B2b sim mpt

မိမိတို့ ချစ်ခင်ရသူများနှင့် အချင်းချင်း ဒေတာမျှဝေခံစားနိုင်ရန် အထူးပေါင်းစပ်ထားသော “ကြင်ကြင်နာနာ” ပက်ကေ့ချ်များကို MPT က မိတ်ဆက်

Published 29 Dec 2021

(ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်)- MPT သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ မိသားစုများ၊ မိတ်ဆွေများနှင့် ချစ်ခင်ရသူများနှင့်အတူ ဒေတာ ခံစားခွင့်များကို မျှဝေနိုင်မည့် “ကြင်ကြင်နာနာ” ပက်ကေ့ချ်များကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်မှစ၍ မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း MPT က ယနေ့ထုတ်ပြန် ကြေညာလိုက်သည်။

ဒေတာမျှဝေခံစားနိုင်မည့် “ကြင်ကြင်နာနာ” ပက်ကေ့ချ်များသည် MPT သုံးစွဲသူများသာလျှင် အကျိုးခံစားခွင့် ရရှိနိုင်မည့် ပက်ကေ့ချ်ဖြစ်ပြီး ပက်ကေ့ချ်ဝယ်ယူသူမှ အဖွဲ့ဝင်များအဖြစ် သတ်မှတ်ပေးခြင်းဖြင့် ၎င်းတို့၏ မိသားစု၊ သူငယ်ချင်းများနှင့် ချစ်ခင်ရသူများကို ဒေတာမျှဝေပေးခြင်း၊ လက်ဆောင်များပေးအပ်ခြင်းစသည်တို့ကို လုပ်ဆောင်နိုင်သည့် အထူးပေါင်းစပ်ထားသော ပက်ကေ့ချ်အသစ်များ ဖြစ်ပါသည်။

“ကြင်ကြင်နာနာ” ပက်ကေ့ချ် အမျိုးအစား ၃ မျိုးရှိပြီး သုံးစွဲသူများမှ ဒေတာအသုံးပြုမှုအပေါ်အခြေခံ၍ 1GB, 2GB, 4GB ပါဝင်သော ပက်ကေ့ချ်များကို နှစ်သက်ရာ ရွေးချယ်နိုင်ကာ ဈေးနှုန်းများအနေဖြင့် ၂,၉၉၈ ကျပ်၊ ၅,၄၉၈ ကျပ် နှင့် ၉,၉၉၈ ကျပ် ကျသင့်မည်ဖြစ်ပါသည်။

ပက်ကေ့ချ်အားဝယ်ယူသူ (သို့မဟုတ်) လက်ဆောင်အဖြစ် လက်ခံရရှိသူသည် ပိုင်ရှင်ဖြစ်ပြီး ရရှိသည့်ဒေတာအား မည်သည့်ဒေတာအသုံးပြုမှုအတွက်မဆို အသုံးပြုနိုင်ခြင်း၊ MPT အချင်းချင်း ဖုန်းခေါ်ဆိုမှု ၊ MPT အချင်းချင်း စာတို (SMS) ပေးပို့မှု  နှင့် MPT Club ပွိုင့်များ ရရှိခြင်း စသည့် အကျိုးခံစားခွင့်များကို ရရှိမည်ဖြစ်သည်။ “ကြင်ကြင်နာနာ” ပက်ကေ့ချ်အား လက်ဆောင်အဖြစ်ရရှိပြီး ပိုင်ရှင်ဖြစ်လာသူသည်  မိမိမျှဝေသုံးစွဲလိုသူများကို အဖွဲ့ဝင်များအဖြစ် မိမိကိုယ်တိုင် ထည့်သွင်းရမည် ဖြစ်သည်။ သုံးစွဲသူများသည် အဆိုပါပက်ကေ့ခ်ျများကို MPT4U အက်ပလီကေးရှင်း တွင်သာ ဝယ်ယူနိုင်ပြီး အကျိုးခံစားခွင့်များ အားလုံးကို ရက် (၃၀)  အတွင်း အသုံးပြုနိုင်ပါသည်။

“ကြင်ကြင်နာနာ” ပက်ကေ့ချ်အတွက် စိတ်ဝင်စားဖွယ်ဆောင်ရွက်ချက်မှာ အဆိုပါ ဝန်ဆောင်မှုကို ရယူသုံးစွဲသူ (ပိုင်ရှင်)များသည် ပက်ကေ့ချ် အမျိုးအစားအလိုက် အများဆုံး အဖွဲ့ဝင် ၅ ယောက်အထိ ထည့်သွင်းနိုင်ပြီး အဖွဲ့ဝင်အဖြစ် ထည့်သွင်းပြီးပါက အဖွဲ့ဝင်(၁)ဉီးလျှင် ဒေတာ 500MB စီ အလိုအလျောက် မျှဝေပေးသွားမည် ဖြစ်သည်။ ၎င်းအပြင် “ကြင်ကြင်နာနာ” ပက်ကေ့ချ် ပိုင်ရှင်သည် ရရှိသည့်ဒေတာအား မိမိကိုယ်တိုင် သုံးစွဲနိုင်သည့်အပြင်  အဖွဲ့ဝင်များထံ တစ်ကြိမ်လျှင် ကြင်ကြင်နာနာ ဒေတာ 500 MB အထိ အခမဲ့မျှဝေ ပေးပို့နိုင်ပြီး  တစ်ရက်လျှင် ၅ ကြိမ် နှင့် တစ်လလျှင် အကြိမ် ၅၀ အထိ ပေးပို့နိုင်ပါသည်။ “ကြင်ကြင်နာနာ” ပက်ကေ့ချ်များ၏ အသေးစိတ်အချက်အလက်များကို အောက်ပါအတိုင်း သိရှိ ရယူနိုင်ပါသည်။

ဝန်ဆောင်မှု
အမည်
စျေးနှုန်း(ကျပ်)
(အခွန်ပါဝင်ပြီး)
သက်တမ်းကြင်ကြင်နာနာ
ပက်ကေ့ချ် အား သုံးစွဲ နိုင်သော ဦးရေ
စုစုပေါင်း ဒေတာ
(GB)
အဖွဲ့ဝင်
ရရှိနိုင်သော ဒေတာ
(MB)
ပိုင်ရှင်ရရှိနိုင်သော အသံ မိနစ်နှင့် စာတို ပမာဏပိုင်ရှင်ရရှိနိုင်သော MPT Club ပွိုင့် ပမာဏ
ကြင်ကြင်နာနာ
2,998 Pack
၂,၉၉၈ ကျပ်
ရက် ၃၀

(ပိုင်ရှင် ၁ ယောက်+
အဖွဲ့ဝင် ၁ ယောက်)

အဖွဲ့ဝင်
တစ်ယောက်လျှင်
500 MB
MPT အချင်းချင်း မိနစ် ၁၆၀ နှင့် စာတို (SMS) ၁၆၀ စောင်၄၀၀ ပွိုင့်
ကြင်ကြင်နာနာ
5,498 Pack
၅,၄၉၈ ကျပ်
(ပိုင်ရှင် ၁ ယောက်+
အဖွဲ့ဝင် ၃ ယောက်)
MPT အချင်းချင်း မိနစ် ၂၅၀ နှင့် စာတို (SMS) ၂၅၀ စောင်၆၀၀ ပွိုင့်
ကြင်ကြင်နာနာ
9,998 Pack
၉,၉၉၈ ကျပ်
(ပိုင်ရှင် ၁ ယောက်+
အဖွဲ့ဝင် ၅ ယောက်)
MPT အချင်းချင်း မိနစ် ၃၅၀ နှင့် စာတို (SMS) ၃၅၀ စောင်၁,၀၀၀ ပွိုင့်

(ဥပမာ– “ကြင်ကြင်နာနာ9,998 Pack ဝယ်ယူထားသော သုံးစွဲသူသည် ၎င်းရရှိသည့် ဒေတာခံစားခွင့် 4GB မှ အဖွဲ့ဝင် ၅ ယောက်အတွက် ဒေတာ 500MB စီ မျှဝေပေးနိုင်ပြီး MPT အချင်းချင်း အသုံးပြုမှုအတွက် မိနစ် ၃၅၀ နှင့် စာတို (SMS) ၃၅၀ စောင် နှင့် MPT Club ပွိုင့် ၁,၀၀၀ ပွိုင့်ကို ခံစားနိုင်မည် ဖြစ်သည်။)

ကြင်ကြင်နာနာ 5,498 Pack ဝယ်ယူခြင်းနှင့်အသုံးပြုနိုင်မှုပုံစံ

“ကြင်ကြင်နာနာ” ပက်ကေချ့် ပိုင်ရှင်များသည် ဆုလက်ဆောင်များ ရရှိခံစားနိုင်ရန် MPT 4U အက်ပလီကေးရှင်း တွင် “ထိပေါက်” ၁ ကြိမ် ကစားခွင့် ရမည် ဖြစ်သည်။

ဆွေသဟာ/ ရှယ်ပြော/ ရွှေစကား ဝန်ဆောင်မှု အစီအစဉ် ရယူသုံးစွဲထားသော MPT GSM/ WCDMA ကြိုတင် ငွေဖြည့်စနစ် သုံးစွဲသူများအားလုံးသည် “ကြင်ကြင်နာနာ” ပက်ကေ့ချ်များကို ရယူနိုင်မည် ဖြစ်သည်။ တူညီသော “ကြင်ကြင်နာနာ” ပက်ကေ့ချ်များကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ ရယူနိုင်သော်လည်း မတူညီသော “ကြင်ကြင်နာနာ” ပက်ကေ့ချ်များကို ထပ်မံ ဝယ်ယူနိုင်မည် မဟုတ်ပါ။ (ဥပမာ- ကြင်ကြင်နာနာ 2,998 Pack ဝယ်ယူထားသော သုံးစွဲသူများသည် နောက်တစ်ကြိမ် ထပ်မံဝယ်ယူမှုတွင် ကြင်ကြင်နာနာ 2,998 Pack ကိုသာ အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်မည် ဖြစ်သည်။)

“ကြင်ကြင်နာနာ” ပက်ကေ့ချ်များကို ဝယ်ယူနိုင်ရန် MPT သုံးစွဲသူများသည် အောက်ပါ အဆင့်များအတိုင်း ဆောင်ရွက်ရမည် ဖြစ်သည်။

(၁) MPT4U အက်ပလီကေးရှင်းအတွင်းမှ “ကြင်ကြင်နာနာ ပက်ကေ့ချ်”သို့ ဝင်ပါ။

(၂) ဝယ်ယူလိုသည့် ပက်ကေ့ချ်ကိုရွေးချယ်ကာ “လုပ်ဆောင်မည်” ကိုနှိပ်ပါ။ (အခြားသူများကို လက်ဆောင်ပေးလို ပါက ပက်ကေ့ချ်ရွေးချယ်ပြီးနောက် “Gift” ကို နှိပ်ရမည် ဖြစ်သည်။)

(၃) အသေးစိတ်အချက်အလက်များကို ဖတ်ရှုပြီးနောက် “လုပ်ဆောင်မည်” ကိုနှိပ်ပါ။

(၄) “အဖွဲ့ဝင်ပေါင်းမည်”ကို နှိပ်ပြီးနောက် မိမိ၏ အဖွဲ့ဝင်များကို ထည့်သွင်းနိုင်ပါသည်။   (နောက်တစ်ကြိမ်ထပ်မံဝယ်ယူပါက အဖွဲ့ဝင်များကို ပြောင်းလဲသတ်မှတ်နိုင်ပါသည်။)

(၅) “အတည်ပြုမည်” ကို နှိပ်ပါ။

(၆) ပက်ကေ့ချ်ဝယ်ယူမှုအောင်မြင်ကြောင်း အသိပေးချက်နှင့် အတူ အသေးစိတ်အချက်အလက်များကို စာတို (SMS) လက်ခံရရှိပါမည်။



ကြင်ကြင်နာနာ ပက်ကေ့ချ်များကို ရယူနိုင်ရန် သုံးစွဲသူများသည် MPT4U အက်ပလီကေးရှင်းကို iOS အသုံးပြုသူ များအတွက် 1.4.9 version ၊ Android အသုံးပြုသူများအတွက် 4.4.0 version အဖြစ်သို့  အဆင့်မြှင့်တင်ရန် လိုအပ်ပါသည်။ http://bit.ly/DataFreeApp သို့မဟုတ် https://lotaya.mpt.com.mm/event/191 တွင် ဒေါင်းလုတ်ရယူနိုင်မည် (သို့မဟုတ်) USSD ကုဒ် *4040# သို့ ခေါ်ဆို၍ ရရှိလာသည့်လင့်ခ်မှတစ်ဆင့် ဒေတာခကျသင့်ခြင်းမရှိဘဲ ဒေါင်းလုတ်ပြုလုပ်နိုင်မည် ဖြစ်သည်။

စစ်မှန်သည့် ပြည်တွင်းမှဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် မြန်မာပြည်သူ ပြည်သားများအတွက် ခက်ခဲသော ကာလများအတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ဆန်းသစ်တီထွင်မှုနှင့်အတူ စဉ်ဆက်မပြတ် ပေးစွမ်းနိုင်ရန်နှင့် ဝန်ဆောင်မှုသုံးစွဲသူများ၏ ဒီဂျစ်တယ်လူမှုဘဝများ ပိုမိုတိုးတက်လာစေရန်အတွက် မိမိတို့၏ သန္နိဌာန်ဖြစ်သော “အတူလက်တွဲ အမြဲရှိမည် MPT” ဟူသည့် ဆောင်ပုဒ်ဖြင့် အမြဲတစေကြိုးပမ်း ဆောင်ရွက်လျက် ရှိပါသည်။

MPT ၏ ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက Hotline နံပါတ် 106 သို့ခေါ်ဆို၍ လည်းကောင်း သို့မဟုတ် MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင်လည်းကောင်း ဝင်ရောက် ကြည့်ရှု လေ့လာနိုင်ပါသည်။ ထို့အပြင် MPT4U အက်ပလီကေးရှင်း နှင့် တရားဝင်ဝက်ဘ်ဆိုက်စာမျက်နှာတို့တွင် MPT၏ တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Live Chatbot ဝန်ဆောင်မှုကိုအသုံးပြုပြီးလည်း စုံစမ်းမေးမြန်းမှုများ ပြုလုပ်နိုင်ပြီး 106 Call Center သို့လည်း ခေါ်ဆို ဆက်သွယ်နိုင်ပါသည်။

best operator in Myanmar