
ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များအား ပြောင်းလဲပါမည်
(ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး ကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) အား မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှု ပေးနိုင်သည့် ကြိုးမဲ့စနစ်သုံး (Wireless) တယ်လီဖုန်းများဖြင့် အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။
နယ်မြေ | အိတ်ချိန်း | Migration စတင်ပြုလုပ်မည့် ရက်စွဲ | လက်ရှိအသုံးပြုနေသော ဖုန်းနံပါတ် | အသစ်ပြောင်းလဲမည့် ဖုန်းနံပါတ် |
---|---|---|---|---|
တနင်္သာရီတိုင်းဒေသကြီး | ကျွန်းစု အိတ်ချိန်း | ၂၆-၁၁-၂၀၂၁ | ၀၅၉-၆၂xxx | ၀၅၉-၄၇၆၂xxx |
မကွေးတိုင်းဒေသကြီး | ငဖဲ အိတ်ချိန်း | ၁၅-၁၂-၂၀၂၁ | ၀၆၅-၂၅၀xxx | ၀၆၅- ၄၇၅၀xxx |
မွန်ပြည်နယ် | လမိုင်း အိတ်ချိန်း | ၀၅၇-၅၄xxx | ၀၅၇-၄၆၅၄xxx | |
မုပ္ပလင် အိတ်ချိန်း | ၀၅၇-၆၃xxx | ၀၅၇-၄၆၆၃xx | ||
ရှမ်းပြည်နယ် (မြောက်ပိုင်း) | မဘိမ်း အိတ်ချိန်း | ၀၈၂-၄၈xxx | ၀၈၂-၄၆၄၈xxx | |
အုမ္မသီး အိတ်ချိန်း | ၀၈၂-၇၅xxx | ၀၈၂-၄၆၇၅xxx | ||
ရှမ်းပြည်နယ် (တောင်ပိုင်း) | ကာလိ အိတ်ချိန်း | ၀၈၁-၈၅xxx | ၀၈၁-၄၇၈၅xxx | |
ရွာငံ အိတ်ချိန်း | ၀၈၁-၆၈xxx | ၀၈၁-၄၇၆၈xxx |
နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲ တပ်ဆင်သည့်နေ့မှစ၍ (၃) လအထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။