပိုမိုမေတ္တာထားတတ်တဲ့ အသိုက်အဝန်းအဖြစ် အတူတကွ တည်ဆောက်နိုင်ကြမှာပါ” ဟုဆက်လက် ပြောကြားသွားခဲ့ပါသည်။

မတ်လ ၁၅ ရက်နေ့တွင် ကျင်းပမည့် MPT ၏ (၇) ကြိမ်မြောက် သွေးလှူဒါန်း ပွဲတွင် ပါဝင်လှူဒါန်းလိုကြသူများ အနေဖြင့် မိမိတို့ဒေသတွင်ရှိသည့် MPT ရုံးများတွင် စာရင်းပေးသွင်းရမည်ဖြစ်ပြီး ၊ ရန်ကုန်မြို့မှ လှူဒါန်းလိုသူများအနေဖြင့် ဖုန်းနံပါတ် ၀၉၈၆၃၀၀၅၀ သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်မည် ဖြစ်ပါသည်။
သွေးလှူဒါန်းမှု ဆောင်ရွက်မည့် နေရာများအား အောက်ပါဇယားတွင် ဖော်ပြပေးထားပါသည်။

သွေးလှူဒါန်းပွဲကျင်းပမည်ဖြစ်သော မတ်လ ၁၅ ရက်နေ့တွင် အကြောင်းအမျိုးမျိုးကြောင့် လာရောက်လှူဒါန်းနိုင်ခြင်း မရှိသော စေတနာရှင်များအနေဖြင့် အမျိုးသားသွေးဌာန၏ website ဖြစ်သော https://www.donatebloodmyanmar.org/ တွင် စာရင်းပေးသွင်းပြီး မိမိတို့ အဆင်ပြေသော အချိန်တွင် သွားရောက်လှူဒါန်းနိုင်ပါသည်။

အမျိုးသားသွေးဌာနသည် ဆေးရုံများအတွက် သွေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးလျက်ရှိပြီး အရေးပေါ် အခြေအနေများအတွက်လည်း သွေးများပံ့ပိုးပေးလျက်ရှိပါသည်။

MPT ၏ အခြားသော စိတ်ဝင်စားဖွယ် ဝန်ဆောင်မှုနှင့် အရောင်းမြှင့်တင်ရေးဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ၁၀၆ သို့ ဖုန်းခေါ်ဆို၍၎င်း၊ www.mpt.com.mmhttps://books.mpt.com.mm/ web page များသို့ ဝင်ရောက်လေ့လာခြင်းဖြင့်၎င်း၊ MPT ၏ တရားဝင် Facebook page ဖြစ်သည့် https://www.facebook.com/mptofficialpage သို့ဝင်ရောက်လေ့လာခြင်းဖြင့်၎င်း သိရှိနိုင်မည် ဖြစ်ပါသည်။

best operator in Myanmar