
မိုဘိုင်းသုံးစွဲသူများအတွက် ကြေညာချက်
Published 24 Mar 2021
လတ်တလောဖြစ်ပေါ်နေသော မိုဘိုင်းအင်တာနက် ပြတ်တောက်မှုအခြေအနေကြောင့် သုံးစွဲသူများအား MPT မှ ပြန်လည်ဖြည့်ဆည်းပေးသည့်အနေဖြင့် မိုဘိုင်းအင်တာနက်ပြန်လည်ရရှိချိန်တွင် အသုံးပြုရန်ကျန်ရှိနေသောဒေတာလက်ကျန်များကို ဆက်လက်အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ အခြေအနေများကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ပြီး သုံးစွဲသူများသို့အကောင်းဆုံးဝန်ဆောင်မှုပေးအပ်သွားနိုင်ရန် MPT မှ လုပ်ဆောင်ပေးသွားမည်ဖြစ်ပါသည်။
MPT ကို ရွေးချယ်မှု အတွက်ကျေးဇူးတင်ပါသည်။