ရေရှားပါးမှုဒဏ် ခံစားနေရသည့် ညောင်ဦးရှိဒေသခံ ကျေးရွာနေပြည်သူများသို့ MPT က စက်ရေတွင်း လွှဲပြောင်းပေးအပ်

Published 25 Apr 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၅ရက်) – MPT က “နှလုံးသားထဲက မြန်မာ” လူမှုအကျိုးပြုလှုပ်ရှားမှု လုပ်ငန်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ လက်ပံပင်တဲတိုက်၊ ညောင်ပင်ကန်ကျေးရွာတွင် ဒေသခံများသို့ စက်ရေတွင်းလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဧပြီလ ၂၄ ရက်နေ့က ကျင်းပခဲ့ပါသည်။ MPT ၏ “သန့်ရှင်းပြည့်ဖြိုးရေအကျိုး” အစီအစဉ်သည် နိုင်ငံတစ်ဝှမ်းရေရှားပါးမှုဒဏ်ကို တွေ့ကြုံခံစားနေရသည့် ဒေသခံများအတွက် ရေတွင်းတူးဖော်ခြင်း၊ ရေလှောင်ကန်များ
တည်ဆောက်ပေးတို့ကို ဆောင်ရွက်ပြီး ရည်ရှည်တည်တံ့သည့် သောက်သုံးရေရရှိနိုင်ရေးကို လုပ်ဆောင်နေသည့် အစီအစဉ်တစ်ခုလည်း ဖြစ်ပါသည်။

အဆိုပါအစီအစဉ်ကို ဆောင်ရွက်ခြင်းအားဖြင့် ညောင်ဦးမြို့နယ်ရှိ ဒေသခံပြည်သူများအနေဖြင့် ယခင်ကထက် ရေကို ပိုမိုတွင်ကျယ်စွာ သုံးစွဲလာနိုင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင်လည်း ပိုမိုတိုးတက်လာမည် ဖြစ်ပါသည်။ MPT အနေဖြင့် မြန်မာနိုင်ငံသားတိုင်း ကောင်းမွန်သော လူနေမှုဘဝကို ရရှိ ပိုင်ဆိုင်နိုင်စေရန် အစဉ်ရှေးရှုဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံသားတိုင်း၏ ဘဝနေထို်င်မှုအတွက် အရေးပါသည့်ကူညီထောက်ပံ့မှုများကိုလည်း အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါရေအကျိုးပြုလုပ်ငန်း
ဆောင်ရွက်ရာတွင်လည်း အစိုးရမဟုတ်သောအဖွဲ့အစည်းများ(INGO) နှင့် ကျေးလက်ဒေသတိုးတက်ဖွံ့ဖြိုးရေးဦးစီးဌာန တို့နှင့် ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိသည်။

“သန့်ရှင်းပြည့်ဖြိုးရေအကျိုးအစီအစဉ်” ၏ ပထမဆုံးအကြိမ် ရေတွင်း၊ ရေကန်များတူးဖော် လှူဒါန်းခြင်းကို ၂၀၁၇ ခုနှစ်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ငွေကျပ် သိန်းပေါင်း ၂၅၀၀ ကို အသုံးပြုကာ ရေတွင်း၊ရေကန် (၁၅) ခုကို ထောက်ပံ့လှူဒါန်းနိုင်ခဲ့ ပါသည်။ ယခုနှစ်တွင်လည်း “သန့်ရှင်းပြည့်ဖြိုး ရေအကျိုးအစီအစဉ်” တိုးချဲ့ဆောင်ရွက်ခြင်း လူမှုအကျိုးပြု အစီအစဉ်အတွက် MPT က မြန်မာကျပ်ငွေသိန်း(၂,၀၀၀) ကို အသုံးပြုရန်ဆုံးဖြတ်ခဲ့ပြီး ရေရှားပါးသည့် ဒေသများ၏ ရေအခက်အခဲများကို ကူညီဖြေရှင်းဆောင်ရွက်နေပြီဖြစ်ပါသည်။ MPT အနေဖြင့် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများအပြင် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လက်တွေဲ ဆာင်ရွက်နေပြီး Network Activities Group (NAG) ၊ Bridge Asia Japan (BAJ) တို့နှင့်အတူ လှူဒါန်းမှုများကို အကောင်းဆုံး ဖြစ်လာစေရန် အသေအချာဆောင်ရွက်နေခြင်း ဖြစ်ပါသည်။

MPT သည် ယခုစီမံကိန်းများ အခြေပြုလုပ်ဆောင်လျက်ရှိသည့် ရပ်ရွာများအတွက် သိသာသည့် အပြောင်းအလဲများကို ဖြစ်ပွားစေရန် ရည်ရွယ်ထားပြီး ရေရှည်တည်တံ့ပြီး ဒေသခံများကိုယ်တိုင်ပံ့ပိုး ထိန်းသိမ်းနိုင်သည့် အနေအထားအထိ လုပ်ဆောင်နိုင်ရန် အာရုံစိုက်ဆောင်ရွက်လျက် ရှိပါသည်။ ရာသီဥတုအပြောင်းအလဲကြောင့် ပမာဏမပြောင်းလဲနိုင်သည့် မြေအောက်ရေ အရင်းအမြစ်များကို ရယူနိုင်ရန်အတွက် အဆိုပါ ရေတွင်းများမှာနက်ရှိုင်းစွာ တူးဖော်ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။ ယခုအစီအစဉ်၏
တစ်စိတ်တစ်ပိုင်းအနေဖြင့် MPT နှင့် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော အစိုးရမဟုတ်သည့် အဖွဲ့အစည်းများအနေဖြင့် ကျေးရွာတစ်ခုစီအလိုက် တူးဖော်ပေးခဲ့သည့် စက်ရေတွင်းများ ရေရှည်တည်မြဲရေးအတွက် ရပ်ရွာအဖွဲ့အစည်းများနှင့် ပူးတွဲလုပ်ဆောင်သွားမည် ဖြစ်ပါသည်။ ထို့အပြင်စက်ရေတွင်း တည်တံ့စေရေးနှင့် ရေရှည်ပြုပြင် ထိန်းသိမ်းပေးနိုင်ရန်အတွက် ကော်မတီတစ်ခုကို ဖွဲ့စည်းဆောင်ရွက်ထားကာ ယခုလိုဆောင်ရွက်ပေးခြင်းဖြင့် အထူးသဖြင့် ဒေသခံအဖွဲ့များအနေဖြင့် ယခုလို အများပိုင်စက်ရေတွင်းကို
ကောင်းစွာ ထိန်းသိမ်းနိုင် မည်လည်းဖြစ်သည်။

အဆိုပါအစီအစဉ်နှင့်ပတ်သက်ပြီး MPT-KSGM Joint Operations ၏ Chief Operating Officer ဖြစ်သော Mr. Yoshiaki Benino က “ရေဆိုတာ အသက်ပါပဲ။ ဒီလိုအသက်တမျှ အရေးကြီးလှတဲ့ ရေအရင်းအမြစ်ကို ဒေသခံတွေက လိုအပ် နေကြပါတယ်။ ဒါကြောင့် MPT ကနေပြီး နိုင်ငံအနံ့အှ ပြားက ရေလိုအပ်နေတဲ့ နေရာများတွေကို ကူညီ ထောက်ပံ့ဖို့အတွက် “သန့်ရှင်းပြည့်ဖြိုး ရေအကျိုး အစီအစဉ်” ကိုဆောင်ရွက်ခဲ့ပါတယ်။ ပြည်တွင်းက ဆက်သွယ်ရေးအော်ပရေတာ ဖြစ်တာနဲ့အညီ ကျွန်တော်တို့ရဲ့ နှလုံသားဟာလည်း ပြည်သူလူထုနဲ့ထပ်တူ ရှိနေပြီး ဒေသခံ တာဝန်ရှိ သူတွေ၊ NGO အဖွ့အဲ စည်းတွေနဲ့ ပူးပေါင်းပြီး ရေလိုအပ်နေတဲ့ နေရာတွေမှာ သန့်ရှင်းတဲ့ သောက်သုံးရေရဖို့ ဆောင်ရွက်ခြင်းနဲ့အတူ မြန်မာနိုင်ငံကို ရှေ့ကိုလှမ်းချီနိုင်ဖို့ ကြိုးပမ်းဖော်ဆောင်သွားမှာဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။

MPT အနေဖြင့် အထက်ပါ စီမံကိန်းကို ယခုနှစ်တွင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း(အနောက်ပိုင်း)၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ MPT သည် အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် အနီးကပ်ဆောင်ရွက်လျက်ပြီး သက်ဆိုင်ရာဒေသအလိုက် လိုအပ်ချက်နှင့် အသုံးပြုမည့်အခြေအနေပေါ်မူတည်၍ ယင်းသို့သော မိတ်ဖက်အဖ့အွဲ စည်းများအပြင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနင့်အတူ
ပူးပေါင်းကာ ရေအရေးတကြီး လိုအပ်နေသည့် နေရာများသို့ ဦးစားပေး ဆောင်ရွက်နေခြင်းလည်းဖြစ်ပါသည်။ MPT သည် အခြေခံ ရေအရင်းအမြစ်ရရှိရေး ဆောင်ရွက်ရာတွင် အကောင်းဆုံးအကျိုးကျေးဇူးများ ရရှိစေရန်နှင့် ရေရှည် ဆက်လက်ထိန်းသိမ်းထားရန်အတွက် မဟာဗျူဟာစီမံကိန်းများ၊ ရေတွင်းနှင့် ဆက်စပ်ပစ္စည်းများ စသည်တို့ကို ၎င်း၏မိတ်ဖက်အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့်အတူပူးပေါင်း လုပ်ဆောင်လျက်ရှိပါသည်။ MPT ၏ “သန့်ရှင်းပြည့်ဖြိုး ရေအကျိုး အစီအစဉ်” သည် ရေရှည်တည်တံ့ ခိုင်မြဲစေမည့်အသွင်ကို စဉ်းစားပြီး သေချာစွာ ရေးဆွဲထားသော နည်းဗျူဟာများပါ၀င်ခြင်း၊ အနာဂတ်တွင် ရေကို လုံလောက်စွာရရှိစေရန် စီမံချက် ချမှတ်ထားခြင်း၊ ရေရှည်အသုံးပြုနိုင်ရန် မည်ကဲသို့ထိန်းသိမ်းစောင့်ရှောက်ရမည် စသည့် အချက်အလက်များကိုပါ ပါဝင်အောင် ဆောင်ရွက်ထားခြင်းတို့မှာ MPT နှင့် အခြားရေရရှိမှု အစီအစဉ်များ အကြား ကွာခြားချက်များဖြစ်ပါသည်။

လက်ပံပင်တဲတိုက်၊ ညောင်ပင်ကန်ကျေးရွာမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လင်းက “ အဓိက က လက်ပံပင်တဲတိုက်ကျေးရွာမှာရှိတဲ့ လူဦးရေ ၃၀၀ နီးပါးအတွက် ဒီရေဟာ မရှိမဖြစ်အရေးတကြီး လိုအပ်ပါတယ်။ MPT ဌာနကအခုလို ရေလာရောက်တူးဖော်တဲ့အတွက် အတိုင်းမသိ ဝမ်းသာရပါတယ်။ ရွှေကိုမလို ရေကိုပဲလိုတဲ့ အရပ်က ကျွန်တော်တို့ဒီဒေသပါပဲ။ အရင်ကမြစ်ရေကိုပဲ ဂါလံ ၅၀ ရဖို့ တစ်နေ့ကို ၂ နာရီ ၃နာရီ အနည်းဆုံး အချိန်ယူ သွားခပ်ရပါတယ်။ မြစ်ရေဖြစ်တဲ့အတွက် သုံးရေပဲ ရတယ်။ သောက်ရေအတွက်က သပ်သပ်ဝယ်ရပါတယ်။ သောက်ရေအတွက်က စျေးကြီးတော့ တစ်ချို့ဆို မဝယ်နိုင်ကြပါဘူး။ အခုတွင်းရေက ချိုးရေအပြင် သောက်ရေအတွက်ရော ရတဲ့အတွက် အရမ်းကိုကျေးဇူးတင်ပါတယ်။ MPT နဲ့ MPT ဝန်ထမ်းတွေကို အထူးပဲကျေးဇူးတင်ပါတယ်။ အခုလိုကူညီပေးတဲ့အတွက် ကျွန်တော်တို့ ဒေသခံတွေ ငွေရော၊ အချိန်ကုန်ရော သက်သာသွားပါပြီ။ သီးသန့်ဝယ်စရာမလိုတော့ဘူး။ အခုရေတွင်းရပြီဆိုတော့ ဒီအနီးနားကို ပြန်လာနေကြတော့မယ်။” ဟုပြောကြားသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT အနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများကိုဆောင်ရွက်ပေးနေသည်သာမက ကျန်းမာရေး၊ ပညာရေး၊ စွန့်ဦးတီထွင်နှင့် လုပ်ငန်းငယ်ကဏ္ဍဖြွ့ံဖိုးရေး အစရှိသည်တို့အပြင် သဘာဝဘေးအန္တရာယ်အစရှိသည့် ကဏ္ဍများအထိ ကျယ်ပြန့်သော လူမှုအကျိုးပြုအစီအစဉ်များကို ပြုလုပ်လျက်ရှိပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံအနှံအပြားတွင် ပူပြင်းခြောက်သွေ့သောရာသီများ၌ ရေရရှိရန် အခက်အခဲဖြစ်နေသည်ကို သိရှိခဲ့
ရပြီး ရေအရင်းအမြစ် ရရှိနို်င်သော်လည်း လုံလောက်သည့် သိုလှောင်ကန်နည်းစနစ် သို့မဟုတ် မြေအောက်သိုလှောင်ကန်စနစ်အား တူးဖော်တည်ဆောက်ရန် ကျွမ်းကျင်မှုမရှိခြင်း၊ တည်ဆောက်ရန် ခက်ခဲခြင်း အပြင် စျေးနှုန်းကြီးမြင့်ခြင်းနှင့် ကြုံတွေ့နေသည်ကိုလည်း သိရှိရပါသည်။ ထို့ကြောင့် MPT သည် ပူပြင်းခြောက်သွေ့သော ကာလများအတွက်ပါ စိတ်ချ ယုံကြည်ရသော ရေအရင်းမြစ် တူးဖော်ပေးခြင်းနှင့် ရေရှည်တည်တံ့သော ရေအရင်းမြစ်ရရှိမှု ဖြစ်စေရေးအတွက် မိမိတို့၏ နှလုံးသားထဲမှခံယူချက်ဖြင့်
ဆောင်ရွက် ပေးနိုင်ရန် စိတ်အားထက်သန်လျက်ရှိပါသည်။

best operator in Myanmar