
ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များအား ပြောင်းလဲပါမည်
(ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ ပြည်နယ်များရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး လက်ရှိအသုံးပြုနေသော အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်း (၇) လုံးပါရှိသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်များဖြင့် အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။
နယ်မြေ | အိတ်ချိန်း | Migration စတင်ပြုလုပ်မည့် ရက်စွဲ | လက်ရှိအသုံးပြု နေသော ဖုန်းနံပါတ် | အသစ်ပြောင်းလဲ မည့်ဖုန်းနံပါတ် |
---|---|---|---|---|
ရခိုင်ပြည်နယ် | မောင်တောအိတ်ချိန်း | ၁၇-၁၂-၂၀၂၁ | ၀၄၃-၅၅xxx | ၀၄၃-၂၀၅၅xxx |
ရှမ်းပြည်နယ် (မြောက်ပိုင်း) | တာမိုးညဲ အိတ်ချိန်း | ၁၇-၁၂-၂၀၂၁ | ၀၈၂-၆၅xxx | ၀၈၂-၂၉၆၅xxx |
နမ္မတူ အိတ်ချိန်း | ၁၉-၁၂-၂၀၂၁ | ၀၈၂-၈၇xxx | ၀၈၂-၂၉၈၇xxx | |
နမ့်လန် အိတ်ချိန်း | ၂၃-၁၂-၂၀၂၁ | ၀၈၂-၈၄xxx | ၀၈၂-၂၉၈၄xxx |
အောက်ပါဇယားတွင် ဖော်ပြထားသော ပြည်နယ်ရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး ကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) အား မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှုပေးနိုင်သည့် ဖန်ကြိုးမျှင် (Fiber Cable) စနစ်သုံး တယ်လီဖုန်းများဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက် မှစတင်၍ အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။
နယ်မြေ | အိတ်ချိန်း | လက်ရှိအသုံးပြု နေသော ဖုန်းနံပါတ် | အသစ်ပြောင်းလဲ မည့်ဖုန်းနံပါတ် |
---|---|---|---|
*ရှမ်းပြည်နယ် (မြောက်ပိုင်း) | *မူဆယ် အိတ်ချိန်း | ၀၈၂-၅၀xxx | ၀၈၂-၂၉၅၀xxx |
၀၈၂-၅၁xxx | ၀၈၂-၂၉၅၁xxx | ||
၀၈၂-၅၂xxx | ၀၈၂-၂၉၅၂xxx | ||
*မူဆယ် ၁၀၅ မိုင် အိတ်ချိန်း | ၀၈၂-၅၅xxx | ၀၈၂-၂၉၅၅xxx | |
*နမ့်ခမ်း အိတ်ချိန်း | ၀၈၂-၆၁xxx | ၀၈၂-၂၉၆၁xxx |
* ယခင်ထုတ်ပြန်ထားပြီးဖြစ်ကာ လုပ်ငန်းဆောင်ရွက်သည့်ရက် ပြင်ဆင်ထားသည့်နေရာများ
နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ (၃) လအထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။